
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့် အရောင်း ဆိုင်များတွင် ဓာတ်မြေဩဇာများရောင်းချမှုအနေဖြင့် ၂၀၂၆ ခုနှစ် မေလ တတိယအပတ် (ယခင် အပတ်)နှင့် စတုတ္ထအပတ်(ယခုအပတ်)တို့တွင် အမျိုးအစားအလိုက်(၅၀ကီလို) တစ်အိတ်လျှင် ဈေးနှုန်းမှာ၂၀၈၀၀၀ကျပ်ခန့်မှ ၂၆၀၀၀၀ကျပ် အထိရှိပြီး အမျိုးအစားအပေါ်မူတည်၍ ရောင်းချလျက် ရှိကြောင်း၊ ယခုကာလသည် စိုက်ပျိုးရေးရာသီချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာများ အရောင်း အဝယ်သွက်လျက်ရှိပြီး ဓာတ်မြေဩဇာအမျိုးအစားအလိုက် ယခုအပတ်တွင် အချို့ဓာတ်မြေဩဇာ များမှာဈေးနှုန်းတည်ငြိမ်လျက်ရှိပြီးအချို့မှာဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း အောက်ဖော် ပြပါဇယားအတိုင်း စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့် အရောင်းဆိုင်များထံမှ သိရှိရပါသည်-
|
စဥ် |
ဓာတ်မြေဩဇာ အမျိုးအမည် |
ယခုအပတ် (ဈေးနှုန်း)ကျပ် |
ယခင်အပတ် (ဈေးနှုန်း)ကျပ် |
နှိုင်းယှဥ်ချက် (+/-)ကျပ် |
|
၁ |
ယူရီးယား(အာမို) (၅၀ကီလို) |
၂၄၀၀၀၀ |
၂၃၀၀၀၀ |
၁၀၀၀၀ |
|
၂ |
တီစူပါ(သံကွင်း) (၅၀ကီလို) |
၂၁၅၀၀၀ |
၂၁၅၀၀၀ |
- |
|
၃ |
ပုလဲရွှေတောင် (၅၀ကီလို) |
၂၃၀၀၀၀ |
၂၁၅၀၀၀ |
၁၅၀၀၀ |
|
၄ |
ပိုတက်(မာကိုတာ) (၅၀ကီလို) |
၂၀၈၀၀၀ |
၂၀၈၀၀၀ |
- |
|
၅ |
ကွန်ပေါင်း(10-10-5) (၅၀ကီလို) |
၂၂၀၀၀၀ |
၂၂၀၀၀၀ |
- |
|
၆ |
ကွန်ပေါင်း(15-15-15) (၅၀ကီလို) |
၂၅၀၀၀၀ |
၂၄၀၀၀၀ |
၁၀၀၀၀ |
|
၇ |
အာမို(16-16-16) (၅၀ကီလို) |
၂၆၀၀၀၀ |
၂၅၅၀၀၀ |
၅၀၀၀ |
အလားတူ ပိုးသတ်ဆေးများရောင်းချမှုအနေဖြင့် ၂၀၂၆ ခုနှစ် မေလ တတိယအပတ် (ယခင်အပတ်)နှင့် စတုတ္ထအပတ်(ယခုအပတ်)တို့တွင် အမျိုးအစားအလိုက် အသုံးပြုရန် လိုအပ်ချက် အပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း ၊ ယခုကာလသည် စိုက်ပျိုးရေးရာသီချိန်ဖြစ်သောကြောင့် ပိုးသတ်ဆေးများ အရောင်းအဝယ်သွက်လျက်ရှိပြီး ပိုးသတ်ဆေးအမျိုးအစားအလိုက် အများစုမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ပိုးသတ်ဆေးအနည်းစုသာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း
အောက်ဖော်ပြပါ ဇယားအတိုင်း စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့် အရောင်းဆိုင်များ ထံမှ သိရှိရပါသည်-
|
စဥ် |
ပိုးသတ်ဆေး အမျိုးအမည် |
ယခုအပတ် (ဈေးနှုန်း)ကျပ် |
ယခင်အပတ် (ဈေးနှုန်း)ကျပ် |
နှိုင်းယှဥ်ချက် (+/-)ကျပ် |
|
၁ |
ဆိုင်ရာမို(500CC) (၁ပုလင်း) |
၂၀၀၀၀ |
၂၀၀၀၀ |
- |
|
၂ |
ROCKET(10CC) (၁ပုလင်း) |
၄၀၀၀ |
၄၀၀၀ |
- |
|
၃ |
ROCKET(100CC) (၁ပုလင်း) |
၁၈၀၀၀ |
၁၈၀၀၀ |
- |
|
၄ |
အီဗာလန်ဒါ(100G) (၁ထုပ်) |
၂၃၅၀၀ |
၂၃၀၀၀ |
၅၀၀ |
DOCA(ကချင်)
