သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်၊ အ.လ.က (ခွဲ) တာပသွန်ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၉.၁၂.၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ်၊ အ.လ.က (ခွဲ) တာပသွန်ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မုန့်များတွင် မြန်မာစာကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချနေမှု ရှိ/မရှိကို သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များနှင့် ဈေးကွက်ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.ထ.က(ကွေ့ဝမ်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     ၉.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်၊ အ.ထ.က (ကွေ့ဝမ်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်သည့် နေရာ၊ Consumer Call Center (1535) သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm တွင်လည်း ဝင်ရောက် တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးပြီး ဌာန၏လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ် ဟောပြောဆွေးနွေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ၏ Talk Show အစီအစဉ်တွင် ဒီဂျစ်တယ် ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ စားသုံးသူအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

    အဆိုပါ (Talk Show) တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းမှ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းမှ စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာသည့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး လိမ်လည်လှည့်ဖြားခံရမှုနှင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေး အတွက် ရည်ရွယ်ဆွေးနွေးပေးပြီး ဒီဂျစ်တယ်ငွေကြေးဆိုင်ရာနှင့် ပတ်သက်၍ Mobile Wallet (ဖုန်းပိုက်ဆံအိတ်) အကြောင်း၊ Mobile Wallet (ဖုန်းပိုက်ဆံအိတ်)များအသုံးပြုပုံ၊ အသုံးဝင်ပုံ၊ လက်ရှိအသုံးပြုနေသော Mobile Wallet (ဖုန်းပိုက်ဆံအိတ်) အမျိုးအစားများနှင့် စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၆.၁၂.၂၀၂၄) ရက်နေ့ ညနေ (၁၇:၀၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၃၅)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အလှကုန် ဖြန့်ဖြူးရောင်းချသည့် Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်မှ Online Sale Registration လျှောက်ထား ရာတွင် လိုအပ်သည့် အထောက်အထားများ၊ လျှောက်ထားသည့် နည်းစနစ်များနှင့်ပတ်သက်၍ မေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale Registration အား https://www. ecomreg.gov.mm တွင် ဝင်ရောက် လျှောက်ထားနိုင်ကြောင်း၊ Online Sale Registration လျှောက်ရာတွင် Account ရယူပုံ၊ လျှောက်ထားမှုလုပ်ငန်းစဉ်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး Online Sale Registration လျှောက်ထားပုံ နည်းလမ်းများနှင့် လိုအပ်သည့် စာရွက်စာတမ်းများအား https://www.ecomreg.gov.mm တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်တွင် လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      (၉.၁၂.၂၀၂၄) ရက်နေ့ ​နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်အသစ်လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၁)ခုဖြစ်သော BEAUTY QUEEN MW CO.,LTD ၏ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် City Mart သို့ ကြက်ဥဈေးနှုန်းကွင်းဆင်းစစ်ဆေးခြင်း

             ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် City Mart ၌ ကြက်ဥဈေးနှုန်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးပါ (၂)ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးတို့ပူးပေါင်း၍ City Mart အတွင်းရောင်းချနေသော ကြက်ဥဈေးနှုန်းအား  ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့် ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာရှိ/ မရှိ စစ်ဆေးခြင်း

            ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ စားသုံးဆီအမျိုးမျိုးအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိသောစားသုံးဆီများ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော အမေထွား (မြေပဲဆီ)၊ Sunar (နေကြာဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Cook(ပဲပိစပ်ဆီ)အမှတ်တံဆိပ်ဖြင့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၌ အသင့်သောက်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် မှော်ဘီမြို့မဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီနှင့်လက်ဖက်ရည်ထုပ်ရောင်းချမှုရှိ/ မရှိတို့အားစစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းပါဝင်၍ တိုက်ကြီးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသောဆိုင်များသို့ ကွင်းဆင်း၍ ဓါတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ