ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ ပြောင်းဖူးစိုက်ပျိုးမှုနှင့်ဈေးနှုန်းအခြေအနေ”

                 မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက်ပြောင်းဖူးသီးနှံကိုလည်းစီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ပြောင်းဖူး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည် မြို့နယ်တွင်(၄၁၃၇)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၅၂၁)ဧက၊မြစ်သားမြို့နယ်တွင်(၃၂၀၀)ဧက၊စုစုပေါင်း (၇၈၅၈)ဧကစိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ဆောင်းပြောင်းဖူးများ အားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊(၁)ဧက စိုက်ပျိုမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်အထိကုန်ကျကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့်ပြောင်းဖူး စုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ပြောင်းဖူးဈေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား (၃၀၀)ကျပ်၊လက်လီ(၅၀၀/-)ကျပ်၊ပြောင်းဖူးပြုတ်တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်း ဝယ်လျက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက် ကြောင်း၊အိမ်ရှင်မ များမှပြောင်းဖူးကို သရေစာအဖြစ်စားသုံးကြသလို ပြောင်းဖူးကြော်၊ပြောင်းဖူးသုပ် ၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကိုပွဲစားများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ တဆင့် ရန်ကုန် ၊ မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၈၅၀၀၀၀/)ကျပ်ခန့် မြတ်ကြောင်း၊ ပြောင်းဖူး စိုက်‌ပျိုးသော တောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ 

DOCA(မန္တလေး)         

 

“ပဲစဉ်းငုံစျေးနှုန်းအနည်းငယ်မြင့်တက်”

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၄၅၈)ဧက ၊ မြစ်သား မြို့နယ်တွင် (၃၀၂)ဧက၊ စုစု‌ပေါင်း (၁၇၀၀)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်ငုံများအာလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း၊စျေးနှုန်းအနေဖြင့် မေလနောက်ဆုံးအပတ်တွင် တစ်တင်းလျှင် (၉၀၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်တင်းလျှင် (၉၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း ၊ ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀၀/)ကျပ်ကျော်မြတ်ခဲ့ကြောင်း ၊ ပဲစဉ်းငုံစိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှသိရှိရပါသည်။

 DOCA(မန္တလေး)         

“ခရမ်းသီးစျေးနှုန်းစျေးကွက်”

                   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း၊ ခရမ်းသီးနှံကို ကျောက်ဆည်မြို့နယ် သံချပ်ကုန်း၊ရွာပုလဲနှင့်အုတ်ဖိုကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် ခရမ်းသီး အလုံးသေးမျိုးနှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည် ။ ခရမ်းပင် စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး(၂-၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊(၄)ရက် ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာ ကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအတွင် (၁၀၀၀၀၀၀/-) ကျပ်ကုန်ကျကြောင်း၊စတင်ခူးဆွတ်ချိန်မှဖျက်သိမ်းချိန်အထိခရမ်းသီးထွက်ရှိမှုစုစုပေါင်း(၉၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့်(၃၅၀၀/-) ကျပ်၊ လက်လီ‌တစ်ပိဿာလျှင်(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ခရမ်းသီးကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

 DOCA(မန္တလေး)         

“ရုံးပတီသီးစျေးနှုန်းများမြင့်တက်လျက်ရှိ”

                မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုး လာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ရုံးပတီသီးကို သံချပ်ကုန်း၊ အုတ်ဖို နှင့် ရွာပုလဲကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုး နှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း ၊ ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက်ဈေးနှုန်း အတက်အကျရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့်(၈၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့ လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေးနှင့် အေးမြကြည်လင် ဈေးများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ရုံးပတီသီးစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။   DOCA(မန္တလေး)                                                                          

“တိုင်ထောင်ပဲတောင့်ရှည်ဈေးနှုန်းများအနည်းငယ်မြင့်တက်”

              မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ ပဲ၊ ပြောင်း ၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် တိုင်ထောင်ပဲတောင့်ရှည်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ တိုင်ထောင်ပဲတောင့်ရှည် သီးနှံကို မျိုးအနေဖြင့် အစိမ်းရောင် နှင့် ကတ္တီပါရောင်ဟူ၍ (၂)မျိုးရှိရာ အစိမ်းရောင်မျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း ၊ တိုင်ထောင်ပဲတောင့်ရှည်သီးနှံသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်ကြောင်း (၁)ဧကကုန်ကျ စရိတ်အနေဖြင့် တိုင်ထောင် ဝါး ၊ မျိုး ၊ သွင်းအားစုနှင့်လုပ်သားခ အပါအဝင်စုစုပေါင်း (၆၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ‌(၂၆၀) ခန့်ထွက်ရှိကြောင်း ၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်၊ လက်လီဈေး (၈၀၀၀/-) ကျပ်  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ခူးဆွတ်ရာတွင် (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ် အနေဖြင့် (၉၀၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။

DOCA(မန္တလေး)

“ပျိုးမှိုဈေးနှုန်းဈေးကွက်”

                    ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှို နှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူ များကြိုက်နှစ်သက်ကြောင်း ၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေး များ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သော ရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှု အနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၈၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊စိုက်ပျိုးပြီး(၁၅-၂၀)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ်အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုး ရာတွင်ရေခဏခဏလောင်းပေးရကြောင်း၊ မှိုသက်တမ်း (၁)လအတွင်း (၁၀-၁၅)ပိဿာခန့်အထိထွက်ရှိကြောင်း၊ တစ်နိုင်တစ်ပိုင်မှိုစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် လက်လီ(၃၀၀၀၀/-)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးကြောင်း၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး(၂)ကြိမ် ခူးဆွတ်‌ရောင်းချပါက စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၂၉၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊ ပျိုးမှိုကို ချက်ပြုတ် စားသုံးရာတွင် မှိုကန်စွန်းချက်၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ် စားသုံးကြောင်း၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ်သက်သာပြီး စီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုး ရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၅၇၀၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်၊ ဧရာမင်း စပါး  (သစ်)  တင်း ၁၀၀ လျှင် ၃၃၀၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၅၀၀၀၀ ကျပ်၊ ရွှေဝါထွန်း ဆန်၂၄ ပြည်ပါ တစ်အိတ်လျှင်   ၁၀၅၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

           ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၃၁၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၀၀၀၀၀ ကျပ်၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၈၅၀၀၀ ကျပ်၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ၃၆၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်းသစ် စပါး တင်း ၁၀၀ လျှင် ၃၀၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၁၂၀၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၅၅၀၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်၊ ဧရာမင်း စပါး (ဟောင်း) တင်း ၁၀၀ လျှင် ၃၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်၊ ဧရာမင်း စပါး (သစ်) တင်း ၁၀၀ လျှင် ၃၃၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ မနောသုခ စပါး (သစ်) တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

           မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး (ဟောင်း) တင်း ၁၀၀ လျှင် ၃၅၀၀၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်၊ ဧရာမင်းစပါး (သစ်) တင်း ၁၀၀ လျှင် ၃၃၀၀၀၀၀၊  ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်မှာ  ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါး(သစ်) တင်း ၁၀၀ လျှင် ၅၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်၊ မနောသုခ စပါး(သစ်)တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း အရောင်းအဝယ်အေးပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

            မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

           စစ်ကိုင်းတိုင်းဒသကြီးအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေး  စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း  သိရသည်။

        ယခု  ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ကလေးခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၅၅၇၅)ကျပ်၊ Octane(95) တစ်လီတာလျှင်(၅၆၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ လျှင်(၅၄၃၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၆၃၄၅)ကျပ်ရောင်းချလျက်ရှိပြီး ကန့်ဘလူခရိုင်တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၄၈၆၅)ကျပ်၊ Octane(95) တစ်လီတာလျှင်(၄၉၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီ တာလျှင်(၄၇၂၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၅၇၃၀)ကျပ်၊ စစ်ကိုင်းခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၄၅၇၅)ကျပ်၊ Octane(95) တစ်လီတာလျှင်(၄၆၁၅)ကျပ်၊ ဒီဇယ် (ရိုးရိုး)တစ်လီတာ လျှင်(၄၄၃၅) ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၅၃၄၅)ကျပ်၊ မုံရွာခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၄၅၇၅)ကျပ်၊ Octane (95) တစ်လီတာလျှင်(၄၆၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၄၄၃၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ လျှင်(၅၃၄၅)ကျပ်၊ ယင်းမာပင် ခရိုင်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာ လျှင်(၄၅၇၅)ကျပ်၊ Octane(95)တစ်လီတာလျှင်(၄၆၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၄၄၃၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၅၃၄၅)ကျပ်၊  ရွှေဘိုခရိုင်တွင်  စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၄၅၇၅)ကျပ်၊ Octane(95) တစ်လီတာလျှင်(၄၆၁၅)ကျပ်၊ ဒီဇယ် (ရိုးရိုး)တစ်လီ တာလျှင် (၄၄၃၅)  ကျပ်နှင့် ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင်(၅၃၄၅) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  QR Code စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဆီကားများ နေ့စဉ် ဝင်‌ရောက်လျက်ရှိကာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်ရှိ ကီလိုမာလကာသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာ၊ ကျွန်းရွာသစ်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

          ၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင်လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး  အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင်စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေးသီးအရွယ်အစားခန့် ရှိပါက စက္ကူ အကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လလျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိရာ  တစ်ဧကအတွက် ပျမ်းမျှအလုံးရေ ၃၅၀၀၀ မှ ၄၀၀၀၀ လုံး ထွက်ရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လ ဒုတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဗြွန်ဈေး တစ်လုံးလျှင် ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရပါကြောင်း၊ လက်လီဈေး တစ်လုံးလျှင် (၅၀၀- ၁၀၀၀)ကျပ်ထိ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာသစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့နယ်၌ မြစ်ရေဝင်ကျွန်းရွာများတွင် ဗူးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိ

 

          ဗူးပင်မှရရှိသော ဗူးသီး၊ ဗူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံ များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဗူးပင်သည် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်‌လျောက်ရှိ ကျွန်းရွာများဖြစ်သော ကျွန်းညိုကြီး၊ ကံလှ၊ သံပုရာပင်ကုန်း၊တင်းဂတ်၊ နန်းတော်ရပ်အုပ်စုတွင်းရှိ ကျေးရွာများတွင် ကုန်စိမ်းသီးနှံစိုက်ခင်းများ ရာသီအလိုက်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်ကြရာတွင် ဗူးပင်စိုက်ခင်းများ ကိုလည်း သီးသန့်မြေကွက် အပြင် ဥယျာဉ်ခြံမြေများနှင့် ကြက်သွန်ခင်း၊ မြေပဲ၊ ပဲမျိုးစုံစိုက်ခင်းများတွင် ကြားညှပ်၍ မိသားစု တစ်ပိုင် တစ်နိုင်စိုက်ပျိုးခြင်းအပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

          ဗူးပင်စိုက်ပျိုးရာတွင် မျိုးစေ့အနေဖြင့်ယခင်နှစ်ကစိုက်ခင်းထွက် မျိုးကောင်းမျိုးသန့် ဗူးသီးအလုံး ကြီးမှရရှိသော မျိုးစေ့နှင့် ထိုင်ဝမ်မျိုးစေ့ထုပ်ဝယ်ယူ၍ စိုက်ပျိုးကြသည်။ အစိမ်းနုရောင် ဗူးသီး(ဗြောင်) နှင့် အစိမ်းရင့်ရောင် အဖြူကြားဗူးသီးမျိုးကို စိုက်ပျိုးကြသည်။ ဘောင်တင်၍ ကျင်းတူးစိုက်ပျိုးခြင်းနှင့် ထယ်ကြောင်းနောက် အစေ့ချစိုက်ပျိုးခြင်း()မျိုးဖြင့် စိုက်ပျိုးကြသည်။ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုး ခြင်းဖြစ်၍ အထွက်နှုန်းကောင်းမွန်သည်။ မြစ်ရေကျချိန် တော်သလင်း၊ သီတင်းကျွတ်လတွင် စတင် စိုက်ပျိုးပြီး တစ်လအကြာတွင် ဗူးညွန့်များခူး၍ ရောင်းချရပြီး နှစ်လခန့်အကြာတွင် ဗူးသီးများ စတင် သီးကြောင်း၊ ဗူးပင်တစ်ပင်လျှင် ကြီးထွားမှုပေါ်မူတည်ပြီး အသီး(၂၀-၃၀)ထိ သီးကြောင်း ဒေသခံ စိုက်တောင်သူများထံမှ သိရှိရပါသည်။

          ဗူးသီး၊ ဗူးရွက်ဈေးကွက်အနေဖြင့် ယခုနှစ်သီးနှံပေါ်စအချိန်တွင် ဗူးညွန့်တစ်ညွန့်လျှင် ကျပ်(၅၀) ဈေးဖြင့် ဖောက်သည်ပေးသွင်းရပြီး ယခင်နှစ်တွင် တစ်ညွန့်လျှင် ကျပ်(၄၀)ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း၊ ဗူးသီးတစ်လုံးလျှင် အရွယ်အစားလိုက်၍ ကျပ်(၃၀၀-၈၀၀)လက် ကားဈေးဖြင့်   ပေးသွင်းရ ကြောင်း၊ ဗူးသီးသည် နွေရာသီ သီးနှံဖြစ်၍ မေလဆန်းပိုင်းတွင် ဗူးသီးများလှိုင်လှိုင်သီး၍ ဈေးကွက်အနေဖြင့် အနည်းငယ် ဈေးတက်နေကြောင်း၊ ဗူးသီးတစ်လုံး ကျပ်(၅၀၀-၁၀၀၀)ထိ ဖြစ်နေကြောင်း၊ နေ့စဉ် ဗူးညွန့်(၁၀၀) ဗူးသီးအလုံး(၃၀)ခန့် ခူး၍ရောင်းချရကြောင်း၊ ဗူးသီး၊ ဗူးရွက်ကို အခြေခံဟင်းတစ်မျိုး အဖြစ် ချက်ပြုတ်စားသုံးကြသကဲ့သို့ မြန်မာ့ရိုးရာအစားအစာအဖြစ် အကြော်ဆိုင်များတွင် အကြော် ကြော်၍ ရောင်းချလျက်ရှိ၍ ဝယ်ယူစားသုံးမှုများကြောင်း၊ စိုက်ခင်းထွက် ဗူးသီး၊ ဗူးရွက်များကိုပခုက္ကူမြို့ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် လက်ကားဈေး ဖောက်သည်ပေးသွင်းရကြောင်း သိရှိရပါသည်။

          ဗူးပင်စိုက်ပျိုးခြင်းဖြင့် ဗူးရွက်ရောင်းချရ၍ နေ့စဉ်ဝင်ငွေရရှိခြင်းကြောင့် စိုက်တောင်သူများ အနေ ဖြင့် မိသားစုစီးပွားရေး အဆင်ပြေကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အလွယ်တကူ ဝင်ငွေရရှိ၍ ဒေသခံတောင်သူများသည် ကုန်စိမ်းသီးနှံစိုက်ပျိုးမှုကို နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း