
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချနေသော မုံရွာမြို့ ကန်သာယာဈေးရှိ သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကဗလာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
