တနင်္သာရီတိုင်းဒေသကြီးအတွင်း နွေ၊မိုးစပါး စိုက်ပျိုး၊ ရိတ်သိမ်းပြီးစီးမှုအခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံတောင်ပိုင်းတွင်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးသည် ဆန်စပါးလိုအပ်သည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ဒေသတွင်းစားသုံးသူပြည်သူများ စားရေရိက္ခာအတွက် အဓိက  လိုအပ်သည့် ဆန်စပါးများကို အနီးပတ်ဝန်းကျင်ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှတစ်ဆင့် ကုန်းလမ်းရေလမ်းများဖြင့် တင်သွင်းလျက်ရှိပါ သည်။ ထို့ကြောင် ဒေသအတွင်းတွင် နွေစပါး၊ မိုးစပါးများစိုက်ပျိုးကြပြီး ဒေသတွင်းဆန်စပါးဖူလုံမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

       ရေမြေရာသီဥတုအခြေအနေအရ မိုးရွာ သွန်းမှုများပြားသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသတွင်းဆန်စပါးဖူလုံရေးအတွက် အဓိက အားထားရသည့် မိုးစပါးစိုက်ပျိုး၊ ရိတ်သိမ်းခြင်း လုပ်ငန်းစဉ်များအားလုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်တို့ရှိ တောင်သူ လယ်သမားများသည် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများအား လုပ်ဆောင်ကာ စပါးအသစ်များ သိုလှောင်ခြင်းနှင့် ရောင်းချခြင်းများကို လုပ်ဆောင်နေကြပြီဖြစ်ပါသည်။

      ယခုနှစ် မိုးစပါးရာသီတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သွင်းအားစုစရိတ်များဖြစ်သည့် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်မားမှုများကြောင့် စပါးတစ် ဧကလျှင် ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပါသည်။ လုပ်သားရှားပါးမှုများကြောင့် နေ့တွက်လုပ်အားခ ပိုမိုပေးချေခဲ့ရသဖြင့် အကျိုးအမြတ်လျော့နည်းနိုင်ကြောင်း သိရပါသည်။

      ၂၀၂၅-၂၀၂၆ ခုနှစ်၊ မေလကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ပျိုးပြီးစီး၊ ရိတ်သိမ်းမှုအနေဖြင့် ထားဝယ်ခရိုင်တွင် လျာထားဧက (၈၄၁)၊ စိုက်ဧက (၈၉၂)၊ ရိတ်သိမ်းဧက (၈၉၂)၊ အထွက်နှုန်းအနေဖြင့် (၇၇.၂၀)တင်း၊ အထွက်တင်းအနေဖြင့် (၆၈၈၆၁)တင်း၊ မြိတ်ခရိုင်တွင် လျာထားဧက (၇၂၅၂)၊ စိုက်ဧက (၇၂၆၉)၊ ရိတ်သိမ်းဧက (၇၂၆၉)၊ အထွက်နှုန်းအနေဖြင့် (၇၂.၁၃) တင်း၊ အထွက်တင်းအနေဖြင့် (၅၂၄၃၂၉)တင်း၊ ကော့သောင်းခရိုင်တွင် လျာထားဧက (၈)၊ စိုက်ဧက (၅)၊ ရိတ်သိမ်းဧက (၅)၊ အထွက်နှုန်းအနေဖြင့် (၈၅.၈၀)တင်း၊ အထွက်တင်းအနေဖြင့် ‌(၄၂၉)ဧက၊ ဘုတ်ပြင်းခရိုင်တွင် လျာထားဧက (၅)၊ စိုက်ဧက (၁၅)၊ အထွက်နှုန်းအနေဖြင့် (၆၃.၂၀)တင်း၊ အထွက် တင်းအနေဖြင့် (၉၄၈)တင်း၊ တိုင်းဒေသကြီးချုပ်အနေဖြင့် လျာထားဧက (၈၁၀၆)ဧက၊ စိုက်ဧက (၈၁၈၁)၊ စိုက်ဧက (၈၁၈၁)၊ အထွက်နှုန်းအနေဖြင့် (၇၂.၆၈)တင်း၊ အထွက်တင်းအနေဖြင့် (၅၉၄၅၆၇) တင်း ဖြစ်ကြောင်း သိရှိရပါသည်။

     ၂၀၂၅-၂၀၂၆ ခုနှစ်၊ မေလကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးပြီးစီး၊ ရိတ်သိမ်းမှုအနေဖြင့် ထားဝယ်ခရိုင်တွင် လျာထားဧက (၁၀၀၅၂၈)၊ စိုက်ဧက (၁၀၀၅၂၈)၊ ရိတ်သိမ်း ဧက (၁၀၀၅၂၈)၊ အထွက်နှုန်းအနေဖြင့် (၇၄.၀၆)တင်း၊ အထွက်တင်းအနေဖြင့် (၇၄၄၄၉၉၀)တင်း၊ မြိတ်ခရိုင်တွင် လျာထားဧက (၁၁၇၀၆၄)၊ စိုက်ဧက (၁၁၆၉၅၉)၊ ရိတ်သိမ်းဧက (၁၁၆၉၅၉)၊ အထွက် နှုန်းအနေဖြင့် (၇၃.၆၇) တင်း၊ အထွက်တင်းအနေဖြင့် (၈၆၁၆၅၂၉)တင်း၊ ကော့သောင်းခရိုင်တွင် လျာထားဧက (၁၂၃၃)၊ စိုက်ဧက (၁၂၃၃)၊ ရိတ်သိမ်းဧက (၁၂၃၃)၊ အထွက်နှုန်းအနေဖြင့် (၇၁.၅၈)တင်း၊ အထွက်တင်းအနေဖြင့် ‌(၈၈၂၅၈)ဧက၊ ဘုတ်ပြင်းခရိုင်တွင် လျာထားဧက (၃၅၇၁)၊ စိုက်ဧက (၃၅၇၁)၊ အထွက်နှုန်းအနေဖြင့် (၇၁.၄၅)တင်း၊ အထွက်တင်းအနေဖြင့် (၂၅၅၁၄၈)တင်း၊ တိုင်းဒေသကြီးချုပ်အနေဖြင့် လျာထားဧက (၂၂၂၃၉၆)ဧက၊ စိုက်ဧက (၂၂၂၂၉၁)၊ စိုက်ဧက (၂၂၂၂၉၁)၊ အထွက်နှုန်းအနေဖြင့် (၇၃.၈၀)တင်း၊ အထွက်တင်းအနေဖြင့် (၁၆၄၀၄၉၂၅) တင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

    မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးပါက လယ်မြေအချို့တွင် ဆောင်းသီးနှံနှင့်နွေသီးနှံဆက်လက် စိုက်ပျိုး‌ရေးများကို ပြင်ဆင်နေကြကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဆန်စပါးအဓိကထွက်ရှိ သည့်အထက်မြန်မာပြည်နှင့် ဧရာဝတီတိုင်းတို့မှ ဆန်များကို အမြဲမှာယူတင်သွင်းနေရသည့်ဒေသ ဖြစ်သဖြင့် ဒေသတွင်းဆန်ဖူလုံမှုပိုမိုအားကောင်းလာစေရန်အတွက် ခေတ်မီမျိုးကောင်းမျိုးသန့်များ အစားထိုးစိုက်ပျိုးခြင်းနှင့်စိုက်ပျိုးရေးသုံးကိရိယာများနှင့်စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးတို့ကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)