ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၃၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး စားသောက်ဆိုင်များ၊ အိမ်ရှင်မများမှ ဝယ်ယူလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒေသထွက် ခဝဲသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများလည်း စိုက်ပျိုးလျက်ရှိကြောင်း၊  ယခုအခါ ကန့်ဘလူမြို့ နယ်အတွင်း ရာသီပေါ် ခဝဲသီးများစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့်  ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ် ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၀၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များ၍ ဈေးကောင်းရပြီး အရောင်းသွက်သော နှုတ်သီးချွန်ငါးဖောင်ရိုးငါးများ

     ငါးဖောင်ရိုးငါးသည် နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်နဲ့ ပိန်သွယ်သွယ်ငါးမျိုးဖြစ်သော် လည်း အသားမှာတော့ မာမာလေးဖြစ်ပါသည်။ ငါးဖောင်ရိုးဟုခေါ်သော်လည်း ထိုငါးမှာ အ လယ်ရိုးတစ်ရိုးသာပါ သောကြောင့် အရိုးများတဲ့ ငါးကိုကြောက်တတ်ကြတဲ့ စားသုံးသူတွေေအတွက် စားသုံးဖို့ သင့်တော်သောငါးမျိုးလည်း ဖြစ်ပါသည်။ ငါးဖောင်ရိုးငါးမှာ နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်လေးနှင့် ပိန်သွယ်သွယ် ငါးတစ်မျိုးဖြစ်သော်လည်း ငါးအသားမှာတော့ မာဆတ်ဆတ်လေးဖြစ်နေပါသည်။ သူ့ခန္ဓာကိုယ်သည် ငွေမှင်ရောင်နှင့် အစိမ်းရောင်လဲ့လဲ့စပ်ထား သည့် အရောင်မျိုးရှိကြပါသည်။      ငါးဖောင်ရိုးငါးမှာ တစ်ခြားငါးများကဲ့သို့ အကြေးခွံများကို မမြင် ရသော်ငြား ငါးကိုယ်ထည်လေးကို လက်သည်းနှင့် အသာခြစ်ယူလိုက်ပါကအရောင် ကြည်ကြည် အကြေးခွံသေးသေးလေးတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ ထိုငါးသည် ရေချိုနှင့် ရေငန်စပ်တို့တွင် နေထိုင်ကျက်စားတတ်သည်ကို တွေ့ရှိရပါသည်။  စားသုံးသူများမှာ ငါးဖောင်ရိုး ငါးအစိုကို အကြွပ်ကြော်၊ ငါးဖောင်ရိုးအိုးကပ်၊ ငါးဖောင်ရိုး ခရမ်းချဉ်သီးအစပ်ချက်၊ ငါးဖောင်ရိုး ချဉ်စပ် ဟင်းဟူ၍ ချက်စားတတ်ကြပြီး ငါးဖောင်ရိုးခြောက်ကိုမူကင်စား၊ ကြော်စား ခြင်းများပြုလုပ်ကြ ပါသည်။ ထိုငါးဖောင်ရိုးခြောက်ငါးများကို ရာသီပေါ်ချိန်တွင်သာ ဈေးကောင်းကောင်းပေး၍ စားသုံး သူများမှ ဝယ်ယူစားသုံးကြပြီး ဈေးကွက်ထဲတွင် ပစ္စည်းပြတ်လပ်သည်အထိ အရောင်းအဝယ် သွက်သော နာမည်ကြီးငါးခြောက် တစ်မျိုးဖြစ်ပါသည်။ ငါးဖောင်ရိုးခြောက်ကို စက်တင်ဘာလ စတုတ္ထပတ်မှစတင်၍ ဈေးများတွင်တွေ့ရှိရပြီး ပေါ်ဦးပေါ်ဖျားတွင်အကောင်ကြီး တစ်ပိဿာလျှင် ကျပ် (၅၇ဝဝဝိ)၊ အကောင်လတ် တစ်ပိဿာလျှင် (၅ဝဝဝဝိ) ကျပ်ရှိပြီး၊ ယခုအောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်ကြီးတစ်ပိဿာလျှင် ကျပ် (၅ဝဝဝဝိ)ကျပ်၊ အကောင် လတ်တစ်ပိဿာလျှင် (၄ဝဝဝဝိ) ကျပ်ရှိပြီး ဈေးကြီးသော်လည်း စားသုံးသူများ များပြားသည့်အတွက် ဈေးကွက်တွင်ပစ္စည်းများ ပြတ်လပ်သည်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်၏ငရုတ်သီးစိမ်းဈေးကွက်

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခင်နှစ်များစွာက ငရုတ်သီးများကို တောင်ပေါ် ဒေသများ၌ အများအပြားစိုက်ပျိုးခဲ့ကြပါသည်။ ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုး ခြင်းမရှိ၍ လိုအပ်သော ငရုတ်သီးများကို ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲနှင့် ပေါင်းတလည်မြို့များမှ မှာယူတင်သွင်းကာ တစ်ဆင့်ပြန်လည်ရောင်းချကြပါသည်။ ပေါက်ခေါင်းမြို့နယ်သို့ မှာယူတင်သွင်း သော ငရုတ်သီးစိမ်းများမှာ ကျောက်စိမ်းသီးနှင့် အာမိုသီးတို့ဖြစ်ပါသည်။ ဝယ်ယူရသော ဈေးနှုန်း အနေဖြင့် ကျောက်စိမ်းသီးတစ်ပိဿာလျှင် (၅၄၀၀-၅၅၀၀)ကျပ် ဖြင့်ဝယ်ယူရပြီး  ပြန်လည်ရောင်းချ သောဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ အာမိုငရုတ်သီး စိမ်းတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀)ကျပ်ဖြင့် ဝယ်ယူပြီး ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရ၍ တစ်ပိဿာလျှင် (၁၀၀၀-၅၀၀) ကျပ် သာ အမြတ်ယူ၍ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည်လျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊  မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေး ကျေးရွာတို့မှ ခရမ်းသီးအစိုများကို အခြောက်လှမ်း၍ လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ် လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ ဝါးတူစက်ရုံမှ စွန့်ပစ်ဝါးဖတ်နှင့်ဝါးဆစ်များ

     စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသော ဝါးတူများထုတ်လုပ်သည့်စက်ရုံမှ စွန့်ပစ် ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ်အတိုအစများကို ထင်းအစားထိုးလောင်စာအဖြစ် ပြန် လည်အသုံးပြုခြင်းအား အသုံးပြုသူများရော စက်ရုံပါ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပါ သည်။

    ကျေးလက်နေပြည်သူအများစုမှာ ထင်းကိုလောင်စာအဖြစ် အသုံးပြုလျက်ရှိရာ စွန့်ပစ် ဝါးဖတ်နှင့်ဝါးဆစ်များအား လောင်စာအဖြစ် အသုံးပြုခြင်းဖြင့် ထင်းတောတက်ရန်၊ ထင်းခုတ်ရန် မလိုဘဲ ကုန်ကျစရိတ်သက်သာစွာဖြင့် သုံးစွဲနိုင်သကဲ့သို့ စက်ရုံမှလည်း အလေအလွင့်မဖြစ်တော့ဘဲ သင့်တင့်သော စရိတ်စကကို ပြန်လည်ရရှိစေပါသည်။

     ဝါးဆစ်များမှာ ထမင်းဟင်းချက်ပြုတ်ရာတွင်အပြင် မြေအိုးလုပ်ငန်းများမှ အိုးဖုတ်ရာ တွင်လည်း အသုံးပြုနိုင်ပါသည်။ ထမင်းဟင်းချက်ပြုတ်သူများအတွက် ထော်လာဂျီအကြီး တစ်စီး  တိုက်စာကို လေးလခန့်အသုံးပြုနိုင်ကြောင်း သိရပါသည်။

      တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု မင်းလမ်းကျေးရွာရှိ ရွှေဝါး ဝါးတူစက်ရုံတွင် စွန့်ပစ်ဝါးဆစ်နှင့် ဝါးဖတ်များကို မှာယူနိုင်ကြောင်း၊ ထော်လာဂျီ(အသေး)တစ်စီးတိုက်လျှင် ၄၅၀၀၀ ကျပ်နှင့် ထော်လာဂျီ(အကြီး)တစ်စီးတိုက်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးကြောင်း စက်ရုံ ဝန်ထမ်းတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ ပိန်းဥ

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက် အသားငါး ပေါင်းစုံ ရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီ ဖြစ်၍ ရောင်းချနေပြီ ဖြစ်ပါသည်။

     ပိန်းဥမှာ နူးညံ့ပြီး ဟင်းချက်စား၍လည်းကောင်း၊ အဆာပြေပြုတ်စား၍လည်းကောင်း၊ သီးစုံကုလားပဲဟင်းချက်စား၍လည်းကောင်း စားသုံးကြပါသည်။ ဟင်းချက်စားသည့်အရွယ် ဥကြီး နှင့် ပြုတ်စားသည့်အရွယ် ဥသေးဟူ၍ နှစ်မျိုးရှိသော်လည်း ဈေးနှုန်းမှာ တူညီနေပါသည်။

     ပေါ်ခါစက တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရှိသော်လည်း ယခု အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းကြောင်း ပိန်းဥရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့မှ သလဲသီး

     သလဲသီးများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အသီးတစ်မျိုးဖြစ်ပါ သည်။ သလဲသီးတွင် အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်စသည့် ဓါတ်များကြွယ်ဝစွာ ပါဝင်ပါသည်။

     သလဲသီးစားသုံးခြင်းအားဖြင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာများကို သက်သာစေ နိုင်သည့်အပြင် သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်သောကြောင့် သွေးတိုးရောဂါရှိသူများ စားသုံးသင့် သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ သလဲသီးကို ဖျော်ရည်လုပ်၍ သောက်နိုင်သကဲ့သို့ အသီးအနေဖြင့် လည်း စားသုံးနိုင်ပါသည်။

     သလဲသီးတစ်လုံးလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရောင်းချကြောင်း၊ ကျန်းမာရေး အတွက် အကျိုးရှိသကဲ့သို့ အလှအပအတွက်လည်း အသုံးဝင်သည့်အသီးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက်ဈေးနှုန်း များမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကွမ်းရွက် (ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက် ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း