
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် Luxe K Online Saleမှ ဖန်စီပစ္စည်းများအား မင်းရဲကျော်စွာအိမ်ရာ၊ အခန်း (၂၀၂)၊ တာမွေမြို့နယ်သို့ သွားရောက် ၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)