ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ အစေ့လွတ်ပန်းမာလကာသီးဈေးနှုန်း

        နေရာအနှံ့အပြားမှ တင်သွင်းလာပြီး ကုန်စိမ်း၊ ကုန်ခြောက်များကို မြိတ်မြို့ပေါ်ရှိ ဈေးပေါ် တွင်အများအပြားရောင်းချလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများ၊ အသားငါးများ၊ ဘုရားပန်းများ စည်ကားစွာရောင်းချနေသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ ရောင်းချရာတွင် ရှမ်းပြည် နယ်မှ တင်သွင်းလာသော အစေ့လွတ် ပန်းမာလကာသီး သည်လည်း အရောင်းသွက်လျက်ရှိပါသည်။ အနံ့မွှေး၍ အရသာကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ အစေ့လွတ်သောကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် ကြပြီးအချဉ်ပေါင်း၊ အသုပ်များ၊ ဖျော်ရည်များတွင် ထည့်သွင်းအသုံးပြု ရောင်းချကြပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပန်းမာလကာသီး ၁ kg လျှင် (၆၅၀၀) ကျပ်ဖြင့် ရောင်းချ၍ တစ်လုံးလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပ်သည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ အောင်မင်္ဂလာဈေးပေါ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသော စားဖို ဆောင်သီးနှံများနှင့် ဒေသတွင်းထွက်ရှိသောစိုက်ပျိုးသီးနှံများကို ရောင်းချလျက်ရှိပါသည်။ ကျန်းမာ ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အကျိုးဖြစ်ထွန်းစေသောကြောင့် စားဖိုဆောင်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလာကြပါသည်။ ရေလုပ်ငန်းများ သာမက ဥယျာဉ်ခြံလုပ်ငန်းများလည်း လုပ်ကိုင်ကြသော ဒေသတစ်ခုပင် ဖြစ်ပါသည်။

      ကုန်စုံများရောင်းချလျက်ရှိသော မြိတ်မြို့ပေါ်ရှိ အောင်မင်္ဂလာဈေးပေါ်တွင် နိုဝင်ဘာလ ပထမပတ်တွင် ကန်စွန်းရွက်(၁)စည်း(၇၀၀)ကျပ်၊ ပဲတောင့်ရှည်(၁)စည်း(၆၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၀)သား (၆၀၀)ကျပ်၊ အာလူး(၁၀)သား(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း(၅၀၀)ကျပ်၊ ကင်းပွန်း ချဉ်ရွက်(၁)စည်း(၅၀၀)ကျပ်၊ မန်ကျည်းရွက်(၁)စည်း(၅၀၀)ကျပ်၊ ခရမ်းသီး(၁၀)သား (၈၀၀) ကျပ်တို့ ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင်ရောင်းချနေသော ပန်းကော်ဖီစျေးနှုန်းစျေးကွက်

        မြိတ်မြို့တွင် ဒေသထွက်ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးကြသလို မြိတ်ဒေသတွင်းစားသုံးရန် အခြားနေရာ(ရန်ကုန်မြို့)များမှ ဟင်းသီးဟင်းရွက်အသီးအနှံများ မှာယူလျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များထဲမှ ပန်းကော်ဖီသည် ဟင်းလျာများတွင် အတော်အသုံးများတဲ့ ဟင်းသီးဟင်းရွက်အမျိုး အစားတစ်ခုဖြစ်ပြီး မြိတ်မြို့စျေးကြီးများတွင်ဝယ်ယူရရှိနိုင်သည်။  ပန်းကော်ဖီတွင်ပါဝင်သောဗီတာ မင်ဓါတ်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ် ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက် ကင်းစေနိုင်ပါသည်။ ပန်းကော်ဖီကို အမျိုးမျိုးသောနည်းလမ်းများဖြင့် ချက်ပြုတ်ကြလေ့ရှိပြီးပန်း ကော်ဖီကြော်၊ ဟင်းချိုများအဖြစ် အဓိကပြုလုပ်စားသုံးကြသည်။

      မြိတ်မြို့ နိုဝင်ဘာလတွင် ရောင်းချလျက်ရှိသော ပန်းကော်ဖီစျေးနှုန်းမှာ တစ်ပွင့်လျှင် ၅၀၀၀ကျပ်ခန့်ရှိပြီး တစ်ခြမ်းလျှင် ၃၀၀၀ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

‌ကွမ်းသီးစျေးနှုန်းစျေးကွက်

     မြိတ်ခရိုင်မှ ထွက်ရှိသောရေထွက်ကုန်များနှင့် ရာဘာ၊ ကွမ်းသီး၊ သီဟိုဠ်များကို တင်ပို့လျက်ရှိပြီး ‌ဒေသထွက်ကုန်များထဲမှ အရေးပါသောပို့ကုန်ဖြစ်သော ကွမ်းသီးကို ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီးကို မြိတ်မြို့နယ်အတွင်း  ကျေးရွာများနှင့် မြို့နယ်များတွင် စိုက်ပျိုးကြပြီး မြိတ်မြို့ရှိ ကုန်သည်များတွင် ရောင်းချကြသည်။ ကွမ်းသီးကို ကွမ်းယာများတွင် အဓိကအသုံးများကြသလို ကွမ်းသီးနုကို ကွမ်းသီးပေါင်းအဖြစ် သုံးစွဲကြသည်။

   မြိတ်မြို့တွင် နိုဝင်ဘာလ၌ ကွမ်းသီးအလုံးစျေးနှုန်းများ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်နှင့် ကွမ်းသီးအခြမ်းစျေးနှုန်းမှာ ၁၄၀၀၀ကျပ်ရှိပြီး ကွမ်းသီးအလုံးမှည့် တစ်လုံးလျှင် ၆၀ကျပ် စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးအနည်းငယ်ကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာစသည့် ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ သရက်၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခင်လများတွင် ခရမ်းချဉ်သီးမှာ ဒေသတွင်းထွက်ရှိမှု နည်းပါးသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူ ရောင်းချရပြီး ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ် သီးအသစ်များ ဈေးအတွင်းသို့ ဝင်ရောက်မှုများလာသည့်အတွက် ဈေးနှုန်းမှာအနည်းငယ်ကျဆင်းလာ ရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်မြို့၏ နေ့စဉ်ဝင်ရောက်လျက်ရှိသော ပြောင်းဖူးဈေးကွက်

   ပြည်မြို့၏ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်တွင် ပြောင်းဖူးဈေးကွက်သည်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ပြောင်းဖူးစိမ်းများအား ဈေးများသို့ ပြည်အနီးအနားဒေသများ ဖြစ်သော ဆင်မြီးဆွဲ၊ မှော်ဇာကျေးရွာများမှ ဝင်ရောက်ကြကြောင်းသိရှိရပါသည်။ ပြောင်းဖူးပြုတ်နှင့် ပြောင်းဖူးစိမ်းများအား စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသလို လမ်းဘေးတွင် ပြောင်းဖူးဖုတ်ရောင်းချသူများလည်းရှိကြပါသည်။ မိုးကုန်ရာသီကာလဖြစ်သော ကြောင့် ပြောင်းဖူးများဈေးကွက်အတွင်း ပေါများထွက်ပေါ်ခြင်းမှာ ခုတ်တက်စနစ်စိုက်ပျိုးသော ကြောင့် ပြောင်းဖူးများ တစ်ခင်းပြီးတစ်ခင်း ထွက်ရှိသောကြောင့် ဈေးကွက်တွင် ပြောင်းဖူးသီးနှံကို ရာသီအချိန်ကာလမရွေး စားသုံးနေကြရပါသည်။ပြောင်းဖူးဈေးကွက်အနေဖြင့် တစ်ဖူးလျှင် (၅၀၀/ ၇၀၀)ကျပ်ဖြင့် ရောင်းချပြီး အရွယ်အစားအလိုက် ဈေးကွာခြားမှုများရှိကြောင်းလည်း တွေ့ရှိရ ပါသည်။

 DOCA(ပဲခူး)

ပြည်ဒေသထွက်ကတွတ်သီးဈေးကွက်

  ပြည်မြို့၊ ဒေသထွက်ကတွတ်သီးများ အထွက်နည်းနေ၍ ဈေးကွက်အတွင်း ယိုထိုးရောင်း ချသူများ ထွက်သမျှကိုစုဆောင်း၍ ဈေးကွက်တွင်ရောင်းချရန်အတွက် အဝယ်စချိန်ဖြစ်ပါသည်။ ယခင်က ကတွတ်သီးအထွက်ပေါ်ချိန်တွင် အလုံး (၁၀၀)ကို (၈၀၀) ခန့်ရောင်းချကြပြီး ယခုကတွတ်သီးများ ရောင်းချရာတွင် အလုံး (၁၀၀)ကို (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရ ပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်ကထိန်ရာသီအတွက် ကြက်သွန်နီ အရောင်းသွက်

  ပြည်ကြက်သွန်နီဈေးကွက်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလသည် ကထိန်ရာသီ ဖြစ်သည့်အတွက် ကြက်သွန်နီအရောင်းအဝယ်သွက်လျက်ရှိပါသည်။ပြည်ပွဲရုံများသို့ အောင်လံ မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ကြက်သွန်နီများ တစ်ရက်လျှင် ပိသာချိန် တစ်သောင်းခွဲခန့် အဝင်ရှိနေကြောင်းသိရပြီး အောင်လံဘက်မှ ကြက်သွန်နီမှ ဈေးချိုသဖြင့် ပိုမိုအရောင်းသွက်လျက်ရှိသည်။ ပြည်ဈေးကွက်မှ တစ်ဆင့် ပန်းတောင်းနှင့် ဥသျှစ်ပင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်နှင့် ပေါက်ခေါင်းနယ်ဘက်တို့မှ ဝယ်ယူမှုများရှိနေပြီး ဒေသတွင်း ပုံမှန်ဝယ်လက်များ၊ အိတ်ဆွဲဝဘ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ရောက်မှု ၏ သုံးပုံနှစ်ပုံအရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းမှာ အောင်လံနယ်ဘက်မှ ကြက်သွန်နီ မှာ အရည်အသွေးပိုင်း အနည်းငယ်အားနည်းသဖြင့် တစ်ပိဿာလျှင် ပွဲရုံလက်ကားဈေးမှာ ကျပ် ၁၀၀၀ - ၁၂၀၀ နှုန်းခန့်ရှိပြီး ကျန်အမျိုးအစားကြက်သွန်နီမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/ လတ်/ သေးကျပ် ၁၆၀၀/၁၅၀၀-၁၄၀၀/၁၃၀၀ နှုန်းတို့နှင့် လက်လီဈေးအသေးများတွင် ကျပ် ၂၀၀၀-၁၉၀၀-၁၈၀၀-၁၇၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်တွင် အခြေခံစားကုန်ဈေးနှုန်းများ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊မြို့မဈေးကြီးအတွင်း ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးတွေ့ရှိမှု့အရ ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ဆားတစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၂၈၅ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          သားငါးဈေးများမှာ CP ကြက်တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်၊ဝက်သားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊အမဲသားတစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၃၅၀ ကျပ်မှ၄၀၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၅၀ ကျပ်တို့ဖြစ်ပြီး CP ကြက်သားဈေးနှင့် အားလူးဈေးမှာ အနည်းငယ်မြင့်တက် နေပြီး ကြက်သွန်နီဈေးမှာ အနည်းငယ်ကျဆင်းလျက် အရောင်အဝယ်ပုံမှန်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အသင့်သောက် ကော်ဖီမစ်ဈေးနှုန်းဈေးကွက်

          ခေတ်ကာလတွေတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူအများစုရဲ့နေထိုင် စားသောက်မှုပုံစံ များဟာလည်းပြောင်းလဲလျက်ရှိပါသည်။ ထိုပြောင်းလဲမှုများစွာထဲမှ ဧည့်ခံရာမှာလည်း အဆင်ပြေ ငွေကုန်ကြေးကျ အချိန်ကုန်လည်းသက်သာလွယ်ကူစွာအသုံးပြုနိုင်သော အသင့်သောက်ကော်ဖီမစ် ထုပ်များသည်လည်း ဈေးကွက်မှာ နေရာတစ်ခုပင်ရရှိလို့နေပါသည်။ ဆိုင်ထိုင်လို့ လက်ဖက်ရည်သောက် မည်ဆိုက လက်ဖက်ရည် ၁ ခွက် ၈၀၀ - ၂၀၀၀ ကျပ်ရှိပြီး equal သကြားဖြင့်ဆို ၂၂၀၀-၂၅၀၀ ကျပ်ရှိ ကြသည့်အတွက် အခြေခံလူတန်းစားအများစုအတွက်ဆိုလျှင် အသင့်သောက်ကော်ဖီမစ်ထုပ်များသည်များစွာအဆင်ပြေသည်ဟုလက်ဖက်ရည်ကြိုက်နှစ်သက်သူပန်းရံလုပ်သားတစ်ဦးကဆိုပါတယ် ယနေ့ ရောင်းဝယ်နေကြသော ကော်ဖီမစ်ဈေးနှုန်းများအနေဖြင့် Premier Coffe အထုပ် ၃၀ တစ်ပါကင် ၁၅၁၀၀ ကျပ် ၊ Premier Coffe Espresso ၁၅၀၀၀ ကျပ်၊ Sunday Coffe တစ်ပါကင် ၁၅၁၀၀ ကျပ် ၊ Sunday Tea / ဆိုင်ဖျော် တစ်ပါကင် ၁၃၅၀၀ ကျပ် ၊ Grand Palace တစ်ပါကင် ၁၁၀၀၀ ကျပ်၊ Happy မလှိုင်ချိုစိမ့်ရသာ တစ်ပါကင် ၁၃၃၀၀ ကျပ် နှင့် Super Coffe ၄၈ ထုပ်ပါတစ်ပါကင် ၂၂၀၀၀ ကျပ်ဈေးရှိပြီး လက်လီအရောင်းဆိုင်များအနေဖြင့် တစ်ထုပ်လျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အတွင်း ရောင်းချလျက်ရှိကြောင်းသိရသည်။ ဈေးကွက်မှာတော့ Premier နဲ့ Sunday သည် ရောင်းချရာတွင် တွင်ကျယ်မှုရှိကြောင်းသိရသည်။

DOCA (မန္တလေး)

 

                                                                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း