“ စဉ့်ကိုင်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ကလေး/လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

                 ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေး/လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စဉ့်ကိုင်မြို့ပေါ်ရှိ ကလေး/လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကို အများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်၊ ကလေး/လူကြီးအာဟာရဖြည့်စွက်စာနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီးသက်ဆိုင်ရာဌာန၏ခွင့်ပြုချက်ပါဝင်သောတရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)