ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂွေးချိုသီးစျေးနှုန်း/စျေးကွက်

       ထားဝယ်မြို့အတွင်းရှိ ကျေးရွာများ၌ ခြံစည်းရိုးများတွင် ဂွေးသီးပင်များကို စိုက်ပျိုးထားရှိကြကြောင်း၊ ဂွေးသီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး စက်တင်ဘာလဆန်းမှစ၍ ရာသီပေါ်ဂွေးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ဂွေးသီးပင်တွင် ဂွေးချိုပင်နှင့် ဂွေးချဉ်ပင် ဟူ၍ နှစ်မျိုးရှိကြောင်း၊ ဂွေးချိုသီးများကိုပိုမိုဝယ်ယူမှုများပြီ အချဉ်ပေါင်းပြုလုပ်ရာတွင်  စားသုံးကြ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဂွေးသီး(၄)လုံးလျှင် ၅၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အလုံးအကြီးအသေး အရွယ်အစားအပေါ်တွင် မူတည်၍ ဈေးနှုန်းကွာခြားပြီး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပဲစောင်းလျားသီးစျေးနှုန်း/စျေးကွက်

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးများကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင် လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ထားဝယ်မြို့ ပေါ်ရှိ စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါ သည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်၊ငရုပ်သီးစိမ်းဖြင့်ကြော်၍ စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေးတွင် ပဲစောင်း လျားသီးတစ်တောင့်လျှင် (၁၀၀/-)ကျပ်၊ ၁၃တောင့်လျှင် (၁၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စျေးနှုန်းမြင့်တက်လျက်ရှိသောချဉ်ပေါင်စျေးနှုန်း/စျေးကွက်

      တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ချဉ်ပေါင် စိုက်ပျိုး သူများ အပိုဝင်ငွေရရှိ၍ ဒေသတွင်း ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချ ခြင်းဖြင့် နေစဉ်ပုံမှန် ဝင်ငွေ ရရှိလျက်ရှိသည်။

         ချဉ်ပေါင်စိုက်ပျိုးမှုကို အနီနားကျေးရွာများတွင် စိုက်ပျိုးကြသည်။ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး  ၁လအကြာတွင် ရောင်းတန်းဝင်ကြောင်း၊ မြန်မာချဉ်ပေါင်၊ ချဉ်ပေါင်နီတို့ စိုက်လေ့ရှိကြပြီး ချဉ်ပေါင်စေ့ ကျဲပြီး (၃)ရက်မှ (၅)ရက်အတွင်း အပင်ငယ်များ ဖြစ်လာသည်။  ချဉ်ပေါင်ပင်စိုက်ပျိုချိန်တွင်ကျဲစိုက်ရကြောင်းနှင့် စိုက်ပျိုးပြီး (၄၅)ရက်မှ (၆၀)ရက်အတွင်း ခူးဆွတ်ကာ ဈေးကွက်တင်ပို့နိုင်သည်။ ချဉ်ပေါင်စိုက် သူများအနေဖြင့် ပုံမှန်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ချဉ်ပေါင်းတစ်စည်းလျှင် (၅၀၀)ကျပ်ဖြစ် အရောင်းဝယ်ဖြစ်နေ ကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

ရောင်းအားကောင်းလျက်ရှိသော ထားဝယ်အုန်းသီးနုစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် အုန်းပင်စိုက်ပျိုးသူများပြားပြီး အုန်းသီးစိမ်း အနု ရောင်းချသူများရှိကြောင်း သိရသည်။ ထားဝယ်မြို့နယ်တွင် အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များ၊ သုံးဘီများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြသည်။ အုန်းစိမ်းရည် ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင် သူများ များ ရှိလာသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချ ကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်အောက်တိုဘာလ ၂၀ရက် တွင် ထားဝယ်မြို့ပေါ်တွင်  အုန်းစိမ်းရည် တစ်လုံးလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်၊ အုန်းသီးအရင့် တစ်လုံး ၃၅၀၀၊ ကြွက်မြီးဆွဲ ၆၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း အုန်းစိမ်းရည်ရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ငရုတ်သီးဈေးနှုန်း အနည်းငယ်မြင့်တက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နိုဆီဘူး(၁)ဘူးလျှင် (၁၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တိုဘာလ အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းတက်သွားကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့ နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့နယ်၌‌ရောင်းချနေသောရှမ်းကြက်သွန်ဖြူဈေးနှုန်းများကျဆင်းလာခြင်း

    မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်ရွာ၊ တောပုရွာ၊ ‌ဂေါင်းကွဲရွာနှင့် ပတ္တာရွာများတွင် ဗမာကြက် သွန်ဖြူများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ နွေရာသီနှင့် မိုးရာသီများ၌ ကြက်သွန်ဖြူများစိုက်ပျိုး ဖြစ်ထွန်းမှုမရှိကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ကြက်သွန်ဖြူများ ထွက်ပေါ်ကုန်ဆုံးပြီဖြစ်သောကြောင့် မြို့နယ်အတွင်းသို့ ဈေးကွက်လိုအပ်ချက်အရ ကြက်သွန်ဖြူ များကို ရှမ်းပြည်နယ် တောင်ပိုင်းအောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်း ရောင်းချကြောင်း သိရှိရသည်။  ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရှမ်းကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ထူး(၄) တစ်ပိဿာ (၆၅၀၀) ကျပ်၊  ထူး ၅ တစ်ပိဿာ(၇၀၀၀)ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၉၅၀၀) ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၈၀၀၀-၂၃၀၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချ   လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်နှင့် နှိုင်းယှဉ် ပါက ယခုလတွင် ရှမ်းကြက်သွန်ဖြူ အစစုံတစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်သော ကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့် ဒေသအတွင်း ရောင်းချရကြောင်း၊ စာသုံးမှုများ၍ အရောင်းအဝယ် ကောင်းကြောင်း၊ ကြက်သွန်ဖြူရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းဖြူ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၈၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူသီးနှံ တစ်တင်းလျှင် (၁၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေး မြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)       

အောက်တိုဘာလအတွင်းရှိမြင်ခြံမြို့၏ဘုရားပန်းဈေးနှုန်းများ

          မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာ‌ဈေးတို့တွင် ရောင်းချနေသော ဘုရားပန်း အမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများမှာ မေမြို့ပန်းတစ်စည်းလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် (၁၅၀၀- ၂၀၀၀) ကျပ်၊ သစ္စာပန်းတစ်စည်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊  ဂျပန်အနီနှင်းဆီ ၁၀ ပွင့်ပါတစ်စည်းလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ လီလီပန်းတစ်ခက်လျှင် (၂၀၀၀၀) ကျပ်၊ စိန်လယ်တုံတစ်စည်းလျှင် (၁၅၀၀-၂၀၀၀) ကျပ်နှင့် နှင်းပန်းတစ်စည်းလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ယခုလတွင် ဈေးနှုန်းများအတက်အကျမရှိဘဲ ယခင်စက်တင်ဘာလဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သဒ္ဒါကြည်ညိုစိတ်ဖြင့် မြတ်စွာဘုရား ကိုရည်မှန်းပြီး ဘုရားပန်းအမျိုးမျိုး ကပ်လှူကြသောကြောင့် ဘုရားပန်းများမှာ ဈေးကွက် တစ်ခုဖြစ်လျက်ရှိပြီး နေ့စဉ်ရောင်းချရကြောင်း၊ ကုသိုလ်လည်းရဝမ်းလည်းဝ၍ မွန်မြတ်သော အရောင်းအဝယ်ဖြစ်ကြောင်း၊ ပန်းအရည်အသွေးလတ်ဆတ်မှုအပေါ်တွင် ဈေးနှုန်းများအနည်းငယ် ကွာခြားကြောင်း ဘုရားပန်းရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ရာသီပေါ်ရွှေဖရုံညွှန့်ဈေးနှုန်းများ

       မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း၊ ဘောလုံး၊ လှိုင်းတက်၊ အနိမ့်နှင့် နဘူးအိုင်ကျေးရွာများမှ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်  ဥယျာဥ်ခြံ မြေများ စိုက်ပျိုးလျှက်ရှိရာ စိုက်ခင်းများမှထွက်ရှိသော ရွှေဖရုံညွှန့်များကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်‌ရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော ရွှေဖရုံညွှန့် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ယခုမိုးရာသီအချိန်တွင် ရာသီပေါ် ရွှေဖရုံညွှန့်များ လှိုင်လှိုင်ထွက် ပေါ်ချိန်ဖြစ်သောကြောင့် ပေါပေါများများရရှိနိုင်ကြောင်း၊ လူကြိုက်များသော ရွှေဖရုံညွှန့်များ စားသုံးမှုများ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူ များအနေ ဖြင့် အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။  ကျန်းမာရေးအကျိုး ကျေးဇူးအနေဖြင့် ရွှေဖရုံညွှန့်သည် အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေးကြောင်း ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ ကိုလျော့ချ ပေးကြောင်း၊ ပေးကြောင်း၊ ဗီတာမင်အေ၊ စီပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေး၍ အရွယ်တင်နုပျိုစေ ကြောင်းသိရှိရသည်။ 

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌  ပဲတီစိမ်းဈေးနှုန်း ပြန်လည်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၆၀၀၀) ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ် အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၅၅၀၀)ကျပ်ဈေး နှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း