ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ပဲကြားဈေးအနည်းငယ်တက်ပြီး  ပဲနီလေးဈေးငြိမ်နေ

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊  တတိယအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၁၀၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် ပဲကြား()ပြည်လျှင်(၅၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည် လျှင်(၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        အောက်တိုဘာလ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၉၈၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၁၁၅၀၀ဝိ/-)၊  ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၉၈၀၀ဝိ/-)ကျပ်၊ ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500ccတစ်ဗူးလျှင်(၂၂၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင် (၇၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ်ထိသေ/စားသေ(အဆိပ်ငွေ့) 100ccတစ်ဗူးလျှင်(၃၀၀၀ဝိ/-)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးကွက်

                  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြပြီး ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ရွေဖရုံသီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်အများဆုံးစိုက်ပျိုးကြပါသည်။ ပူနွေးသောရာသီဥ တုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အနည်းငယ်အေးသော ရာသီတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ ဒေသထွက်ဖရုံသီးများကို ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရ သည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းများ  ပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။ အစေ့ကို ဖရုံစေ့ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်သော အသီးဖြစ်သည်။ မြိတ်ဒေသတွင် ဖရုံစေ့ တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ် လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

‌စျေးကွက်ထိုးပေါက်လာနိုင်မည့် နာနတ်သီးနှင့် ဒေသတွင်းစျေးကွက်

         တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် စီးပွားဖြစ် ကွမ်းသီး၊ ရာဘာများစိုက်ပျိုး၍ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိပြီး ဒေသထွက်နာနတ်သီးများသည်လည်း ပြည်တွင်းသာမ က ပြည်ပသို့ပါတင်ပို့နိုင်ကြောင်းသိရှိရပါသည်။ မြိတ်ခရိုင်တွင် နာနတ်သီးကို တနင်္သာရီမြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး မြို့ပေါ်များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်စိုက်ပျိုးကြသူ များလည်းရှိပါသည်။ မြိတ်ဒေသထွက်နာနတ်သီးများကို ပြည်တွင်းတွင် အဓိကသုံးစွဲကြကြောင်း သိရှိရသည်။ စျေးနှင့်အခြားဒေသများသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်းစီးပွားဖြစ် တိုးချဲ့ထုတ် လုပ်နိုင်သော အသီးတစ်မျိုးဖြစ်သည်။ နာနတ်သီးအမျိုးအစားများအနက် Smooth Cayenne မျိုး ကိုအများ ဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံနှင့် မြိတ်ခရိုင်တို့တွင်လည်း ၎င်းမျိုးကိုစိုက်ပျိုးကြသည်။

          မြန်မာ့နာနတ်သီးသည် အခြားနိုင်ငံ၏ နာနတ်သီးများနှင့် မတူညီဘဲ အနံမွေးသည့်အပြင် အသီး၏ အရသာမှာလည်း ချိုချဉ်အရသာ နှင့် အရည်ရွှမ်းသောကြောင့် ပြည်တွင်း၌ သာမက ပြည်ပရှိ စားသုံးသူများစွာကို အလွယ်တကူ ဆွဲဆောင်နိုင်သော အသီးတစ်မျိုးဖြစ်သည်။ အချိုနိုင်ငံများတွင် Smooth Cayenne နာနတ်သီးကို အသင့်စားနာနတ်စည်အဖြစ် အဆင့်မြှင့်ထုတ်ပိုးပြီး ပြန်လည် ရောင်းချလျက်ရှိသည်။ မြိတ်ဒေသထွက် နာနတ်သီး တစ်လုံးလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ခန့် ထိရှိပြီး ဒေသတွင်းဝင်ရောက်လာသော နာနတ်သီးစည်တစ်လုံးလျှင် ၆၅၀၀၀ကျပ်ခန့်စျေးရှိကြောင်း သိရှိရပါသည်။

      နာနတ်သီးသည် ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်သီးနှံတစ်ခု ဖြစ်လာနိုင် ခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအတွက် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ပြီး အဆင့်မြှင့်ထုတ်ကုန်များဖြင့်ပြည်ပစျေးကွက်သို့တင်ပို့ရောင်းချနိုင်သောထုတ်ကုန်ဖြစ်လာနိုင်မည်ဖြစ်သည်။

DOCA(တနင်္သာရီ)

မိတ္ထီလာဈေးကွက်တွင် မိုးကြက်သွန်နီအသစ်များဈေးပို

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ၌ မိုးကြက်သွန်နီအသစ်မှာ ဟောင်းထက်ဈေးပို ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီစိုက်ပျိုးမှုရှိသော မလှိုင်မြို့နယ်မှ အသစ်ထွက်ရှိလာသော ကြက်သွန်နီမှာ အဟောင်းထက်ရောင်းပန်းပိုလှပြီး ယခင်နှစ်လက်ကျန် အဟောင်းများမှာ အညှောင့်ပေါက်သည့်အတွက် နယ်ဝေးဝယ်လက်များသို့ အသစ်ကိုပိုမိုတင် ပို့ရရောင်းကြောင်းသိရသည်။ ကြက်သွန်နီဈေးမှာတစ်ပိဿာလျှင် အဟောင်းမှာ(၈၀၀-၉၀၀)ကျပ်၊ အသစ်မှာ(၁၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူတင်ပို့နေကြောင်းကုန်သည်များထံ မှသိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်ဝယ်လက်များမှ အဝယ်အေးပြီး ပြည်တွင်းဈေးကွက် များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ်မြို့များသို့ အခြားကုန်များနှင့်ရော၍ တင်ပို့ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရသည်

DOCA(မန္တလေး)  

မိတ္ထီလာဈေးကွက်ရှိ အရောင်းသွက်သောဆန်ဈေးနှုန်းများ

    မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သိရသည်။ ဒေသတွင်းအရောင်းသွက်သောဆန်အမျိုးအစားများ မနောသုခ၊ ရက်(၉၀)မျိုးများ မှာကျေးလက်နေတောင်သူဝယ်လက်များကြောင့် အရောင်းသွက်ကြောင်း သိရသည်။ ဒေသတွင်းစိုက်ပျိုးထွက်ရှိသော သီးနှံကိုရောင်းချရသောငွေဖြင့် တစ်နှစ်စာ စားသုံးရန်ဆန်ဝယ်ယူလေ့ရှိသည့် တောင်သူများ၏ရှေးရိုးဓလေ့အရ ယခုနှစ်ငရုတ်စိုက် တောင်သူများ ကလည်း မနောသုခနှင့်ရက်(၉၀)ဆန်အသစ်တို့ကို (၅/၁၀) အိတ်ဝယ်ယူစုဆောင်းကြောင်း ဆန်ပွဲရုံများမှ သိရသည်။ တောင်သူများအဝယ်သွက်သည့် ဆန်အမျိုးအစား များမှာ မနောသုခ(သစ်)တစ်အိတ်လျှင်(၅၅၀၀၀-၆၀၀၀၀)ကျပ်၊ ရက်(၉၀) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဝန်းကျင်ဖြင့်ရောင်းချရကြောင်း ဒေသတွင်း သီးနှံပေါ်ချိန်တွင် အရောင်းသွက်ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)    

ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးကျပြီး အရောင်းအဝယ်ဖြစ်

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် စားတော်ပဲ()ပြည်လျှင် (၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

       ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် စားတော်ပဲလုံးရေစိမ်()ပြည်လျှင် (၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော အသား/ငါးဈေးနှုန်းများ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချနေသော အသား/ငါးဈေးနှုန်းများမှာ ငါးကြင်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၃၆၀၀၀)ကျပ်၊ မဲသားတစ်ပိဿာ(၃၆၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၄၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင်  ကုလားပဲဆံနှင့် ပဲတီဆံဈေးငြိမ်ပြီး မြေပဲဆံဈေးနည်းငယ်မြင့်တက်

          ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် မြေပဲဆံ()ပြည်လျှင် (၅၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

               မုံရွာမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ  ကြက်ဥတစ်လုံး(၄၅၀)ကျပ်၊ ဘဲဥတစ်လုံး (၇၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်း(၂၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၅၀၀)ကျပ်၊ ပဲသီး(ပဲတောင့်ရှည်) တစ်စည်းလျှင် (၈၀၀)ကျပ်၊  အာပြဲခြောက်(သေး)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ အာပြဲခြောက်(လတ်)တစ်ပိဿာလျှင်(၄၂၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်နီ(သစ်)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ဂျင်းတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ အားလူး တစ်ပိဿာ(၆၀၀၀)ကျပ် သကြား တစ်ပိဿာလျှင် (၅၅၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စည်ဒိုင်များမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း