ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ လိမ္မော်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည် ဖြင့်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် ၄၅၀၀ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ လိမ္မော်သီးသည် အရည်ရွှမ်းအသီးဖြစ်သည့်အတွက် ကြိုက်နှစ်သက်ကာ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ပြည်ခရိုင်အတွင်း စပါးဈေးများတည်ငြိမ်၊ ဆန်ဈေးအနည်းငယ်ကျ

     ပြည်ခရိုင်၊ တွင်စပါးဈေးနှုန်းများမှာ ယခင်လက်ကျန်ဈေးနှုန်းဖြင့် မှော်ဘီ တင်း(၁၀၀)ဈေး ၁၇၄၈၀၀၀ကျပ်၊ ကရင်မတင်း(၁၀၀)ဈေး ၁၅၆၄၀၀၀ကျပ်၊ရတနာတိုးမှာ ၁၅၆၄၀၀၀ကျပ်၊ နှံကောက်စပါးမှာ ၁၇၄၀၀၀၀ကျပ်ဈေးရှိသော်လည် စပါးအရောင်းအဝယ်မရှိပါ။ ဆန်ဈေးများမှာ မှော်ဘီဆန် (အဟောင်း)မှာ ၇၀၀၀၀ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ဆင်းသွယ်ဆန် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ရိုးနီတစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြစ်၍ ဆန်တစ်အိတ်လျှင် ဈေးအနည်းငယ်ကျနေခဲ့ပါသည်။

     အခြားခရိုင်များမှထွက်ရှိသောနွေစပါးများကို ကြိတ်ခွဲ၍ရောင်းချနေသောဆန်သစ်များကို ပြည်ခရိုင်အတွင်းမှ အရောင်းအဝယ်ရှိနေသော ဈေးများကတော့ အင်းမရဲဘော်(၂၄) ပြည်တစ် အိတ်လျှင် ၆၃၀၀၀ကျပ်၊ အင်းမစူပါတစ်အိတ်လျှင် ၆၅၀၀ကျပ်၊ ကရင်မဆန်သစ် တစ်အိတ်လျှင် ၅၄၀၀၀ကျပ်၊ ဆင်းသွယ်သစ် တစ်အိတ်လျှင် ၆၃၀၀၀ကျပ်၊ ရိုးနီ(အသစ်)(ခပ်ချက်)တစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၆၃၀၀၀ကျပ်၊ ရတနာတိုး ဆန်သား၈၅% တစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ရတနာတိုးဆန်သား ၇၅% တစ်အိတ်လျှင် ၅၁၀၀၀ကျပ်၊ မှော်ဘီဆန်သစ် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ဧရာဝတီ ၊ ပုသိမ်မြို့မှ ပခမ်းဆန်သစ် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ဆန်တင်ပို့ရောင်းချမှုအနေဖြင့် ပြည်ခရိုင်မှ ဧပြီလတွင် မကွေး၊ အောင်လံ၊သရက် အေးသာယာမြို့များသို့ ဆန်အိတ်ရေစုစုပေါင်း ၃၃၄၇ အိတ် တင်ပို့နိုင်ပြီး ၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်ခရိုင်သို့ ဝင်ရောက်မှုအနေဖြင့် ဆန်အိတ် ၉၀၀ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ ဖရဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ဖရဲသီးများ ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ဒေသတွင်းမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဖရဲသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖရဲသီးအလုံးကြီး(၁)လုံးလျှင် ၅၀၀၀ကျပ်၊ ဖရဲသီးအလတ်(၁)လုံးလျှင် ၃၀၀၀ကျပ်နှင့် ဖရဲသီးအသေး(၁)လုံးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့် လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ပန်းသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ပန်းသီးအမျိုးအစားများမှာ အလုံးကြီးနှင့် အလုံးသေးနှစ်မျိုးရှိပြီး ၂၀၂၅ ခုနှစ် ၊ မေလ ပထမ ပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် ၃၀၀၀ကျပ်၊ ပန်းသီး အလုံးသေး(၄)လုံးလျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ် သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ရောင်းချနေသော ပန်းသစ်တော်သီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ် တော်သီး(၁)လုံးလျှင် ၂၇၀၀ကျပ်၊ အလုံးသေးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် နွေရာသီနှင့်လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများ မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးအလုံး(၁)ပိဿာလျှင် ၁၅၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၃၉၀၀ကျပ်၊ စပျစ်သီးအချွန်း(၁)ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အပြင် ရွှေရင်အေးဆိုင်များမှ ဝယ်ယူကြ သည့်အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါက်ခေါင်းဒေသထွက် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများ စိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၈.၅.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးသောဖရုံသီးမျိုးမှာ အိုးဖရုံမျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅ဧက) စိုက်ပျိုးထားသူနှင့် တွေ့ဆုံမေးမြန်းရာတွင် ဖရုံသီးကို စတင်စိုက်ပျိုးပြီး (၁)လ ခွဲခန့် အကြာတွင် အသီးများထွက်ပေါ်၍ ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ ဖရုံသီး ၀.၂၅ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂၈၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ဖရုံသီး များခူးယူရောင်းချချိန်တွင် ၀.၂၅ဧကတွင် အလုံးပေါင်း ၂၂၀၀ခန့် ခူးဆွတ်ရရှိပြီး တစ်လုံးလျှင် ၄၅၀ကျပ်ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ဆင်း၍ ဝယ်ယူကြပါသည်။ ဖရုံသီးစိုက်ပျိုးသူ တောင်သူအနေဖြင့် ဖရုံသီးရာသီချိန်တွင် ရောင်းရငွေမှာ ၉၉၀၀၀၀ကျပ်ရရှိပြီး တောင်သူ အသားတင် အမြတ်ငွေမှာ ၇၁၀၀၀၀ကျပ်ရရှိကြောင်း သိရပါသည်။

       ထို့ကြောင့် ရွှေဖရုံသီးကို စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိသဖြင့် ရွှေဖရုံသီးသည် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

 

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးများသည် ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့ နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၂၅၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးစားသုံးခြင်းသည် ကျန်းမာရေးကိုအထောအကူပြုသည့်အတွက် လူကြီးလူငယ်မရွေး စားသုံးကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၆၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဂျင်း(ချင်း)တက်ရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်ခရိုင်ထွက်သရက်

     ပြည်ခရိုင်၊ အတွင်း သရက်သီးကိုပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် အဓိက စိုက်ပျိုး လျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု သာရှိပါ သည်။ ခရိုင်အတွင်းသရက်သီးအဓိကစိုက်ပျိုးသော ပြည်မြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် (သရက်ခြံ)ပိုင်ရှင် များနှင့် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာမှ သရက်စိုက်တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်အတွင်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပြည်မြို့နယ်တွင် အပင်ရေ (၇၀၀၀)မှ (၁၀၀၀၀)ကြား စိုက်ပျိုး ထား ရှိပြီး ဈေးကွက်ဝင် စိန်တလုံးနှင့် မြကျောက်အမျိုးအစားများကို အဓိက စိုက်ပျိုးထားပါကြောင်းနှင့် အခြားမျိုးကွဲသရက်သီးများကိုလည်း စိုက်ပျိုးထားရှိပါသည်။ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ ကျေးရွာမှ သရက်စိုက်တောင်သူများအနေဖြင့် မြကျောက်ကိုအဓိကထားစိုက်ပျိုးပြီး အပင်ရေ (၁၀၀၀၀)ဝန်းကျင်ခန့်စိုက်ပျိုးထားပါသည်။

     ထွက်ရှိမှုအနေဖြင့် စိန်တလုံးတပင်လျှင် အလုံးရေ ၂၆၀၀ခန့် ၊ မြကျောက်အနေဖြင့် အလုံးရေ ၁၂၅၀ခန့် ထွက်ရှိပါကြောင်း သရက်စိုက်တောင်သူများအနေဖြင့် ဈေးနှုန်းရရှိမှုမှာ ယခင်နှစ်မှာတော့ မြကျောက်တစ်လုံးလျှင် ၁၀၀၀-၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ ဈေးရရှိပြီး စိန်တလုံးမှာ မထွက်ရှိ သေးကြောင်း သိရှိရပါသည်။

     ဈေးကွက်အနေဖြင့် ယခင်နှစ်များက ပြည်မြို့နယ်မှ ခြံပိုင်ရှင်များအနေဖြင့် ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန်နှင့်ဒေသတွင်းတင်ပို့ရောင်းချလျက်ရှိပြီး ပန်းတောင်းမြို့ နယ်၊ ရွှေဘုံသာကျေးရွာမှ တောင်သူများအနေဖြင့် ပြည်ဈေးကွက်ကို အဓိကထားရောင်းချလျက်ရှိပါ သည်။ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လာမည့်နှစ်တွင် စိန်တစ်လုံး သိန်းချီထွက်ရှိ နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း