သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ကြီးမြို့နယ် ယူနီကွန်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)သည် ပုသိမ်ကြီးမြို့နယ် ၊သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပုသိမ်ကြီး မြို့နယ်အတွင်းရှိ  ယူနီကွန်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ၉-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာဝေ၊ ချမ်းအေးသာဇံမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ချိုချိုအေး ၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ဒေါ်သီသီစန်း၊ရဲတပ်သား ဦးသန်းတိုးအောင်၊ တို့ပါဝင်သော ပုသိမ်ကြီးမြို့နယ် ၊ ပူးပေါင်းအဖွဲ့သည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ယူနီကွန်း ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်အား  မှတ်ပုံတင်ထားခြင်းမရှိသော ဆေးမေတ္တာ အမှတ်တံဆိပ်တိုင်းရင်းဆေးများအား  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြန်အောင်မြို့နယ် အမှတ်(၁)ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၂.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ စိန်ဝတ်မှုံ(၁)လမ်း၊ အမှတ်(၁)ရှိ စားအုန်းဆီအရောင်း ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ခွဲတမ်းရ စားသုံးဆီ များ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာ ထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကို ခွဲခြားမှု မရှိဘဲဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှုပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့်အကြောင်းတို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီးဆီလုပ်ငန်းရှင်ဘက်မှလည်းသိလိုသည်များမေးမြန်း၍အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိ ရှိရပါသည်။

(DOCA ဧရာဝတီ)

ထားဝယ်မြို့၊ ကျော်ကျော်မုန့်တိုက်အား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ၊နံနက် (၉း၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ကျောက်မော်ရပ်ရှိ ကျော်ကျော်မုန့်တိုက်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

       အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက် ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန် ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ အထက(၃) ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ၊နံနက် (၉း၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အထက(၃) ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက် ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အ ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အထက(၁) ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ၊နံနက် (၈း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အထက(၁) ကျောင်းမုန့်စျေးတန်းအားအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း ရောင်းချလျက်ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက်ဖော်ပြထားသော ကုန်အ ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပုသိမ်ကြီးမြို့နယ် စိုးစံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)သည် ပုသိမ်ကြီးမြို့နယ် ၊သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  စိုးစံဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ၉-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာဝေ၊ ချမ်းအေးသာဇံမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ချိုချိုအေး ၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ဒေါ်သီသီစန်း၊ရဲတပ်သား ဦးသန်းတိုးအောင်၊ တို့ပါဝင်သော ပုသိမ်ကြီးမြို့နယ် ၊ ပူးပေါင်းအဖွဲ့သည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စိုးစံ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား  မှတ်ပုံတင်ထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်းဆေးများအား  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီMC (9/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်ရောက်

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC (9/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

   ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်း‌ရေးမှူးမှ (8/2025-2026) အစည်းအဝေးဆုံးဖြတ်ချက် များအား အတည်ပြုချက်ရယူခြင်းနှင့် (9/2025-2026) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ် တမ်းတင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ပုသိမ်ကြီးမြို့နယ် ထက်ထက်စံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)သည် ပုသိမ်ကြီးမြို့နယ်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  ထက်ထက်စံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ၉-၈-၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဥမ္မာဝေ၊ ချမ်းအေးသာဇံမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ချိုချိုအေး ၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ဒေါ်သီသီစန်း၊ရဲတပ်သား ဦးသန်းတိုးအောင်၊ တို့ပါဝင်သော ပုသိမ်ကြီးမြို့နယ်၊ပူးပေါင်းအဖွဲ့သည်။ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ထက်ထက်စံ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား  မှတ်ပုံတင်ထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်း ဆေးများအား  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အ.ထ.က(၁၃)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေရည်ရွယ်ချက်ပါ စားသုံးသူကာ ကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အခြေခံပညာ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များ၊ တက္ကသိုလ်ကောလိပ်များ၊ ရပ်ကွက်/ ကျေးရွာများ စည်ပင်သာယာဈေးများတွင်စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခါအား လျော်စွာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ အ.ထ.က (၁၃)တွင် (၁၃-၈-၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်၌ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမင်းလွင်၊ ဦးစီးအရာရှိက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

မှန်တန်းရပ်ကွက်သို့ စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးလျှက်ရှိ

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၁၃.၈.၂၀၂၅ ရက်နေ့၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် စားအုန်းဆီကိုသက်သာသောဈေးနှုန်းဖြင့် အိမ်တိုင်ရာ ရောက်ရောင်း ချသည့် အစီအစဉ်ကို လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။ အဆိုပါ စားအုန်းဆီ ရောင်းချသည့်အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀) ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ