
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ) တစ်တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)
