ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်ပဲမျိုးစုံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းပြန်လည်မြင့်တက်

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၆၇၀၀၀)ကျပ်နှင့် အောက်စတစ်တင်းလျှင်(၆၆၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၂၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဈေးနှုန်းအနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်း ကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၂၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၃၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၃၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၂၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်၏  ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲဖြူတစ်တင်း လျှင်(၈၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၁၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၃၀၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၅၀၀)ကျပ်၊ (V7)တစ်တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့၌ မြေပဲဆုံဆီ နဝလီကြိတ်ခွဲသည့် လုပ်ငန်းရှင်များ အဆင်ပြေပြီး တွက်ခြေကိုက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် မြေပဲဆုံဆီ နဝလီ ကြိတ်ခွဲသည့် လုပ်ငန်း ရှင်များ ယခင်ကထက်ပို၍ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဖြန့်ဖြူး ထုတ်လုပ် ရောင်းချခြင်းထက် နဝလီကြိတ်ခွဲသည်မှာ  ပို၍ တွက်ခြေကိုက်မှုရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ မြေပဲ လုံးဆံ တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၈၄၀၀) ပဲလေး တစ်ပိဿာလျှင် ကျပ်(၇၈၀၀-၈၁၀၀) ပဲခွေဖတ် တစ်ပိဿာလျှင် ကျပ်(၆၂၀၀-၆၄၀၀)ဖြစ်ကြောင်း၊ ဆုံဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀) ဖြင့် ရောင်းချနေကြောင်း၊ ဆုံကြိတ်ခမှာ ()ပိဿာ တစ်ဆုံလျှင် ကျပ်(၃၀၀၀)ယူပြီး (၂၅)ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ်(၁၅၀၀၀) လက်ကားဈေး ကျပ်(၁၃၀၀၀)ယူကြောင်း၊ ကြိတ်ခွဲချိန် ကြာချိန်မှာ ()ဆုံလျှင် ()နာရီ မှ (:၁၅)ကြာပြီး   ဆုံ()လုံးရှိသော လုပ်ငန်းရှင်မှာ တစ်နေ့လျှင် မြေပဲအိတ်(-)အိတ်၊ ဆုံ()လုံးရှိသော လုပ်ငန်းရှင်မှာ မြေပဲအိတ်(-)ခန့် ကြိတ်ခွဲပြီးကြောင်း၊ ဆုံအရေအတွက်ပေါ်မူတည်၍ မိသားစုဝင်ငွေ တစ်ရက်လျှင် ကျပ်(၃၀၀၀၀-၅၀၀၀၀)ရရှိကြောင်း၊ ဈေးကွက်ရှာစရာမလိုဘဲ အလုပ်အကိုင်အခွင့်အလမ်းရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေပြီး တွက်ခြေကိုက်ကြောင်း  နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ လေ့လာ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းနက်(စမုန်)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ဇူလိုင်လဆန်းမှစ၍ နှမ်းဈေးများ မြင့်တက်လာကြောင်း ပခုက္ကူဈေးကွက်မှ သိရှိရသည်။ နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် နွေ(နှမ်း)သီးနှံ ပေါ်ချိန်ဖြစ်သော်လည်း နွေ(နှမ်း) စိုက်ပျိုးချိန်တွင် တောင်သူများမှ စိုက်ပျိုးမှုလျော့နည်းခြင်းကြောင့် နှမ်းအထွက်နှုန်းနည်းခြင်း၊ နှမ်းရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် အရည်အသွေးပြည့်ဝသော နှမ်းသီးနှံများ ရှားပါး၍ နှမ်းဈေး မြင့်တက်ကြောင်း၊ ပြည်ပနိုင်ငံများမှ နှမ်းနက်(စမုန်)များ အဓိကအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ဝင်ရောက်မှု နည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက် ကုန်သည်များမှ သိုလှောင်ထားသော နှမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းမျိုးစုံအနက်မှ နှမ်းနက်(စမုန်)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်(၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ် လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

              ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည် အသွေးလိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၄၀၀၀၀-၂၀၀၀၀၀)၊ နှမ်းနက်စမုံ(ရှယ်)တစ်တင်းလျှင် ကျပ်(၂၄၀၀၀၀-၂၃၈၀၀၀)ဖြစ်ပြီး ဒီဇင်ဘာလ (ပထမပတ်)တွင် နှမ်းနက် စမုံ တစ်တင်းလျှင်ကျပ် (၂၄၀၀၀၀-၂၁၀၀၀၀) ဖြစ်၍  ဈေးနှုန်းနှိုင်းယှဉ် ပါက ဈေးငြိမ်နေပြီး ကျန်နှမ်းအမျိုးအစားများမှာ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ် ကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအားကောင်း၍ ဈေးငြိမ်နေပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင် များမှ ဝယ်ယူမှု များကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံသီးနှံများ  အရောင်း အဝယ် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများ တွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင် ထားသော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက် လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၂၀၀-၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ (ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် (၇၉၄၀၀)၊ (ပထမပတ်)တွင် ကျပ်(၇၈၀၀၀)ဖြစ်ပြီး ယခု ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ဈေးနှုန်း အနည်းငယ်တက်နေပြီး   အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်း အဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ်မူတည် ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

မှော်ဘီမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့်စားအုန်းဆီများရောက်ရှိ

           စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဇမ္ဗူကံထွန်းကုမ္ပဏီမှ ခွဲတမ်းရ စားသုံးဆီရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အညာသခွား(ခေါ်)ဆက်တွန်သခွားစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပတ်ဝန်းကျင်ရှိ မကွေးကျွန်း၊ သင်္ဘောကျွန်း၊ ကြက်နဖကျွန်းတို့တွင် အညာသခွား(ခေါ်) ဆက်တွန့်သခွားကို သီးညှပ်စိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်း ဒေသကြီးအတွင်းသာမကပဲ အခြားတိုင်းဒေသကြီး၊ အခြားမြို့နယ်များတွင်လည်း စိုက်ပျိုး၍ အရောင်း အဝယ်များ ဖြစ်ပေါ်လျက်ရှိကြပါသည်။ အညာသခွား(ခေါ်) ဆက်တွန့်သခွားကို ဇွန်လကုန်မှ စတင် စိုက်ပျိုးပြီး နိုဝင်ဘာလ (တတိယပတ်) နှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လျက်ရှိပြီး အရောင်းအဝယ် အများဆုံးဖြစ်ပေါ်လျက်ရှိပါသည်။

     အညာသခွား (‌ခေါ်)ဆက်တွန့်သခွား ထွက်ပေါ်လာသည့်အချိန်တွင် မကွေးမြို့ပေါ်တွင်ရှိသော မြို့မစျေး၊ မင်္ဂလာစျေး၊ ကန်သာစျေးနှင့် ရန်ပယ်စျေးများသို့ အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် သခွား သီး (၁)တောင့်လျှင် အရွယ်အစားပေါ်မူတည်၍ ကျပ်(၅၀၀- ၆၀၀-၇၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်ဒေသထွက် ကန်စွန်းဥ (ဒေသခေါ်) မျောက်ခေါင်း ဈေးနှုန်းစျေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ရေထွက်လုပ်ငန်းများဖြင့် စီးပွားရေးလုပ်ကိုင်ကြသလို ဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်လည်း စီးပွားဖြစ်လျက်ရှိသည်။ ‌ဒေသတွင်း စိုက်ပျိုးသီးနှံများတွင် စားဖိုဆောင်သီးနှံများပါဝင်သလို ရာသီပေါ်သီးနှံများလည်းရှိသည်။  ရာသီပေါ် သီနှံများမှ ကန်စွန်းဥသည် လူကြိုက်များပြီး စီးပွားဖြစ်လျက်ရှိသော အစားအစားတစ်ခုဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြသလို မြို့များ တွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ ဒေသထွက်ကန်စွန်းဥများကို မြို့ရှိ စျေးများတွင် ပြန်လည်ရောင်းချကြပြီး ကန်စွန်ဥအဖြူနှင့် ငချိတ်စျေးနှုန်းတွင် ငချိတ်စျေးနှုန်းမှာ ပို၍ စျေးကောင်းရလျက်ရှိသည်။

          ကန်စွန်းဥကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာြဖစ်ဖြစ်၊ မုန့်လုပ်စားတာဖြစ်ဖြစ် စားသုံး လိုရပြီး အလွန်ပင်စား‌ကောင်းရုံသာမက ကျန်းမာရေးအတွက်လည်း အလွန်ပင်အထောက်အကူ ပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ကန်စွန်းဥမှာ အဟာရဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ အမြင်အာရုံ‌ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေခြင်းနှင့် ကိုယ်အလေးချိန်ကိုကျစေခြင်းတို့ကို သက်သာစေပြီး စသည့်အကျိုးကျေးဇူးတွေရရှိ နိုင်သည့်အတွက် ကန်စွန်းဥကို စားသုံးသင့်ကြောင်း သိရပါသည်။ ကန်စွန်းဥ ကို မုန့်လုပ်ငန်းများတွင် ကန်စွန်းဥကြော်အဖြစ်ထုတ်ပိုး၍ ဒေသထွက်ကုန်အဖြစ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသာ ကန်စွန်းဥဈေးနှုန်းမှာ ကန်စွန်းဥ အကြီးစားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် အသေးစားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိပြီး အကြော်တစ်ထုတ်လျှင် ၅၀၀ကျပ်မှ ၁၅၀၀ကျပ်ခန့်အထိ အရွယ်အစား၊ အချပ်အရေအတွက် အလိုက် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း