ဒန့်သလွန်သီးစိုက်ပျိုးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများရရှိ”

Powered by Drupal

           မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်လျက်ရှိသော ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန်သလွန်အရွက်ကို ကြော်စားခြင်း ၊ ဟင်းခါးရည်ချက်၍ စားသုံးခြင်းဖြင့် မြန်မာ လူမျိုးများက နှစ်သက်စွာချက်ပြုတ်စားသောက်လေ့ ရှိကြပါသည်။ ဒန့်သလွန်ပင်ကို အစေ့ချ၍ သော်လည်းကောင်း ကိုင်းဖြတ်၍သော်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ဒန့်သလွန်ပင် ကိုင်းဖြတ် စိုက်ပျိုးရာတွင် ကိုင်းများကို အရှည်တစ်မီတာမှ နှစ်မီတာအတွင်းဖြတ်ပြီး အပင်အသစ်အဖြစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၆)လမှ (၈)လအကြာတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချစားသုံးနိုင်မည်ဖြစ်ပါသည်။ အသီးသီးချိန်တွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်း ခူးဆွတ်နိုင်ကြောင်း၊ အပင်တစ်ပင်မှ တစ်ကြိမ်ဆွတ်ခူးလျှင် အသီး (၂၀၀-၃၀၀)ခန့် ခူးဆွတ်နိုင် ကြောင်း၊ ဒန့်သလွန်သီး (၅)ထောင့်ပါ တစ်စီးလျှင် လက်ကားဈေး(၇၅၀/-)ကျပ်၊ လက်လီဈေးအနေ ဖြင့် (၅)ထောင့်ပါ တစ်စီးလျှင် (၁၀၀၀/-)ကျပ်ဖြင့်‌ ရောင်းချရကြောင်း၊ ဒန့်သလွန်သီးကို စားသုံးခြင်းဖြင့် မြန်မာ့ဆေးကျမ်းများအရ သွေးတိုးကျခြင်း၊ အစာကြေလွယ်ခြင်း (လေ၊သလိပ်) ကိုနိုင်ခြင်း၊ မျက်စိ နာလျှင် အစေ့ကိုသွေး၍ လိမ်းပေးနိုင်ကြောင်း၊ အပင်တစ်ပင်လုံး အသုံးဝင်သော ဒန်သလွန်ပင်မှာ အသီး၊ အရွက်၊ အပွင့်တို့သည် အရသာလည်းရှိသောကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သည့်အပြင် တစ်ပင်စိုက်ပျိုးထားပါက အချိန်အကြာကြီး စားသုံးရသဖြင့် စိုက်ပျိုးသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)