
မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းကို မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့နယ်များ မှရာသီချိန်တွင်အဝင်များပြီး လက်ရှိကာလတွင် အနည်းငယ်သာ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။
ယခုမတ်လတတိယပတ်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင်အိတ်(၃၀-၄၀)ခန့်သာ အရောင်း အဝယ်လျက်ရှိကြောင်း၊ နှမ်းညိုတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၃၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်း လျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်လက်ကျန်နည်းလာခြင်း၊ တိရိစ္ဆာန် အစာဈေးမြင့်၍ ကုန်ကြမ်း ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဈေးကွက်အနေ ဖြင့်ဒေသတွင်း ဆီကြိတ် စက်များမှ အများဆုံးဝယ်ယူကြကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
