ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆောင်းငရုတ်များ”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းငရုတ်သီးနှံကိုလည်း မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်း၊ ထနောင်း ကုန်း၊ သိုတန်ရွာများတွင် အများဆုံးစတင်စိုက်ပျိုးလျက်ရှိပါသည်။ ဆောင်းငရုတ်ကို အောက်တိုဘာ နှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့်မတ်လများတွင် စတင်ထွက်ရှိမှာ ဖြစ်ကြောင်း ၊ မျိုးအနေဖြင့် ၆၉၂ ၊ သာမို၊ဒီမွန်မျိုးများကို အများဆုံး စိုက်ပျိုးရကြောင်း၊ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများမှ တစ်နှစ်ပတ်လုံး စိုက်ပျိုးလာကြပါသည်။ငရုတ်စိုက် ပျိုးရာတွင် ပျိုးထောင်း၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဆောင်းငရုတ် စိုက်ပျိုးမှု (၁) ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ မြေဆီမြေဩဇာ ကျွေးသည့်အပေါ်မူတည်၍ အပင်သက်တမ်းကြာနိုင်ပြီး အသီးအပွင့်များ ဝေစာကာအထွက်နှုန်း ပိုကောင်းကြောင်း၊ ယခင်နှစ်ဆောင်းငရုတ်အထွက်တင်း အနေဖြင့်(အစို) တင်း(၂၀၀)ကျော် ထွက်ရှိပြီး တစ်ဧက အခြောက်တင်း (၈၀)ခန့် ထွက်ရှိကြောင်း၊ ပိဿာအနေဖြင့် အစိုပိဿာ (၁၀၀၀)ထွက်ရှိပြီး အခြာက်ပိဿာ(၃၀၀-၄၀၀)ထွက်ရှိကြောင်း၊ ယခင်နှစ် ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်အညှာခြွေ တစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ငရုတ်သီးမှုန့်တစ်ပိဿာလျင်(၁၈၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ယခင်နှစ် ဆောင်းငရုတ် တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး(၁၈၀၀၀၀၀)ကျပ် ခန့်မြတ်ကြောင်း ၊ ယခုလက်ရှိ ငရုတ်သီး ပေါက်ဈေးအနေဖြင့် အညှာခြွေ တစ်ပိဿာလျှင် (၁၃၀၀၀/-)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အမှုန့်တစ်ပိဿာလျှင် (၂၀၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ဆောင်းငရုတ် ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ 

DOCA(မန္တလေး)

“ပဲကြီးသီးနှံများအသီးအပွင့်ဝေဝေဆာဆာဖြင့်အောင်မြင်လျက်ရှိ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သောကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစု အပိုဝင်‌ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲကြီး သီးနှံကို လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာရာမှ ယခုအခါတွင် တွက်ခြေကိုက် သီးနှံဖြစ်သောကြောင့် လယ်မြေ၊ယာမြေများတွင် စီးပွားဖြစ်အများအပြားစိုက်ပျိုးလာကြပါသည်။ ပဲကြီးသီးနှံကို အောက်တိုဘာလတွင် စတင် စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ထွန်မွှေ ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ ရိတ်သိမ်း ၊ ချွေလှေ့ ၊ အလုပ်သမားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့်ပဲ ကြီးအခြောက်(၁၀-၁၂)တင်းခန့် ထွက်ရှိ ခဲ့ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ပဲကြီးအခြောက် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် ၊ ပဲကြီးအစို (၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီးပဲကြီးအခြောက် များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ခဲ့ကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ပဲကြီးပင်များ အသီးအပွင့် ဝေဝေဆာဆာဖြင့် ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေပြီး မကြာမီအချိန်တွင် စတင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း ၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၃)လ မှ (၆)လ ကြာမြင့်ပါကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင်ပဲကြီးအစိုများစတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်လျက်ရှိကြောင်း ၊ ပဲကြီးများ ထွက်ပေါ်ချိန်တွင်  အထွက်နှုန်းနှင့် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်တွင်မိုးစပါးများဖြိုင်ဖြိုင်ရိတ်သိမ်း”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို ကျောက်ဆည်ခရိုင်အတွင်းတွင် ဇွန်လမှစတင်၍ စိုက်ပျိုးလျက်ရှိရာ မိုးစပါးစိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်ခရိုင်အတွင်း (၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် မိုးစပါများဖြိုင်ဖြိုင် ရိတ်သိမ်းနေပြီဖြစ်ပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း စျေးကောင်းရရှိသော ဧရာပဒေသာ စပါး နှင့် မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုး ကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲ စိုက်ပျိုးမှုများကို စိုက်ပျိုးကြ ကြောင်း ၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် (မိုးစပါး)များ ဖြိုင်ဖြိုင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့်(၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊ (၁)ဧကအကျိုးမြတ် အနေဖြင့်(၇၆၀၀၀၀/-)ကျပ် ရရှိကြောင်း စပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ယခုလက်ရှိ စပါးစျေးနှုန်းအနေဖြင့် မနောသုခစပါး(မိုး) တင်း(၁၀၀)လျှင် (၁၄၀၀၀၀၀-၁၅၀၀၀၀၀)ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၂၁၀၀၀၀၀-၂၂၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ထားဝယ်ဒေသထွက် မုန်ညင်းစိမ်း စျေးနှုန်း/စျေးကွက် အခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် တစ်နိုင်တစ်ပိုင် ရာသီပေါ် သီးနှံပင်များ စိုက် ပျိုးသောခြံများ၊ ထားဝယ်မြို့ပေါ်နှင့် မြို့အနီးရှိ ရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောခြံများတွင် ယခု ဆောင်းကာလ၏ ရာသီပေါ် သီးနှံပင်တစ်မျိုးဖြစ်သော မုန်ညင်းစိမ်းများအား စိုက်ပျိုးလျက်ရှိပါ သည်။

          ရောင်းတန်းဝင် မုန်ညင်းစိမ်းများအား  ခြံပိုင်ရှင်များမှ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးကာ  အိမ်စားသုံးခြင်း၊ ဒေသတွင်း ဝယ်လက်များအား ဖောက်သယ်ပေးခြင်း၊ ကျေးရွာစျေးများတွင် ပြန်လည်ရောင်းချခြင်း၊ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးများ၊ ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် ရောင်းချလျက်ရှိကြပြီး စျေးနှုန်းအနေဖြင့် မုန်ညင်းစိမ်းတစ်စည်းလျှင် ၈၀၀ မှ ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ‌စျေးများတွင် ‌ကုန်စိမ်းရောင်းချသည့် စျေးသည်များနှင့် ဝယ်ယူစားသုံးသူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ဒေသအခေါ် ဂွေးငပိ(ခေါ်)မျှင်ငပိ

                    တနင်္သာရီတိုင်းဒေသကြီးမှဒေသခံများသည် ပင်လယ်ပြင်သို့ ရှေးယခင်အခါများမှပင် လှေငယ် များဖြင့်ထွက်ကာ ပင်လယ်ပြင်မှ ငါး၊ ပုစွန်များကို ဖမ်းယူကာ မြို့ကြီးများပေါ်တွင် ပြန်လည်ရောင်း ချခြင်းများ၊ နေလှန်းကာ ငါးခြောက်၊ ပုစွန်ခြောက်များပြုလုပ်ခြင်း၊ မျှင်ကောင် (ဒေသအခေါ်) ဂွေး ကောင်လေးများအား ဖမ်းယူကာ မျှင်ငပိ(ခေါ်)ဂွေးငပိ ပြုလုပ်ကာ မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

                    တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ငပိ(ခေါ်)ဘိတ်ငပိမှာ ငပိအရသာကောင်းသဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် မသိသူမရှိလောက်အောင် နာမည်ကျော်ကြားလျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသ ကြီးတွင် ငပိအား မြိတ်မြို့နှင့် ပင်လယ်ကျေးရွာများတွင် အဓိကထားလုပ်ကိုင်ကြပြီး ထားဝယ်မြို့နှင့် ကျေးရွာများတွင်လည်း လုပ်ကိုင်ကြပါသည်။ ငပိများအားဝယ်ယူ၍ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်များဖြင့်ရောစပ်ကာ စုံထောင်းအတွင်းထောင်းပြီး ငပိထောင်းအဖြစ် ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများလည်း ရရှိလျက်ရှိပါသည်။

          ထားဝယ်မြို့ပေါ်ရှိ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်လျက်ရှိသော မျှင်ငပိ(ခေါ်)ဂွေးငပိစျေးနှုန်းမှာ တစ်ပိဿာလျှင် ရိုးရိုးတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ရှယ်တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ‌‌‌ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဒေသထွက် ရေထွက်ကုန်လက်ဆောင်ပစ္စည်းရောင်းချသည့် ဆိုင် များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂ ခုနှစ်၊ ဒီဇင်ဘာ၁၇ ရက်နေ့၊ ၈း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၈)ပေပါကို ယာဥ်မောင်း ဦးစည်သူအောင် ယာဉ်အမှတ် 1M-3466/ ISUZUမော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ (၂၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

              ၂၀၂ ခုနှစ်၊ ဒီဇင်ဘာ၁၄ ရက်နေ့၊ (၁၀း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈)ပေပါကို ယာဥ်မောင်းဦးဇေယျာလင်း ယာဉ်အမှတ် 7K-6531/ Hino မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီ (၇၈) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မတ်ပဲ မျိုး‌ရောင်းချမှုနှင့် မတ်ပဲ စိုက်ပျိုးထွက်ရှိမှု ဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲ ၈၉၅၀၀ ကျော် စိုက်ဧက နှစ်စဉ်စိုက်ပျိုးကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးကြပြီး ပဲမျိုးစုံကို ဆောင်းရာသီတွင်သာ စိုက်ပျိုးကြသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်နှင့် ဆီထွက်သီးနှံများကို အဓိကထား၍ နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် မတ်ပဲမျိုးများကို တောင်သူများမှဝယ်ယူ၍ စတင်စိုက်ပျိုးနေပြီးဖြစ်ကြောင်းကို ဦးထွန်းဝေပဲပွဲရုံမှ သိရသည်။

          ပန်းတနော်မြို့နယ်တွင် မတ်ပဲမျိုးများကို ရန်ကုန်မှ မှာယူ၍ တောင်သူများထံ ပြန်လည်ရောင်းချပေးနေပြီး မတ်ပဲမျိုး ၁တင်းလျှင် ၉၀၀၀၀-၁၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအထိ တောင်သူများ ဝယ်ယူစိုက်ပျိုး နေကြကြောင်း၊  မတ်ပဲမျိုးများကို ၂လ ကျော်ကာလအတွင်း အိတ်အရေအတွက် ၅၀၀မှ ၈၀၀ အထိ ဦးထွန်းဝေပဲပွဲရုံမှ ရောင်းချပေးခဲ့ကြောင်းနှင့် ယနေ့ မတ်ပဲဈေးအနေဖြင့် ၁တင်းလျှင် ၈၈၅၀၀ ကျပ်ဈေးပေါက်လျက်ရှိကြောင်း မတ်ပဲများ လှိုင်လှိုင်ထွက်ပေါ်ပါက ဈေးပိုမိုကောင်းမွန်လာနိုင်ကြောင်းနှင့် ထွက်ရှိသော မတ်ပဲများကို တောင်သူများထံမှ ဝယ်ယူ၍ ရန်ကုန်သို့ နှစ်စဉ်တင်ပို့ရောင်းချကြောင်း သိရပါသည်။  

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် ပဲတီစိမ်း မျိုးရောင်းချမှုနှင့် ပဲတီစိမ်း ထွက်ရှိရောင်းဝယ်မှု အခြေအနေ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဈေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလမှစ၍  ပဲတီစိမ်းမျိုးများကို ရန်ကုန်မှမှာယူပြီး တောင်သူများကို မျိုးအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  ပဲတီစိမ်းသီးနှံများကို ဆောင်းရာသီတွင် တောင်သူများ စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ် အတွင်း ကျေးရွာများတွင် ၁၂၄၁ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

            လက်ရှိတွင် ပဲပွဲရုံများမှ ပဲမျိုးသန့်များကိုသာ ရန်ကုန်မှ မှာယူရောင်းချနေကြပြီး မြို့နယ်အတွင်းတွင် ပဲမျိုးအသန့်မရှိသည့်အတွက်ကြောင့် ရန်ကုန်မှ Export ပဲသန့်များကို မှာယူရောင်းချရသဖြင့် အနည်းငယ် ဈေးကောင်းမွန်နေကြောင်း၊ ပဲတီစိမ်း မျိုးသန့် ယခုနှစ်မှာ အားနည်းသဖြင့် ပဲသန့်ကိုသာ စိုက်ပျိုးနိုင်ရန် ရောင်းချပေးနေရကြောင်း  ပွဲရုံပိုင်ရှင်မှ ရှင်းပြသည်။  ဒေသတွင်း စိုက်ပျိုးသော ပဲတီစိမ်းများ စတင်ထွက်ပေါ်နေသော်လည်း အနည်းငယ် သာဝယ်ယူလျက်ရှိကြောင်း၊ ရောင်းချသော ပဲတီစိမ်းသန့် ရေဆင်း၁၄ နှင့် ဝါးခယ်မ အတိုပဲတီစိမ်း  တို့ဖြစ်သည်။ တောင်သူများ ပဲတီစိမ်းကို စတင်စိုက်ပျိုးချိန်တွင် မိုးအနည်းငယ်ရွာ၍ အပင်များပျက်စီးသဖြင့် ထပ်မံ၍ မျိုးများဝယ်ယူစိုက်ပျိုးရကြောင်း မျိုးဈေးအနေဖြင့် ပဲတီစိမ်းမျိုးသန့် ရေဆင်း၁၄ အသစ် ၁တင်း လျှင် ငွေကျပ် ၁၄၀၀၀၀ကျပ် နှုန်းဖြင့်လည်းကောင်း၊ ဝါးခယ်မ အတိုမျိုးအနေဖြင့် ၃ တင်းလျှင် ၆၈၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချရပြီး ပဲတီစိမ်းမျိုးသန့် ရေဆင်း၁၄ မျိုးကို ရောင်းချနိုင်မှုအနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ၁တင်းခွဲ အိတ်အရေအတွက် ၁၅၀ ခန့်နှင့် ဝါးခယ်မ အတိုမျိုးကို ၅၀၀ အိတ်နီးပါး ရောင်းချပေးခဲ့ရကြောင်း သိရသည်။ ဒေသစိုက်ပျိုးထွက်ရှိသော ပဲတီစိမ်းဈေးအနေဖြင့် ၁တင်းလျှင် ၁၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

သခွားသီးဈေးမြင့်လာသော်လည်းအရောင်းပုံမှန်ရှိ

    မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဆောင်းရာသီ၌ သခွားသီးများ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ မိတ္ထီလာဈေးကွက်သို့ သခွားသီးမှာ ရမည်းသင်း၊ နေပြည်တော်တို့မှ အများဆုံးဝင်ရောက်ပါသည်။ သခွားသီးကို မိုးတွင်းကာလက တစ်လုံးလျှင်(၅၀၀)ကျပ် အလုံးသေးလျှင်(၂)လုံးရရှိသော်လည်း ယခုဆောင်းရာသီ မှာတော့ တစ်လုံး(၄၀၀-၅၀၀)ကျပ်ဖြင့်ဝယ်ယူရပါသည်။ သခွားသီးကို တို့စရာသီးနှံအနေဖြင့် လည်းကောင်း၊ သုပ်၍လည်းကောင်းစားသုံးကြရာ သခွားသီးကြိုက်သူများကတော့ ဈေးမြင့်လာသော်လည်း စားသုံးမှုရှိတဲ့အတွက် အရောင်းဝယ် ပုံမှန်ရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း