မြိတ်မြို့ပေါ်ရှိ ဝင်ငွေရရှိလျက်ရှိသော ကွမ်းရွက်ပင်စိုက်ပျိုးခြင်းနှင့် ကွမ်းရွက်စျေးနှုန်း/စျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ကွမ်းရွက်ပင်များကို တနိုင်တပိုင်စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း အဓိကစိုက်ပျိုး ရောင်းချရလျက်ရှိပါသည်။ ကွမ်းရွက်ပင်များကို  ရေမဝပ်သောမြေ နှင့် တောင်ပေါ်မြေများတွင် အဓိကအားဖြင့် စိုက်ပျိုးကြပါသည်။ မြိတ်မြို့၌ ကွမ်းပင်များ စိုက်ပျိုးရာတွင် ဒေသအခေါ် ကျင်းများဖော်၍ ဒေသမျိုး ဘိတ်ကွမ်းနှင့် ယာကွမ်း‌(ခေါ်) ရန်ကုန် ကွမ်းညွန့်များကို စိုက် ပျိုးကြပြီး အပင်ညွန့်တင်ရန်ကွမ်းတိုင်(ခေါ်)မျှောလုံးကိုအသုံးပြုရသည်။ယာကွမ်း(ခေါ်)ရန်ကုန်ကွမ်း များကို နေရောင်တိုက်ရိုက်မထိတွေ့စေပဲ အမိုးအကာများအောက်တွင် စိုက်ပျိုးကြပြီး ဒေသမျိုးဖြစ် သော ဘိတ်ကွမ်းကိုမူ အမိုးအကာများမလိုအပ်ပဲ နေရောင်အောက်တွင် တိုက်ရိုက်စိုက်ပျိုးနိုင်ပါ သည်။

      ကွမ်းရွက်ပင်၏ ကျန်းမာသန်းစွမ်းမှုအရ စိုက်သည့်ရက်မှ ရက်ပေါင်း ၉၀ မှ ၁၂၀ အကြာတွင် စတင်ခူးဆွတ်နိုင်သည်။ကွမ်းရွက်ပင်များသည်စတင်ခူးဆွတ်ချိန်တွင်အထွက်နှုန်းနည်းပါးသော်လည်း နောက်ပိုင်းတွင် ကွမ်းရွက်အထွက်နှုန်းပိုမိုများပြားလာ၍ လအလိုက် ၁၅ ရက်ခန့် တစ်ကြိမ် ခူးဆွတ် နိုင်ပါသည်။ ရာသီဥတုပေါ်မူတည်၍ ရေများကို ဂရုတစိုက်လောင်းပေးရန်လိုအပ်ပါသည်။ ယခု ဇွန်လ ဒုတိယအပတ်တွင် မြိတ်မြို့၌ ဒေသမျိုး ဘိတ်ကွမ်းထက် ယာကွမ်း(ခေါ်) ရန်ကုန်ကွမ်း‌ ဈေးကောင်း လျက်ရှိပြီး ကွမ်းရွက် ၃၀ ရွက်ခန့်ပါသော အစည်းကြီး ၁ စည်းလျှင် ၂၂၀၀ ကျပ်ခန့် ဈေးပေါက်နေပြီး အစည်း ၁၀၀ ခန့်ပါသော ကွမ်းရွက်အကြီးတစ်ထုတ်လျှင် ၂၂၀၀၀၀ ကျပ်ခန့်ထိ ဈေးကောင်းလျှက် ရှိပြီး ဒေသတွင်း စျေးကွက်ဖြစ်သော မြိတ်မြို့ပေါ်ရှိ ကွမ်းယာအရောင်းဆိုင်များ၊ ပင်လယ်ရွာများသို့ အဓိကထား၍ ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ပေါ်ရှိကွမ်းရွက်အဝယ်ဒိုင်များဆီမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)