ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက်ကုန်များအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းဝယ်နိုင်ရန်စီစဉ်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကိုအခြေပြု၍ MSMEs လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီချိတ်ဆက်ဆောင်ရွက်ပေးပြီး ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေးနှင့် အမည် (မယ်) သစ်ပို့ကုန်ရရှိရေးကို ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

          လုပ်ငန်းရှင်များမှလည်း ဒေသထွက်ကုန်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းဝယ်နိုင်မည့် Digital Platform တစ်ခုဖေါ်ဆောင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ စီစဉ်နေကြောင်း သိရှိရပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှာဖြစ်ကြောင်းသိရှိရပါသည်။ ဒါမှသာ ကုန်ပစ္စည်းများ နေရာမရွေးရောက်ရှိနိုင်မှာဖြစ်သလို ဝယ်ရောင်းလည်းလုပ်လို့ရမှာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းသည် ဒေသတွင်းကုန်စည်များကို အခြေခံထားသည့် လုပ်ငန်းဖြစ်သည့်အတွက် မြို့နယ်နှင့် ကျေးလက်များတွင်လည်း အရောင်းစင်တာများ တည်ဆောက်လုပ်ကိုင်နိုင်မှာဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးကအစ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အဆိုပါ Target အား ၂၀၃၀ မှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ဖြန့်ကျက် နေပြီးသားဖြစ်သလို (၂၀၃၅)မှာဆိုရင် မြန်မာပြည်တွင် မည်သည့်နေရာက ပစ္စည်းမှာမှာ (၇၂)နာရီအတွင်း အရောက်ပို့နိုင်မည့် ဝန်ဆောင်မှုများပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေဖြင့်လည်း ဒေသတွင်းရှိ MSMEs လုပ်ငန်းရှင်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ရင်းနှီးငွေများ ထုတ်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရဲ့ ပိန်းပန်းဈေးကွက်

         ပိန်းပန်းသည် အနံ့ကြောင့် ဂုဏ်ရှိတာမျိုးမဟုတ်ဘဲ အလှကြောင့်ဂုဏ်ရှိတဲ့ပန်းလို့ တင်စားလို့ရသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပိန်းပန်းသည်လှပပြီး အလွန်ရေပန်းစားတဲ့ အလှစိုက်ပန်းပင်ဖြစ်ပြီး အရောင်မျိုးစုံရှိကာ နှလုံးပုံသဏ္ဍာန်အဖူးကြောင့် ထင်ရှားပါသည်။ ပိန်းပန်းကို ပွဲလမ်းသဘင်နှင့် အခမ်းအနားများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းမှာ ရေရှည်ခံခြင်းနှင့် အကြမ်းခံခြင်းကြောင့် ဈေးကွက်တွင် နေရာရရှိလာခြင်းဖြစ်ပါသည်။ ဒါပေမဲ့ ပိန်းပန်းအပင်၊ အပွင့်၊ အရွက်တွေမှာ အဆိပ်ပါဝင်တာကြောင့် စားမိပါက ခံတွင်း၊ မျက်လုံး၊ အရေးပြားယားယံခြင်း၊ ဖူးရောင်ခြင်း၊ ပါးစပ်နာကျင်၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်တာကြောင့် သတိထားရမယ့် အပင်တစ်မျိုး ဖြစ်ပါသည်။ အလှပန်းပင်စိုက်ပျိုးသူများအတွက် အိမ်တွင်းအပင်အဖြစ် တွင်ကျယ်စွာ စိုက်ပျိုးကြသည်။ အိမ်တွင် တစ်နိုင်တစ်ပိုင်ပဲစိုက်စိုက်၊ စီးပွားရေးအရ ပဲစိုက်စိုက် ပိန်းပန်းစိုက်ပျိုးသူများအတွက် ပိန်းပန်းပင်များသည် အခြားပန်းပင်များကဲ့သို့ ဓါတ်မြေဩဇာသုံးစွဲရန် မလိုအပ်ဘဲသဘာဝမြေဩဇာ ကြက်ချေးတစ်မျိုးတည်းကိုသာ သုံးစွဲရသဖြင့် စိုက်ပျိုးစရိတ် သက်သာသလို ရာသီမရွေးစိုက်ပျိုးနိုင်သည့် ပန်းမျိုးဖြစ်ကြောင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရန်သင့်တော်သည့် ပန်းမျိုးလည်းဖြစ်ကြောင်း သိရှိရပါသည်။ ပိန်းပန်းတွင် အပွင့်အကြီးမျိုးနှင့် အပွင့်အသေးမျိုးဟူ၍ (၂) မျိုးရှိပါသည်။ ပိန်းပန်း ပင်ကို မြေတွင်လည်းကောင်း၊ ရေတွင်လည်းကောင်း (၂) မျိုးစလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ ယခု နောက်ပိုင်းတွင် ပိန်ပန်းကို အလှအိုးများနှင့် စိုက်ပျိုး၍ လက်ဆောင်ပေးလာကြသည့်အတွက် ဈေးကွက်တွင်ပိန်းပန်းပင်ဟာ နေရာတစ်နေရာရနေသည့် အလှပန်းပင်တစ်မျိုးလည်းဖြစ်ပါသည်။ ထို့အပြင် ပိန်းပန်းကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြသူများ လည်းရှိကြပါသည်။ ပိန်းပန်း အိုးကြီးတစ်အိုးလျှင် အရောင်လိုက်၍ ကျပ် (၂၀၀၀၀)၊ ပိန်းပန်းအိုးလတ် တစ်အိုးလျှင်ကျပ် (၁၅၀၀၀)၊ ပိန်းပန်းအသေး တစ်အိုး လျှင် ကျပ် (၁၀၀၀) ရှိကြောင်း ပန်းအိုးပျိုးပင် စိုက်ပျိုးသူထံမှ သိရှိရပါသည်။ ပိန်းပန်းတွင် အဖြူရောင်၊ ပန်းရောင်၊ အနီရောင်၊ နှင့် အရောင်စပ်ကြား စသည့်အရောင်များဟာ အရောင်းရသွက်သလို၊ လူကြိုက်လည်းများလှပါသည်။ ပိန်းပန်းကို ပြည်မြို့ရှိ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများနှင့် ရန်ကုန်မှတင်သွင်းကြောင်း သိရှိရပါသည်။ ပြည်မြို့မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပိန်းပန်းအပွင့်ကြီး (၅)ပွင့်ပါတစ်စည်းလျှင် ကျပ် (၁၀၀၀၀)၊ ပိန်းပင် အပွင့်သေး တစ်စည်းလျှင် ကျပ် (၈၀၀၀) တို့ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများ

                    စစ်ကိုင်းတိုင်းဒေသကြီး၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်း အဝယ်ဖြစ်လျက်ရှိသည့် ပဲဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် (၉၂၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး)တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊  ပဲစဉ်းငုံတစ်တင်းလျှင် (၈၅၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၂၅၀၀)ကျပ်၊ ကုလားပဲဝါ (ထိုင်ဝမ်)တစ်တင်းလျှင် (၇၆၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်းလျှင် (၉၀၀၀)ကျပ်၊ ပဲပုတ်(ရှမ်း) တစ်တင်းလျှင် (၉၆၅၀၀)ကျပ်၊ ပဲပုတ်(ဗမာ) တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၁၉၃၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၃၅၀၀၀)ကျပ်၊ စွန်တာနီ၊ပြာ တစ်တင်းလျှင် (၁၅၅၀၀၀)ကျပ်၊ ပဲနီလေး တစ်ပြည်လျှင်(၁၅၀၀၀)ကျပ်နှင့် CP ပြောင်း တစ်တင်းလျှင် (၂၈၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                                        

ရွှေဘိုမြို့တွင် ရောင်းချနေသည့် ရာသီပေါ်သီးနှံဖြစ်သည့် ပဲစိမ်းစားဥဈေးနှုန်း

                    ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ဆောင်းရာသီမှသာ စားရသည့် ပဲစိမ်းစာဉများကိုလည်းရောင်းချလျက်ရှိပါသည်။ ပဲစိမ်းစားဉမှာ အစိမ်းစားရသည်ဖြစ်၍ အရဿာမှာ ချို၍ ဆိမ့်ပြီး ကြွပ်သော အရဿာရှိ၍ ရာသီပေါ် ပဲစိမ်းစားဉမှာ လူကြိုက်များလှပေ သည်။ ပဲစိမ်းစာဉကို မန္တလေးမြို့မှ သယ်ယူရောင်းချကြကြောင်း၊ ပဲစိမ်းစားဉမှာ အတွဲလိုက်ဖြစ်၍ ပိဿာချိန်ဖြင့် ရောင်းချကြကြောင်း၊ ပဲစိမ်းစားဉ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိ ပြီး ရွှေဘိုမြို့ရှိ ဒေသခံများမှ ဝယ်ယူသည့်အပြင် အခြားရွာမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ ပဲစိမ်းစားဉဈေးနှုန်းမှာ အသင့်အတင့်ဖြစ်၍ စားသုံးသူများလည်း ဝယ်ယူသူများကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                        

ရာသီပေါ်သီးနှံဖြစ်သည့် ပန်းမုံလာပွင့်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

                ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ရာသီစာအသီး အနှံဖြစ်သည့် ပန်းမုံလာပွင့်များကိုလည်း ရောင်းချလျက်ရှိပါသသည်။ ပန်းမုံလာပွင့်များကို အခြားမြို့ များမှ သယ်ယူရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချနေသော ပန်းမုံလာဈေးနှုန်းမှာ(၁)ပွင့်လျှင် (၁၀၀ဝိ/-) ကျပ်မှ (၁၈၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လှိုင်လှိုင်ပေါ်လာသည့်အတွက် ဈေးနှုန်းကျ ဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                                        

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ

                စစ်ကိုင်းတိုင်းဒေသကြီး၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  မြေပဲလုံးဆံဖြူ  တစ်ပိဿာလျှင် လက်ကားဈေး (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင်  (၁၀၃၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၂၄၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နေကြာတစ်တင်းလျှင် (၅၈၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

            အလားတူပင် မြေပဲဆီတစ်ပိဿာလျှင် လက်ကားဈေး (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် လက်ကားဈေး (၁၁၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် လက်ကားဈေး (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် လက်ကားဈေး (၇၀၂၅) ကျပ် တို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                                        

ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသော CP ကြက်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

                       ရွှေဘိုမြို့ရှိ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းတစ်ခုဖြစ်သည့် ခေတ်သစ်ထွန်းကုမ္ပဏီမှ KTကြက်စာနှင့် ကြက်သားရောင်းဝယ်ရေးမှ ရောင်းချသည့် CP ကြက်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ အကောင်လိုက်ဈေး(၁)ပိဿာလျှင် လက်လီ(၁၃၀၀ဝိ/-)ကျပ်၊ လက်ကား(၁၂၀၀ဝိ/-)ကျပ်၊ ရင်အုပ် (၁)ပိဿာလျှင် လက်လီ/လက်ကား (၁၆၀၀ဝိ/-)ကျပ်၊ ပေါင်(၁)ပိဿာလျှင် လက်လီ(၁၃၀၀ဝိ/-)ကျပ်၊ လက်ကား(၁၂၀၀ဝိ/-)ကျပ်၊ အရိုးစုံ (၁)ပိဿာလျှင် လက်လီ/လက်ကား(၈၀၀ဝိ/-)ကျပ်၊ အမြစ်၊ အသဲတစ်စုံလျှင်(၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့တွင်းရှိ ဈေးများတွင်ရောင်းချသည့် ဈေးသည်များ၊အလှူ၊ မင်္ဂလာပွဲဆောင်ရွက်မည့်သူများ၊ ဒေသတွင်း စားသုံးသူများမှ ဝယ်ယူကြကြောင်း၊ ခေတ်သစ်ထွန်းကုမ္ပဏီအနေဖြင့် ရွှေဘိုမြို့တွင် ဖြန့်ဖြူးရောင်းချသည့် CPကြက်သားများကို မိမိတို့ကုမ္ပဏီမှ ရွှေဘိုမြို့တွင် မွေးမြူထားသော ကြက်ခြံများအပြင် ဈေးကွက်လိုအပ်ချက်ရှိလာပါက အရောတော်၊ စစ်ကိုင်းနှင့် မုံရွာမြို့တို့တွင် မွေးမြူထားသော ကြက်ခြံများမှ သယ်ယူရောင်းချပေးလျက်ရှိကြောင်း၊ ကြက်သားအပြင် ကြက်ဥ၊ ကြက်စာနှင့် ကြက်မွေးမြူရေးတွင် အသုံးပြုသော ဆေးများကိုလည်းရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                                                        

မုံရွာမြို့နယ်တွင် ထောပတ်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သစ်စိမ့်၊ညောင်ဖြူပင်၊ ဘုံတို၊ ထနောင်းတော၊ ဘုမ္မနိုး စသည့်ကျေးရွာများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ သီးနှံကို အများဆုံး စိုက်ပျိုးပြီး စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

                   ထောပတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လခွဲခန့်အကြာ တွင် ခူးဆွတ်ရိတ်သိမ်းနိုင်ကြောင်း၊ မျိုးအနေဖြင့် ထောပတ်ပဲပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ အများဆုံးစိုက်ပျိုးရခြင်းမှာ အထွက်နှုန်းကောင်းမွန်သောကြောင့် ဖြစ်ပါကြောင်း၊  တစ်ဧကလျှင် ထောပတ်ပဲမျိုး ၄-၅ ပြည်ခန့်ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံ စိုက်ပျိုး ရာတွင် ထွန်ကြောင်းဆွဲမျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ထောပတ်ပဲ တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်  ၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ထောပတ်ပဲတစ်ဧကလျှင် ၁၅-၁၈ တင်းခန့်ထွက်ရှိပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် ထောပတ်ပဲတစ်တင်းလျှင် ငွေကျပ် ၉၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၈၅၀၀၀၀ ခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် မုံရွာမြို့ပေါ် သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထို့မှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခုအချိန်တွင်  ထောပတ်ပဲသီးနှံ စိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ထောပတ်ပဲသီး နှံသည် စိုက်ပျိုးစရိတ်သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက် ရှိကြောင်း ထောပတ်ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)                                                        

ပန်းတနော်မြို့နယ်ထွက် သင်ဖြူးဖျာများ ဈေးကွက်ရနေ

     ပန်းတနော်မြို့နယ်ထွက် သင်ဖြူးဖျာများသည် မြို့နယ်တွင်းသာမက မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း မြို့နယ်တို့အထိ ဈေးကွက်ရရှိနေကြောင်း သင်ဖြူးဖျာများ ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

    ၂၀၂၆ခုနှစ် ဇန်နဝါရီလ သင်ဖြူးဖျာထုတ်လုပ်ရောင်းချရန်အတွက် သင်မများ ဝယ်ယူခြင်း၊ သင်စိတ်ခြင်း၊ သင်ဖြူးဖျာရက်လုပ်ခြင်း၊ သင်ဖြူးဖျာချုပ်ခြင်းများ ဆောင်ရွက်ရကြောင်း၊ ဈေးကွက်အတွင်းရောင်းချခြင်းနှင့် ပတ်သက်၍ သင်မ ၆ တောင် တစ်မလျှင် ငွေကျပ် ၅၀၀၀၀ နှင့်ဝယ်ယူပြီး သင်ဖြူးဖျာရက်ခ၊ သင်ဖြူးဖျာချုပ်ခနှင့် အခြားလုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျငွေကျပ် ၈၅၅၀၀ ကုန်ကျသည်။ ဖျာရက် ရာတွင်  ၆ တောင်သင် ဖြူးဖျာချော နှစ်ချပ် ထွက်ရှိခြင်းကြောင့် တစ်ချပ်လျှင် ငွေကျပ် ၁၃၅၀၀၀ ဖြင့် ရောင်းရ၍ အကျိုးအမြတ်ငွေကျပ် ၄၉၅၀၀ ရရှိသည်။

     သင်မ ၅ တောင်ထွာ တစ်မလျှင် စုစုပေါင်းကုန်ကျစရိတ်ငွေကျပ် ၇၅၀၀၀ ကုန်ကျပြီး အကျိုးအမြတ် ငွေကျပ် ၃၅၀၀၀ ရရှိကြောင်း၊  ထို့ပြင် အခြားသင်မ ၄ တောင်ထွာ၊ ၄ တောင်၊ ၃ တောင်ထွာ၊ ၃ တောင် သင်ဖြူးဖျာများလည်း ထုတ်လုပ်ရောင်းချ၍ ဈေးကွက် ရရှိနေသည့်အပြင် ထိုင်ဖျာများ၊ တရားထိုင်ဖျာများနှင့် အခြားတီထွင် ဆန်းသစ်ထားသော သင်ဖြူးပိုက်ဆံအိတ်၊ သင်ဖြူး ဦးထုပ်များ လည်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။     

DOCA(ဧရာဝတီ)

မုံရွာမြို့နယ်ရှိ ကီလိုမာလကာသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက်

                     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

              ၎င်းကီလိုမာလကာမျိုးအနေဖြင့် ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်များကို ပျိုးပင်ကြီး တစ်ပင် လျှင် (၂၀၀၀)ကျပ်၊ အသေးတစ်ပင်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ပေးဝယ်ရပြီး  အစိုဓာတ် ကောင်းမွန်စွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား တန်းခြား ၈ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ ကီလိုမာလကာပင် စိုက်ပျိုးပြီး အသီးကင်းချိန်တွင် အားဆေး၊ ပိုးသတ်ဆေး (၂) ကြိမ်ဖျန်းပေးရပါကြောင်း၊ အသီးများ ပေးသီးအရွယ်အစားခန့် ရှိပါက စက္ကူ အကြည်အိတ်ဆွတ်ပေးရပါကြောင်း၊ အပင်ငယ်ချိန်တွင် တစ်လ လျှင် ရေ(၂)ကြိမ်၊ ဆောင်းရာသီတွင် (၁) ကြိမ်၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များ ကို ပြုစုပေးပါက တစ်နှစ်သား အရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး ကီလိုမာလကာ သီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ် ထွန်း အောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင် အတွက်ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိရာ  တစ်ဧက အတွက် ပျမ်းမျှအလုံးရေ ၃၅၀၀၀ မှ ၄၀၀၀၀ လုံး ထွက်ရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီ လ ဒုတိယပတ်တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ဗြွန်ဈေး ငွေကျပ် ၃၅၀-၃၈၀ နှုန်းဖြင့် ရောင်းချရပါကြောင်း၊ လက်လီဈေး တစ်လုံးလျှင် (၅၀၀- ၁၀၀၀)ကျပ်ထိ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကီလို မာလကာ တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ် ၇၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် စိုက်ခင်းသို့ ပွဲစားများမှ ဖောက်သည်လာယူခြင်း၊ မုံရွာသစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း