
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဆန်စက်များ သတ်မှတ် ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSME လုပ်ငန်းဖွံ့ဖြိုးေရးအတွက် (၃၀-၆-၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် အောင်ချမ်းသာ ဆန်စက်သို့ကွင်းဆင်းကြည့်ရှုစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်က အောင်ချမ်းသာ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စပါးများသတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန်၊ ဆန်စက်မှကြိတ်ခွဲထွက်ရှိသော ဆန်များအလေးချိန်ပြည့်ဝစေရေး၊ စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများ၊ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစိစစ်၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
