၂၀၂၆ခုနှစ် မေလအတွင်း ညောင်တုန်းမြို့နယ်၏ ဆန်/ ဆန်ကွဲ ပြည်တွင်းနှင့် ပြည်ပ တင်ပို့မှုအခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့် အထက် ဆန်စက်အလုံးရေ (၄၈)လုံးရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ်ပုံမှန် (စီးထွက်) လျက်ရှိပြီး ပြည်ပသို့လည်း တင်ပိုကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ် ၂၀၂၆ ခုနှစ် မေလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၂၃၀၃၆ အိတ်၊ တန်အားဖြင့် ၁၁၅၂ တန်နှင့် ကားအစီးရေ ၇၂ စီး၊  ဆန်ကွဲအနေဖြင့် ၁၅၄၃၇ အိတ်၊ တန်အားဖြင့်၇၇၂ တန် ကားအစီးရေ ၅၅ စီး ကုန်ပို့လွှာဖြင့် တင်ပို့ကြောင်း၊ ဆန်ပြည်ပတင်ပို့မှုအနေဖြင့် ၁၅၆၈၆၀ အိတ်နှင့် ကားအစီးရေ ၁၆၅စီးတင်ပို့ကြောင်း၊ ဆန်ကွဲ ၁၀၇၄၄၀ အိတ်၊ ကားအစီးရေ ၁၆၄စီး တင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

           ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)