ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ပန်းမျိုးစုံ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသနှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း ပန်းအမျိုးမျိုး‌ရောင်းချသူထံမှ သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ပန်းမျိုးစုံဈေးနှုန်း မှာ သစ္စာပန်းတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ဂန္ဓမာပန်းတစ်စည်းလျှင် (၃၅၀၀)ကျပ်၊ နှင်းဆီအနီ ၁၀ပွင့်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်နှင့် မေမြို့ပန်းတစ်စည်းလျှင် ( ၁၃၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းအမျိုးမျိုးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော ထန်းမြစ် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ရာသီ‌ပေါ်ထန်းမြစ်များ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။အညာဒေသထွက် ရာသီစာထန်းမြစ်များကို ဆောင်းဦးကာလ အတွင်းသာရရှိနိုင်သည့် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်း လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ထန်းမြစ် ဈေးနှုန်းမှာထန်းမြစ် (၂၅)ချောင်း (၁)စီးလျှင် (၂၅၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ ‌ရောင်းချလျက်ရှိကြောင်း ထန်းမြစ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ  တစ်ပိဿာလျှင် (၈၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင်  (၉၂၀၀၀)ကျပ်၊ နှမ်းနက်(သစ်)တစ်တင်းလျှင် (၂၃၅၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၄၀) ကျပ် တို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ဒီဇင်ဘာလ တတိယပတ်၌ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လျက်ရှိ

                မုံရွာမြို့နယ်ရှိ တောင်သူများသည် ခရမ်းချဉ်ကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပြီး နတ်တော်လတွင် မုံရွာစျေးကွက်သို့ ခရမ်းချဉ်သီး ဝင်ရောက်မှု အပေါ်မူ အနည်းငယ်လျော့ကျခြင်း၊ ယခုနှစ်တွင် တောင်သူများသည် မိုးများ၍ စိုက်ခင်းများ ပိုးကျခြင်းကြောင့်  အထွက်နှုန်းနည်းရခြင်းဖြစ်ပြီး  စျေးနှုန်းအနည်းငယ်မြင့် တက် လျက်ရှိကြောင်း သိရှိရပါသည်။

      မုံရွာမြို့ရှိ နန္ဒာဝန်ဈေး၊ ဈေးဟောင်း၊ သံလမ်းဈေး၊ မြသလ္လာဈေး၊ ကန်သာယာဈေး၊ သာစည်ဈေးများတွင် ခရမ်းချဉ် တောင်ကြီးသီး အင်းသီး၊ တိုင်ထောင်သီးနှင့် ဗမာ (ကျားခြေယာ)သီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ဒီဇင်ဘာလ တတိပတ် အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ လက်လီစျေး အင်းသီး တစ်ပိဿာလျှင်    ၁၀၀၀၀ ကျပ်၊ တိုင်ထောင်သီး လက်က္ကားတစ်ပိဿာလျှင်  ၆၅၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်၊ ဗမာသီး (ကျားခြေယာ) လက်က္ကား တစ်ပိဿာလျှင်   ၈၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်၍ အရောင်းသွက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌  ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၂၃၀-၁၂၄၀)ကျပ်ဖြင့် ဈေးကျဆင်းနေသော်လည်း ပြည်ပသို့ အခွန်လွတ်တင်ပို့မှုကာလနီးကပ်လာမှုကြောင့် ဝယ်လက်များသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုများလာပါသည်။

    ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၂၅၀၀ကျပ်၊ ထူး ၂-၃၅၀၀ကျပ်၊ ထူး ၃-၅၀၀၀ ကျပ်၊ ထူး ၄-၆၀၀၀ကျပ်၊ ထူး ၅-၇၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ် ဖြင့် ဈေးငြိမ်နေပြီး ဈေးကွက်ဝယ်လိုအား လျော့ကျသဖြင့် စီးဆင်းမှုမှာ လျော့နည်းနေပါသည်။

   အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2/S3 (၆၀၀၀-၆၅၀၀)ကျပ်၊ မျက်နီ S1/S2 (၅၅၀၀-၆၀၀၀)ကျပ်၊ OK-၅၀၀၀ကျပ်၊ A1-၃၅၀၀ကျပ်၊ ဆွဲသီး-၃၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဖြင့်  ရန်ကုန်၊ မန္တလေး နှင့် ကျောက်ပန်းတောင်းဒေသများမှ ဝယ်လိုအားကောင်းနေသော်လည်း အရည်အသွေးလျော့ကျမှုကြောင့် ဈေးကျဆင်းသွား၍ စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါ သည်။

        ချင်းသီးနှံမှာ ဥသစ်အခက်တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ် ဖြင့် ဈေးကျဆင်းနေပြီး ပြည်တွင်းဈေးကွက်သုံးသာရှိသဖြင့် စီးဆင်းမှုမှာ နည်းနေပါသည်။

        ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၂၀၀၀-၂၅၀၀)ကျပ်၊ ပန်းမုံလာ (၂၅၀၀-၃၀၀၀)ကျပ်၊ ရွှေပဲ (၁၀၀၀၀-၁၃၀၀၀)ကျပ်၊ မုန်ညှင်း (၅၅၀၀-၆၀၀၀)ကျပ်၊ ဖရုံသီး (၁၅၀၀-၂၀၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၄၅၀၀-၅၅၀၀)ကျပ်၊ ငရုတ်ပွ (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀)ကျပ်၊ ဘိုစား (၈၀၀၀-၉၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ရွှေပဲ၊ မုန်ညှင်း၊ မုန်လာဥနီ နှင့် ဘိုစား သီးနှံများမှာ ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသွားပြီး ပန်းမုံလာ၊ ခရမ်းချဉ်သီးနှံနှင့်ငရုတ်ပွသီးနှံတို့မှာဈေးကွက်အဝင်နည်းသဖြင့်ဈေးတက်လာပါသည်။ ကျန်ကုန်စိမ်း သီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဒေသစုံမှ သီးနှံထွက်ရှိမှုရှိသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်အောက် လျော့နည်းနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင် ဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီး များစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝ) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံးလျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ဈေးတက်သော်လည်း အရောင်းသွက်နေသော ဝက်သား

                   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်  အသီးအနှံများအပြင် အသားငါးများ ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော ဝက်သားဈေးနှုန်းမှာ ဝက်သားသုံးထပ်သား ၂၅ကျပ်သား (၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၄၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလှူပွဲများ၊ ကထိန်များ၊ ရှိသည့်အတွက် ရောင်းအားကောင်းနေကြောင်း  ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချ သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

          ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် ၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၅၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ဖီထုပ် ဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ဖီထုပ် များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ်ကောင်း နေကြောင်း သိရှိရပါသည်။ ခါကြက်ဥ နှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိ ကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများတွင်တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင်စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။သခွားမွေးသီးများရောင်းချဝယ်ယူရာတွင်အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာ ဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီး အလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း