ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ    စပါးလင်ပင် ဈေးနှုန်း

     စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက်လေ့ရှိပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည်စိုက်ပျိုးကြပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

     ထားဝယ်မြို့အတွင်းရှိ ကျေးရွာအချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူအချို့မှာ မာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက် တောင်သူများထံမှသိရပြီး ဈေးကွက်အတွင်း စပါလင်ပင်သုံးပင်ပါ တစ်စီး  (၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရောင်းအားကောင်းလာသော ကြက်ဥဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

   ထားဝယ်မြို့ပေါ်ရှိ ကြက်ဥအကြီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၅၅၀နှင့် ကြက်ဥငယ်တစ်လုံးလျှင် (၄၀၀ ကျပ်မှ ၄၅၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့နယ်၏ သံပုရာသီးနှင့် သံပုယိုသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် သံပုယိုသီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက သံပုယိုသီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်း များမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ် ဖြင့်လည်းကောင်း၊ သံပုယိုသီး(အကြီး)(၁)လုံးလျှင်(၂၀၀)ကျပ်နှင့် (အသေး)(၁)လုံးလျှင်(၁၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဘိုစားပဲသီး(၁)ပိဿာ လျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) (၁) ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့တွင် မုန်လာဥနီစျေးနှုန်း အနည်းငယ်ကျလာ

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် မုန်လာဥနီများကို ဟင်းချက်ရာတွင်လည်းကောင်း၊ မုန်များ တွင်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း တွင်ကျယ်စွာသုံးစွဲကြသည်။ ၎င်းမုန်လာဥနီများကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များမှ ကားလမ်းဖြင့်မှာယူလျက်ရှိပြီး ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်း ချလျက်ရှိသည်။ လမ်းပမ်းဆက်သွယ်‌ရေးကောင်း၍ ပစ္စည်းဝင်ရောက်မှု အခြေအနေများကြောင့် စျေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

     မြိတ်မြို့တွင် အောင်တိုဘာလ၊ စတုထ္တပတ်တွင် စျေးနှုန်းစုံစမ်းချက်အရ မုန်လာဥနီတစ် လုံးလျှင် ၈၀၀ကျပ်ရှိပြီး ယခင်က ၁၃၀၀ကျပ်ခန့်ရှိကြောင်း ၅၀၀ကျပ်ခန့် ‌စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်ဒေသထွက်သဘာဝဝါးပလုတ်(ခ)ဝါးဂျယ်လီနှင့် စျေးနှုန်း

      ဝါးပလုတ်(ခ)ဝါးဂျယ်လီ ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အဓိကထွက်ရှိသော သဘာဝအစားအစာ ဂျယ်လီအမျိုးအစားတစ်ခုဖြစ်ပါသည်။ နှစ်တစ်နှစ်၏မိုးဦးကာလများတွင်သာ ရရှိပြီး သဘာဝဝါးပင်မှရရှိသော အဆီအနှစ်ဖြစ်သောကြောင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ ဆေးဖက်ဝင်သောအစားအစာတစ်မျိုးလည်းဖြစ်ပါသည်။

      ဝါးပလုတ်(ခ)ဝါးဂျယ်လီပြုလုပ်ရာတွင် တပင်တိုင်ဝါးကိုအပင်အရင်းမှနေ၍ ပထမအဆစ်၏ အောက်နားမှာဓါးဖြင့်အပေါက်များကိုဖောက်ပြီး မိုးရွာသည့်အချိန်တွင် ထိုအပေါက်များမှ မိုးရေများ သည် ဝါးအတွင်းထဲသို့စိမ့်ဝင်ပြီး (၁ဝ) ရက်မှ (၁၅)ရက်ခန့် ကြာသည့်အချိန်တွင် သဘာဝဝါးပလုတ် ကိုရရှိမည်ဖြစ်ပါသည်။ သဘာဝ ဝါးပလုတ်(ခ)ဝါးဂျယ်လီ ကိုစားသုံးခြင်းအားဖြင့် နှလုံးအေးပြီး အမောသက်သာစေပါသည်။ အစာချေဖျက်မှုအားကောင်းပြီး အပှုငြိမ်းစေခြင်းကြောင့် ဖျော်ရည်များ တွင် ထည့်သွင်းသုံးစွဲကြသည်။

     ယခုနှစ်ရဲ့ ပေါ်ဦး ပေါ်ဖျား ဝါးပလုတ်ဈေးနှုန်းများမှာ (၁)လီတာဗူး တစ်ဗူး လျှင် ကျပ် (၃ဝဝဝ-၅ဝဝဝ)ကျပ်ထိ ဈေးဖြင့် အသီးသီးရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 မြိတ်မြို့ပေါ်ရှိ ပန်းငရုတ်ပွဈေးနှုန်း/ဈေးကွက်

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြ သော်လည်း ပန်းငရုတ်ပွကို မစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ငရုတ်ပွကိုမြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေ၊ သဲမြေ၊ နုန်းမြေပွများတွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်နေသော ငရုတ်ပွများသည် ရန်ကုန်တိုင်းမှ အဓိကမှာယူလျက်ရှိပြီး ကုန်စိမ်းစျေးများတွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။ စားသောက်ဆိုင်တွင် လွန်စွာ အသုံးများသည့်အပြင် အစာသွပ်ဟင်းလျာများတွင် အသုံးပြုကြသည်။ စားဖိုဆောင် သီးနှံဖြစ်သည့် ငရုတ်ပွသည် ဗီတာမင် A နှင့် C ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးကြောင်းသိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစတုထ္တပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပန်းငရုတ် ပွဈေးနှုန်းမှာ တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ခန့်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သံပုရားသီးစျေးနှုန်း/စျေးကွက်

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေသော်လည်းစျေးကောင်းရရှိနေကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ တတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီး ဈေးနှုန်း များမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၈၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၅၀၀)ကျပ် ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့် ရှောက်သီး (အသေး) (၁)လုံးလျှင် (၇၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ထားဝယ်မြို့မ ဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(တနင်္သာရီ)

 

 

ရုံးပတီသီးစျေးနှုန်း/စျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မစည်ပင်သာယာစျေးကြီးအတွင်းတွင်ရုံးပတေ့သီးများရောင်းချလျှက်ရှိပါသည်။၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ထားဝယ်မြို့မဈေးတွင် ရုံးပတီသီး(၁) တောင့်လျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ၊ယခုအချိန်သည်အသီးနှံ အနည်းငယ် ရှားပါးသော ကြောင့်ကုန်စိမ်းသီးနှံများစျေးကောင်းရရှိလျှက်ရှိပါသည်။ ရုံးပတေ့သီးများကို ထားဝယ် မြို့ အနီးပတ်ဝန်ကျင်ကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချ သူများထံမှ သိရသည်။

DOCA(တနင်္သာရီ)

 

ကန်ဇွန်းရွက် စျေးနှုန်း/စျေးကွက်

       ထားဝယ်မြို့အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး  ထားဝယ်မြို့ကမ်းနားဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  ၂၀၂၅ ခုနှစ်၊ ယခုအောက်တိုဘာလ တတိယပတ် အတွင်း ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၅၀၀)ကျပ်၊  ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း