“ဂွေးတောက်ရွက်ဈေးနှုန်းဈေးကွက်”

Powered by Drupal

          ကျောက်ဆည်မြို့နယ်ရှိ ဒေသခံပြည်သူများသည်  မိရိုးဖလာတောင်သူ လုပ်ငန်းများနှင့် အတူ တစ်ပိုင်တစ်နိုင် စားဖိုချောင်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့်အပြင်  ဂွေးတောက်ပင် အပုမျိုးများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေများရရှိ ကြောင်း၊ဂွေးတောက်ရွက်ကို ယခင်က စီးပွားဖြစ်စိုက်ပျိုးခဲ့ခြင်းမရှိသော်လည်း ယခုအချိန်တွင် စားသုံးမှု များပြားလာသည်နှင့်အညီ စားသောက်ဆိုင်ကြီးများက ဝယ်ယူကာ ဟင်းလျာအဖြစ် ပြန်လည်ရောင်းချကြသည့်အတွက် ဂွေးတောက်ရွက်မှာ ဝယ်လိုအားကောင်းကာ ဈေးကွက်ရရှိ လျက်ရှိကြောင်း ၊ပုံမှန်ဈေးမရှိသော်လည်း (၁)ပိသာလျှင် (၅၀၀၀)ကျပ် မှ (၆၀၀၀)ကျပ်ဈေးရရှိကြောင်း၊ ဂွေးတောက်ပင် (၁)ဧက စိုက်ပျိုးရန်အတွက် မျိုးစေ့(၁)ပြည်သာ လိုအပ်ပြီး ပင်ကြား (၁)ပေ နှင့် ဘောင်ကြား (၂)ပေ ဖြင့်  အပင်(၂၀၀၀၀)ကို အကွက်ကျ အတန်းလိုက် စိုက်ပျိုးနိုင်ကြောင်း ၊ စိုက်ပျိုးပြီး ရက်(၉၀)အချိန်တွင် စတင်ခူးယူရောင်းချနိုင်ကြောင်း ၊ ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖြန်းရကြောင်း ၊ ဂွေးတောက်စိုက်ပျိူးသူသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)