ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင် ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေးတစ် ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင်(၅၈၀၀)ကျပ်၊ ကြက်ရင်ပုံ(၁)ကင်လျှင် (၈၂၀၀)ကျပ်၊ ကြက်သဲမြစ်(၁)ချောင်း (၅၀၀) ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင်(၅၀၀)ကျပ်နှင့် အသားတုကင် (၁၀)ချောင်း (၁၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ကြက်ပေါင်(၁)ချောင်းလျှင်(၂၀၀)ကျပ်နှင့် ကြက်ရင်ပုံ(၁)ကင်လျှင် (၃၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း  အကင်မျိုးစုံရောင်းချသည့်ဆိုင်မှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက် များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ်(၁) ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းစိမ်းလက်လီ(၁) စီးလျှင်(၆၀၀)ကျပ်၊ လက္ကား(၅)စီးလျှင်(၂၈၀၀)ကျပ် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်(၁)စီးလျှင် (၁၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင်  အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြ ကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၂၀၀) ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၇၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်ရေစိမ်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ဂျင်းပေါက်ရေလွတ်(၁) ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်း ဂျင်းတက်နှင့် ဂျင်းပေါက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

     ကန့်ဘလူခရိုင်တွင် ကောက်ရိုးမှိုစိုက်ပျိုး ဝင်ငွေတိုးနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်()ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်()ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး ()အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

     ကောက်ရိုးမှိုစိုက်ပျိုးပြီး (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်  မှိုတွေကို နှုတ်ယူရောင်းချနိုင်ကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့သူတွေအနေနဲ့ ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး သင့်ကြောင်း၊     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၀၇၀၀)ကျပ်၊ လက်ကားဈေး (၁၀၂၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကောက်ရိုးမှို()ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ကောက်ရိုးမှိုစိုက်ပျိုးရောင်းချသူ ဦးဝင်းဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူ၊ မုန်လာ ထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက် သွန်နီအလုံးကြီး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၁၀၀)ကျပ်၊ ကြက်သွန်ဖြူဗမာသေး(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ အကြီး(၁)ပိဿာ လျှင်(၉၅၀၀)ကျပ်နှင့် ရှမ်းဖြူ(၁)ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူ(၁)ပိဿာလျှင်(၅၀၀)ကျပ်ဈေးနှုန်းကျ ဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”စျေးနှုန်းစျေးကွက်

   ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ City Market များနှင့်စားသောက်ဆိုင်များတွင် အသင့်စား “ဆိတ်ချေးခါးဟင်းလျှာ”များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။

       ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင် လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျားတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေး ပါအူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နူသီးရွက်၊ ရှမ်းနံနံ၊ စသည့် ဟင်းခတ် အမွှေး အကြိုင်များကို စုပေါင်းရောနှောလုံးပြီး ဆီမပါ နူးအိစွာ ချက်ပြုတ်ထားခြင်းဖြစ်ကြောင်းနှင့်ဒေသတွင်း ဖြန့်ချီရုံသာမက အခြားမြို့များနှင့်တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သိရပါသည်။

          အဆိုပါ ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ကို နှစ်ပတ်တစ်ကြိမ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ယခင်လ၏ “ဆိတ်ချေးခါး ဟင်းလျာ” ဈေးနှုန်းများမှာ လက် ကားဈေး “ဆိတ်ချေးခါး” အထုပ်(၁၀၀)လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ်ချေးခါး” အထုပ်(၅၀)လျှင်              (၃၀၀၀၀၀) ကျပ်နှုန်းနှင့်လက်လီဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၆၅၀၀) ကျပ်နှင့်ယခုလ ၊နိုဝင်ဘာ စတုတ္ထပတ်တွင်  ဒေသထုတ် ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ဈေးနှုန်းများမှာ လက်ကားဈေး “ဆိတ်ချေးခါး” အထုပ်  (၁၀၀) လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ် ချေးခါး” အထုပ်(၅၀)လျှင် (၃၀၀၀၀၀) ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၇၀၀၀) ကျပ်နှုန်းတို့ဖြစ် ရောင်းချလျက်ရှိကြောင်း၊ ယခင်လ “ဆိတ်ချေးခါး” ဈေးနှုန်းနှင့်ယခုလ “ဆိတ်ချေးခါး” ဈေးနှုန်း နှိုင်းယှဉ်လျှင် “ဆိတ်ချေးခါး” တစ်ထုပ်(၁) ဈေးနှုန်း( ၅၀၀ ) ကျပ်နှုန်း ကွာဟကြောင်း၊ ယခုနှစ် “ဆိတ်ချေးခါ”ဈေးနှုန်း အနည်းငယ် ကွာဟရခြင်းမှာ “ဆိတ်ချေးခါ”တွင် ပါဝင်ပစ္စည်းနှင့်ပါကင်အိတ် ဈေးနှုန်းမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း နှင့် “ဆိတ်” နှင့်ပတ်တက်၍ အမယ်သစ်များဖြစ်သည့် “ဆိတ်ပဲ” “ဆိတ်စွတ်ပြုတ်”  “ဆိတ်ခေါင်းသုပ်” စသည်ဟင်းလျာများကိုပါနောက်ထပ် ထုပ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ တွင်ဖြစ်ပေါ်လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  စတုတ္ထပတ် နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(ကရင်ပြည်နယ်အသင်းခွဲ)ဘားအံ၏  လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသော  ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ရေး ဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်အသင်းဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

          ဘားအံမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများတွင် လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများမှာ ဆန်အသွယ် (၁၀၈ ပေါင်) ထူးရှယ် (၇၅၀၀၀မှ၉၅၀၀၀) ကျပ်၊ ဆန်အသွယ် (၁၀၈ ပေါင်) ရိုးရိုး (၆၀၀၀၀ မှ၇၀၀၀၀) ကျပ်၊ ဆန်သုခ (၁၀၈ ပေါင်) ထူးရှယ် (၆၅၀၀၀ မှ၇၀၀၀၀) ကျပ်၊ ဆန်သုခ (၁၀၈ ပေါင်) ရိုးရိုး (၆၀၀၀၀ မှ၆၅၀၀၀) ကျပ်၊ ဆန်ကွဲ(၁၀၈ ပေါင်) ကြီး (၄၅၀၀၀မှ၅၅၀၀၀ ) ကျပ်၊ ဆန်ကွဲ(၁၀၈ ပေါင်) သေး (၄၃၀၀၀ မှ၄၅၀၀၀) ကျပ်၊ ရွှေဘို  (၁၀၈ ပေါင်) ထူးရှယ် (၂၀၅၀၀၀မှ၁၀၀၀၀  ) ကျပ်၊ ရွှေဘို  (၁၀၈ ပေါင်) ရိုးရိုး (၁၉၀၀၀ မှ ၂၀၀၀၀၀) ကျပ်၊ ဖျာပုံ  (၁၀၈ ပေါင်) ထူးရှယ် (၁၄၅၀၀၀မှ၁၅၅၀၀၀  ) ကျပ်၊ ဖျာပုံ  (၁၀၈ ပေါင်) ရိုးရိုး (၁၃၅၀၀၀ မှ၁၄၅၀၀၀) ကျပ်၊ သထုံပေါ်ဆန်း (၉၀ ပေါင်) ထူးရှယ် (၉၅၀၀၀မှ ၁၁၀၀၀၀  ) ကျပ်၊ ဖျာပုံမွှေးသစ် (၁၀၈ ပေါင်) ထူးရှယ် (၁၃၀၀၀၀မှ၁၄၀၀၀၀ ) ကျပ်၊ သုခသစ် (၁၀၈ ပေါင်)  ထူးရှယ် (၄၈၀၀၀မှ၅၀၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စက်ကြိတ်အဆင့်အတန်း အရည်အသွေး ဆန်သစ်-ဆန်ဟောင်း အိတ်သားတက်မှု အခြေအနေ ဆန်ကွဲပါဝင်မှု ငွေပေးချေမှုနှင့် အိတ် ခွံစသော အရည်အသွေးများအပေါ် လိုက်၍ ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်းနှင့် သက်ဆိုင်ရာဒေသများတွင် ရောင်းဝယ်သည့် ဈေးနှုန်းများဖြစ်၍ လက်လီဈေးတွင်    (၁၀%) အတွင်း ရှိနိုင်ကြောင်း  သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် မန်ကျည်းသီးစိမ်းနုဈေးနှုန်း

 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရာသီစာသီးနှံဖြစ်သည့် မန်ကျည်းသီးစိမ်းနုများ စတင်ထွက်ရှိ၍ ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးပင်သည် အသီး၊ အရွက်၊အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီးသည်။ မန်ချည်းသီးစိမ်းနုကို ငပိစိမ်းစာဖြင့်ကြော်စားစား စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန် စေသည်။ မန်ကျည်းသီးစိမ်းနုတစ်ပိဿာလက်ကားဈေးနှုန်း (၁၀၀၀၀)ကျပ်နှင့် လက်လီဈေး တစ်ဆယ်သားလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ငရုတ်သီးစိမ်းဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်း ဒေသထွက်ငရုတ်သီးစိမ်း ဈေးကောင်းလျက်ရှိ ကြောင်းသိရသည်။ ငရုတ်သီးစိမ်းကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသည့် အပြင်စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ငရုတ်သီးမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးပွ ဆိုပြီးအမျိုးမျိုးရှိကြသည်။ ငရုတ်သီးပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဖူးဖွင့်ကာအသီးသီး လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် မိုးမျှော်ငရုတ်သီးလက်ကား ဈေးနှုန်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုတ်သီးအရှည်လက်ကားဈေးနှုန်း  တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငရုတ်သီးပွလက်ကားဈေးနှုန်း  တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေပေါ်ဈေးငရုတ်သီးအရောင်းဆိုင်မှ သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း