ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှိဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း အောက်တို ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၈၅၈) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၅၆၆) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၀၈၈)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၈၉၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၉)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၄၁)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၁၇၆)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင် (၃၄)ကျပ်၊ 95 တစ်လီတာလျှင်(၃၉)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၇၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSD တစ်လီတာလျှင်(၈၈)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

 

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၉၀၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၀၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၉၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၃၀)ကျပ် ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၄၀)ကျပ် ၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၇၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၉၀)ကျပ်  ဈေးနှုန်း မြင့်တက် လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ငါးကြီးချဉ်နှင့် ငါးသေးချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့် တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကြောင်း နှင့် ဒေသထွက်ရေချိုငါးများကို  ငါးချဉ်များပြုလုပ်၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ငါးကြီးသားချဉ်ပြုလုပ်သည့် ငါးများကို သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ငါးကြင်း၊ ငါးတို တို့ဖြင့် လည်းကောင်း ငါးသေးချဉ်ပြုလုပ်သည့် ငါးမှာ ငါးဗျက် နှင့် ငါးရှည်(ခေါ်)ခိုင်သင်းကြည်ငါးများဖြင့် သာပြုလုပ်ရောင်းချကြောင်းသိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြီးချဉ် (၁)ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ငါးသေးချဉ်(၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံပင် တို့ဖြင့် ကြော်စား၍လည်းကောင်း ၊ အစိမ်းအတိုင်း နံနံပင် ငရုပ်သီးစိမ်း ကြက်သွန်နီတို့ဖြင့်  သုပ်စား၍လည်းကောင်း စားသောက်အသုံးပြုကြသဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ငါးချဉ် ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော  ကြက်သားဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ အောက်တိုဘာလ နောက်ဆုံးပတ် မွေးမြူရေးကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိခဲ့ပြီး တန်ဆောင်တိုင်အနားနီ၍ ကြက်သားဈေး ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

  ဈေးကွက်အတွင်း စတင်ဝင်ရောက်လာသော ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးများ စိုက်ပျိုးရောင်းချလျက်ရှိ

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီစာ ကိုက်လန်ဖူး(ခေါ်) ကန့်လန့်ဖူးများကို စိုက်ပျိုးကာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရ သည်။

          ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးသည် အရမ်းချိူသော အရွက်တစ်မျိုးဖဖြစ်ကာ လူအများကြိုက်နှစ် သက်သော ဆောင်ရာသီစာသီးနှံတစ်မျိုး ဖြစ်ပါသည်။ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးကို ပန်းဂေါ်ဖီ နှင့်ကြော်စားခြင်း၊ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးကို သူ့ချည်းသတ်သတ်လွတ်ကြော်စားခြင်း၊ မုံညှင်းဖူး၊ မုံလာသီး(ခေါ်)မုံညှင်းသီးတို့နှင့်ပေါင်းစားခြင်း၊ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးကိုပြုတ်၍ မြေပဲဆံထောင်း နှင့် သုပ်စားခြင်း၊ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး ပြုတ်၍ ငပိချက်နှင့်တို့စားခြင်းများနှင့် မိမိတို့ ကြိုက်နှစ် သက်သည့် ပုံစံမျိုးဖြင့် စားသုံးနိုင်သော အရန်ဟင်း တစ်မျိုးဖြစ်ပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူးဈေးနှုန်းများမှာ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး(၁၀)စီးပါ တစ်ထုံးလျှင် (၁၂၀၀၀)ကျပ်၊ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး(၁)စီးလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ရွှေဖရုံသီးစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

       ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိကစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက် ရှိပါသည်။

          ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင်  မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၆ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင်အလုံးရေ၁၀၀၀-၁၅၀၀ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် အောက်တိုဘာလတတိယပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် လက်ကား ဈေး ၂၀၀၀/-ကျပ်ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီလက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ပြန်လည်ရောင်းချကြကြောင်း၊ရွှေဖရုံ သီးပင် စိုက်ပျိုးခြင်းသည် အသီးများ သာမကအညွန့်(အရွက်)များပါရောင်းချရသောကြောင့်အပိုဝင်ငွေများရရှိပြီး တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

DOCA (ဧရာဝတီ)

ရာသီစာ ဗုံလုံသီး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ဗုံလုံသီးကို သီးနှံထွက်ချိန် ရာသီမှီ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါ သည်။ ဗုံလုံသီးကို မိုးဦးကာလဖြစ်သည့် မေလနှင့်ဇွန်လများတွင်လည်းကောင်း၊ အောက်တိုဘာ လနှင့် နိုဝင်ဘာလများတွင်လည်းကောင်း  စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်း ရေတင် စနစ် ဖြင့် ဘောင်ခတ်စိုက်ပျိုးခြင်းအပြင် စိုက်ကျင်းတူး၍လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး တစ်လခန့် အကြာတွင် စင်ထိုး၍ ဗုံလုံသီးအနွယ်(အညွန့်)များကို စင်ပေါ်တင်ပေးရပြီး နှစ်လခန့်အကြာတွင် အသီး များ ခူးဆွတ်ရပါသည်။ ဧကဝက် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်  မျိုး၊သွင်းအားစု၊လုပ်သားခ အပါ အဝင် ၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင် မြင်ဖြစ်ထွန်းမှုအပေါ်မူတည်၍ အတောင့်ရေ ၂၀၀၀ နီပါးထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလတတိပတ်တွင် လက်ကားဈေးတစ်တောင့်လျှင် ၆၅၀ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ရာသီကုန်ချိန်တွင် ၈ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း ရောင်းချမှုအပြင်  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိကာ ဗုံလုံသီး များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုး လာကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးအား စားဖိုဆောင်သီးနှံအဖြစ် စိုက်ပျိုး

      ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုရှိ တောင်သူများမှာ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး  ပဲကြီးသီးနှံအား စားဖိုဆောင်သီးနှံအဖြစ် လယ်ကန်သင်းများ ချောင်းဘေး၊ မြေပြန့်၊ မြေလွတ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းသိရပါသည်။

             ဒေသတွင်း တောင်သူများမှာ ပဲကြီးသီးနှံအား  စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ အများအားဖြင့် ပဲကြီးဆွပ်ပဲမျိုး  ကိုသာစိုက်ပျိုး၍ ပဲကြီးမျိုး ပိဿာ (၂၀)တစ်တင်း လျှင် ငွေကျပ် (၁၃၀၀၀၀)၊ တစ်ပိဿာလျှင် ငွေကျပ် (၆၅၀၀)ဖြင့် ဝယ်ယူစိုက်ပျိုး ရပါကြောင်း စိုက်ပျိုးနည်းမှာ  ကန်သင်းများတွင် ပေါက်ပြားဖြင့် ကျင်းပြုလုပ်ပြီးစိုက်ပျိုးရကြောင်း၊ ဧကလိုက် စိုက်ပျိုးမှုနည်းပြီး  အများအားဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင်  ဇီးကုန်း မြို့နယ် အနေဖြင့် ပဲကြီးစိုက်ဧက  (၁၅)ဧကခန့်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရပါသည်။

            ပဲကြီးသီးနှံအား နှစ်စဉ် မီးဖိုချောင်သုံး ဟင်းတစ်မယ်အဖြစ် ပဲကြီးရေစိမ်၊ ပဲသုပ်၊ ပဲဟင်းစသည်ဖြင့် နှစ်ပတ်လည် စားသုံးမှုအတွက် နှစ်စဉ် ဆောင်းသီးနှံ အဖြစ် မြေလွတ်များတွင် စိုက်ပျိုးကြပြီး ပိုလျှံရောင်းချမှု အပေါ် မြို့နယ်ပဲအဝယ်ဒိုင်များမှ ဝယ်ယူမှုရှိပြီး ယခင်နှစ် ပဲကြီးပေါ်ချိန် ဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀)ခန့် ရှိသဖြင့် စားသုံးရန်အပြင် အပိုဝင်ငွေရ သီးနှံ ဖြစ်သဖြင့် မြေလွတ်နှင့် ကန်သင်းများတွင် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိ ကြောင်းသိရသည်။

DOCA (ပဲခူး)

ပြည်မြို့၏ နေ့စဉ်ဝင်ရောက်လျက်ရှိသော ပြောင်းဖူးဈေးကွက်

       ပြည်မြို့၏ သစ်သီးဝလံရောင်းဝယ်မှုဈေးကွက်တွင် ပြောင်းဖူးဈေးကွက်သည်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ပြောင်းဖူးစိမ်းများအား ဈေးများသို့ ပြည်အနီးအနားဒေသများ ဖြစ်သော ဆင်မြီးဆွဲ၊ မှော်ဇာကျေးရွာများမှ ဝင်ရောက်ကြကြောင်းသိရှိရပါသည်။ ပြောင်းဖူးပြုတ်နှင့် ပြောင်းဖူးစိမ်းများအား စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသလို လမ်းဘေးတွင် ပြောင်းဖူးဖုတ်ရောင်းချသူများလည်းရှိကြပါသည်။ မိုးကုန်ရာသီကာလဖြစ်သော ကြောင့် ပြောင်းဖူးများဈေးကွက်အတွင်းပေါများထွက်ပေါ်ခြင်းမှာ ခုတ်တက်စနစ်စိုက်ပျိုးသောကြောင့် ပြောင်းဖူးများ တစ်ခင်းပြီးတစ်ခင်း ထွက်ရှိသောကြောင့် ဈေးကွက်တွင် ပြောင်းဖူးသီးနှံကို ရာသီအချိန်ကာလမရွေး စားသုံးနေကြရပါသည်။ပြောင်းဖူးဈေးကွက်အနေဖြင့် တစ်ဖူးလျှင် (၅၀၀/ ၇၀၀)ကျပ်ဖြင့် ရောင်းချပြီး အရွယ်အစားအလိုက် ဈေးကွာခြားမှုများရှိကြောင်းလည်း တွေ့ရှိရ ပါသည်။                                                                                     

DOCA(ပဲခူး)

ပြည်ဒေသထွက်ကတွတ်သီးဈေးကွက်

               ပြည်မြို့၊ ဒေသထွက်ကတွတ်သီးများ အထွက်နည်းနေ၍ ဈေးကွက်အတွင်း ယိုထိုးရောင်း ချသူများ ထွက်သမျှကိုစုဆောင်း၍ ဈေးကွက်တွင်ရောင်းချရန်အတွက် အဝယ်စချိန်ဖြစ်ပါသည်။ ယခင်က ကတွတ်သီးအထွက်ပေါ်ချိန်တွင် အလုံး (၁၀၀)ကို (၈၀၀)ခန့်ရောင်းချကြပြီး ယခုကတွတ်သီးများ ရောင်းချရာတွင် အလုံး (၁၀၀)ကို (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း