
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မကွေး/ ချောက်ခရိုင်တာဝန်ခံသည် (၂၆.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀)မှ(၁၁:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးရုံ၊ ဆေးကုမ္ပဏီ၊ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်း ဆည်းမှုမှတ်ပုံတင်စာရင်းများ၊ ဆေးများထားသိုသိမ်းဆည်းရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိအား စစ် ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်း များမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/မရှိနှင့် ဆေးများပစ္စည်း ပြတ်လပ်မှု ရှိ/မရှိတို့အား စစ်ဆေးကြပ်မတ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင် တာဝန်ခံ၊ ဒေါ်တင်တင်လှ (လ/ထညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃)၊ ပုဒ်မ (၂၆)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ကြိုတင်အသိပေးခြင်း၊ မှန်ကန်၍ ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီဖြစ်ခြင်း၊ လိုအပ်ချက်နှင့်ကိုက်ညီခြင်း၊ သတ်မှတ်အချိန်ကာလ အတွင်းပြီးစီးဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးစေခြင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
