သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းအတုအပများရောင်းချခြင်းရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၄-၉-၂၀၂၆)ရက် နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘက်ရဲမြို့ရှိ ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းအတုအပများရောင်းချခြင်း ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြခြင်းရှိ၊ မရှိ နှင့် သက်ဆိုင်ရာဌာနထောက်ခံချက်များ ဖော်ပြမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

                 ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုအလိုက် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေး အဖွဲ့သည် (၁၄-၉-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက် အတွင်းရှိအိမ်ထောင်စု (၂၂၀)အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမှုနှင့် ဆီဝယ်ယူ ရာတွင် တစ်လရရှိမှု အကြိမ်ရေ၊ ဈေးနှုန်း၊ အလေးချိန် အပြည့်အဝရရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ခွဲတမ်းရ စားသုံးဆီ ကုန်စုံ ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့ စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည် ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေး ရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး ကြံခင်းမြို့နယ် ရွာသစ်ရပ် ကွက်အတွင်းရှိ အိမ်ထောင်စု(၂၂၀)အား စားအုန်းဆီ ပိဿာ(၁၁၀)ကို သတ်မှတ်ရည်ညွှန်းစျေး ဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   

 (DOCA ဧရာဝတီ)

မင်းဘူးမြို့၊ မန်းအိမ်ရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းတို့သည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှု့ဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ (၂၄,၉၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ မန်းအိမ်ရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းမုန့်ဈေးတန်း ဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ် ၂/၂၀၁၉နှင့်အညီ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ  ကျောင်းဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ သည့်အပြင် စစ်ဆေးရေးအရာရှိ ဒေါ်ဌေးဌေးဝင်းက ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များ ရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ ဥယျာဉ်ကျစ်ကျေးရွာရှိ “မြင့်မိုရ်တောင်” ပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား‌အကြောင်း အသိပညာပေးဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၂.၉.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၄:၀၀  နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ဥယျာဉ်ကျစ်ကျေးရွာရှိ “မြင့်မိုရ်တောင်” ပဲကြော်လုပ်ငန်း သို့ သွားရောက်၍ လုပ်ငန်းရှင် ဦးတင်အောင်ဝင်းနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား အကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။     

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်က ‌‌ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ပဲကြော်ထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုတ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ ကုန်အညွှန်း ထုတ်ကုန်ထုပ်ပိုးမှုများအပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံမှုရှိ/ မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်ရာအချက်အလက်များကို စားသုံးသူများ သိရှိနိုင်အောင် ဖော်ပြထားမှုရှိ/မရှိ၊ လက်ရှိတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အချို့၌ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲများကို ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ်ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် ထိုသို့ စတစ်ကာကပ်ခြင်းကို သီးခြားခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း (သို့မဟုတ်) ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ၎င်းကာလနောက်ပိုင်းတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အားနည်းသော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လက်ပံတန်းမြို့နယ်တွင်   လုပ်ငန်းသုံးဆီသုံးစွဲမှုအခြေအနေကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်းသည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့၊နံနက် (၉:၃၀) အချိန်တွင် လက်ပံတန်းမြို့နယ်အတွင်းမှ လုပ်ငန်းသုံးဆီခွဲတမ်းဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက် လျက်ရှိသော စာလေးခွေမုန့််လုပ်ငန်း၊ သဇင်ဖူးမုန့်လုပ်ငန်းစိန် ဟင်္သာမုန့်မျိုးစုံလုပ်ငန်း များသို့ ကွင်းဆင်း၍ စက်မှုလုပ်ငန်းသုံးဆီ လစဉ်ရရှိမှုအခြေအနေနှင့် အမှန်တကယ် လုပ်ငန်းအတွင်းသုံးစွဲ နေမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ လုပ်ငန်းသုံးဆီရရှိသဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ကြောင်း သိရှိရပြီးမြို့နယ်တာဝန်ခံမှ ခွဲတမ်းဖြင့်ဖြန့်ဖြူးသော လုပ်ငန်းသုံးဆီများအား အဓိကထား၍ အမှန်တကယ်သုံးစွဲကြရန် မှာကြားခဲ့ပါသည်။

DOCA(ပဲခူး)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မကွေး/ ချောက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင်သက်တမ်း တိုးစစ်ဆေးခြင်း၊ ဆေးဆိုင်လိုင်စင်အသစ်လျှောက်ထားသည့် ဆိုင်များအားစစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင် ထားခြင်းရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများအား စနစ်တကျစွန့်ပစ်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၃) ပုဒ်မ (၂၆)ပါ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များအား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆- ခုနှစ်၊ စက်တင်ဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် သောက်ရေသန့် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်ရှိ “သာလှ” စတိုးဆိုင်တွင် ရောင်းချနေသော သောက်ရေ သန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ နေ့စဉ် ပုံမှန်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/ ၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တရားမဝင် ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အ.ထ.က(ခွဲ) ကျွန်းကုန်းကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်

                 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ကျွန်းကုန်းကြီးအုပ်စု၊ ကျွန်း ကုန်းကြီးကျေးရွာရှိ အ.ထ.က(ခွဲ) စာသင်ကျောင်း၌ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍လူကုန်ကူးမှု့အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သတ် ၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးပွဲအခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား ပြီး သက်ဆိုင်ရာဌာန၊ အမျိုးသမီးရေးရာအဖွဲ့မှ လူကုန်ကူးမှု့ဖြစ်စဉ်များနှင့် ပတ်သတ်၍ အသိ ပညာပေးပြောကြားခဲ့ပါသည်။စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှလည်း တက်ရောက်လာသောဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၈၅)ဦးတို့အား စားသုံး သူကာကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်အရေးများအကြောင်း၊ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသောအချက်များကို သိရှိနိုင်ရန် နမူနာမုန့်ထုပ်များဖြင့် ရှင်းလင်းပြသအသိပညာပေးပြီး တက်ရောက်လာသူများမှ သိရှိလိုတာများကို အပြန်အလှန်ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ကျွန်းကုန်းကြီးကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်ကိုလည်း  စားသုံး ရန်မသင့်‌သော အစားအစာများ မရောင်းချရန် ရောင်းချသည့်မုန့်များ သက်တမ်းလွန်များရှိ/မရှိ အား သက်ဆိုင်ရာဌာနများနှင့် ကျောင်းအုပ်ဆရာကြီး၊ဆရာမများပါ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း  သတင်းရေး သားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်စားသုံးသူရေးရာကော်မတီ၏ ပြည်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားရှိသည့် ပြည်ခရိုင် စားသုံးသူရေးရာ ကော်မတီအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်အတွက် ရည်ရွယ်၍ ခရိုင်ကော်မတီအဖွဲ့ဝင်များ ဖြစ်သော ခရိုင်စားသုံးသူရေးရာ၊ ခရိုင်FDA၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆက်သွယ်ရေး ဦးစီးဌာန စသည့်ပူးပေါင်းဌာနများသည် (၄.၉.၂၀၂၆)နေ့တွင် ပြည်မြို့ပေါ်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် “5BB, Mytel, MPT, Ksetra BroadBand” Showroom များနှင့်  “ AEC Mobile, Shwe Pyi Mobile” ဖုန်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူများသိရှိသင့်သည့် အချက်အလက်များကို ဘက်စုံမီဒီယာ(Multimedia)မှတစ်ဆင့်      ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးရန်နှင့် ဖြန့်ဝေရာတွင် အင်္ဂလိပ်၊ မြန်မာ (၂)ဘာသာဖြင့် ဖော်ပြထားရှိရန်၊ စားသုံးသူနှင့်လုပ်ငန်းရှင်အကြား ပြဿနာ ဖြစ်ပေါ်လာပါက ဖြေရှင်းပေးနိုင်မည့် လုပ်ငန်းစဉများတိကျစွာ သတ်မှတ်ထားရန်၊ ဝန်ဆောင်ခများ မှားယွင်းဖြတ်တောက်မိပါက ငွေပြန်အမ်းပေးရမည့်မူဝါဒ (Refund Policy)ကို လိုက်နာဆောင်ရွက် ရန်၊ လိုင်းပြတ်တောက်ခြင်းကို အချိန်မီပြုပြင်ပေးရန်၊ အင်တာနက်လိုင်းဆွဲအား ကောင်းမွန်ခြင်းနှင့် ဝန်ဆောင်မှုအပြည့်အဝရရှိရန်၊ လစဉ်ကြေးကြိုတင်ပေးဆောင်ပြီးသောလိုင်းအား အချိန်မီ တပ်ဆင်ပေးရန်၊ အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်းမပြုရန်၊ Pointဖြင့် ဒေတာလဲလှယ်ခြင်းနှင့် ငွေသားဖြင့်ဒေတာPackage ဝယ်ယူပြီးသော်လည်း ဖုန်းဘေလ် အတွင်းမှငွေဖြတ်တောက်ခြင်း မရှိစေရန်၊ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများအား ပေးအပ်ရန်၊ ဆင်းမ်ကတ်ကိုမိမိအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက် မရှိစေရန်၊ အသုံးပြုမည့်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ပေးအပ်ရန်၊ ဝန်ထမ်းများအနေဖြင့် စားသုံးသူများအပေါ် ယဉ်ကျေးစွာဆက်ဆံရန်၊ နိုင်ငံတော်မှ သတ်မှတ်ထား သောညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းများ ပြုလုပ်ရန် စသည့်အချက်အလက်များကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

               စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည် များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေါ်ပြထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းမြို့ပေါ်ရပ်ကွက်ရှိကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့်ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ