
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန့်မာ့စီးပွားရေးဘဏ်ရှေ့တွင် အခြေခံစားသောက်ကုန်များ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ အခြေခံ စားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)