ဟင်္သာတကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲယင်း(အနီ)၊ ပဲကြီး၊ အစေ့ထုတ်ပြောင်းနှင့် ပဲအမျိုးမျိုးတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် မတ်ပဲ Raw တစ်တင်း လျှင် ၉၇၅၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်လကာလတူဈေးနှုန်း ၈၈၀၀၀/- ကျပ်ဖြင့် နှိုင်းယှဉ်ပါက ၉၅၀၀/- ကျပ် မြင့်တက်လျက်ရှိပြီး နေ့စဉ် မတ်ပဲအိတ် ၃၀၀၀ မှ ၄၀၀၀ ကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၂၀.၂.၂၀၂၆)ရက်နေ့တွင် ပဲယင်း အနီ တစ်တင်းလျှင် ၇၂၀၀၀/-ကျပ် ဈေးရရှိပြီး၊ ပဲလွန်းနီ တစ်တင်းလျှင် ၈၆၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင်လကာလတူဈေးနှုန်း ၇၉၀၀၀/- ကျပ်ဖြင့် နှိုင်းယှဉ်ပါက ၇၀၀၀/- ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

         ဖေဖော်ဝါရီလ တတိယပတ်တွင် ဟင်္သာတကုန်စည်ဒိုင်တွင် ပဲလွန်းဖြူ တစ်တင်းလျှင် ၇၈၀၀၀/-ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၁၄၅၀၀၀/-ကျပ်၊ ဘိုကိတ်ပဲတစ်တင်းလျှင် ၆၈၀၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းဈေးသည် ၂၉၀၀၀/-ကျပ်သာ ဈေးရရှိခဲ့ပြီး၊ ယခင်လ ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းသိသိသာသာ ပြောင်းလဲခြင်းမရှိဘဲ ပစ္စည်းလက်ကျန်နည်းလာသည့်အတွက် အစေ့ထုတ်ပြောင်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)