သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း၊ အနောက်ပိုင်း)နှင့် ထန်းတပင်မြို့နယ်များသို့ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစ်စဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးတာဝန်ခံများနှင့်ပူးပေါင်းပါဝင်လျက် စားသုံးဆီမျိုးမျိုးဖြစ်သော ရန်ကုန်၊ အမေထွား၊ Cook၊ Sunar နှင့် Meizan တို့တွင် ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည် (၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် အသင့်သောက်ကော်ဖီမစ်ပါဝင်သောကြောင့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ရောင်းချမည့်ကုန်စည်တွင် မြန်မာလိုကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ထုတ်ပြန်ထားသည့်အတိုင်း ကိုက်ညီသောကုန်စည်များကိုသာ လုပ်ငန်းရှင်များမှရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             ၁၁.၁၂.၂၀၂၄ ရက်နေ့ ညနေ(၁၆:၀၀)အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်ပါ (၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးမှ ဦးကိုကိုအောင် ဒုဦးစီးမှူးပါ (၂)ဦး၊ မြို့မရဲစခန်းမှ တပ်ကြပ်ကြီးစိုးသန်းပါ(၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး ဒုဦးစီးမှူးတို့ပူးပေါင်းလျက် ကြက်ဥအရောင်းဆိုင်များသည် ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ် ရောင်းချပေးနေပြီး ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက်  ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင် မြို့နယ်ရှိ Denko စက်သုံးဆီဆိုင်သို့ ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက် (၀၈:၄၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် Denko စက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးသီဟဇော်နှင့်တွေ့ဆုံ၍ စက်သုံးဆီဘောက်ဆာအဝင်စာရင်းရှိ/ မရှိ၊ LED ဘုတ်၌ ရည်ညွှန်းဈေးအတိုင်း တင်ထားခြင်းရှိ/ မရှိ၊ ချိန်တွယ်ရာတွင်လည်း လီတာများပြည့်ဝမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ LED ဘုတ်များတင်ထားပြီး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချကာ ဘောက်ဆာအဝင်စာရင်းများကိုလည်း သက်ဆိုင်ရာဌာနများသို့ပေးပို့ပါကြောင်း မိမိတို့ဌာနမှလည်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ ပြင်ပသို့မှောင်ခိုရောင်းချခြင်းများမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်း ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၈:၅၀)နာရီအချိန်၌ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များတွင် ဆန်ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ထန်းတပင်မြို့နယ် မြို့မဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၅)ဈေးနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ဈေးများရှိ ဈေးတာဝန်ခံများ ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရောင်းချနေသော ဆန်ဆိုင်များအားလုံးတို့တွင် ရက်(၉၀)၊ ပေါ်ဆန်း မွှေး(ရွှေဘို/ဧရာဝတီ)၊ ဇီယာ၊ အညာသား၊ ကျားပျံနှင့်ဧည့်မထ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး ဆန်အားလုံးကိုလည်း သတ်မှတ်ဈေးများအတိုင်း ရောင်းချလျက်ရှိကြောင်း ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဝယ်စင်တာများနှင့် ဈေးများ၏ နေ့စဉ် ကြက်ဥရောင်းချနေမှုဈေးနှုန်းများ စိစစ်ဆေးခဲ့ရာတွင် ဈေးတင်ရောင်းချမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စိစစ်တင်ပြလာခြင်းအပေါ် ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များ၌ ကြက်ဥဈေးနှုန်းများ ဈေးမြှင့်တင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း ကြက်ဥဈေးနှုန်းများအား လိုအပ်သည်ထက် ဈေးနှုန်ုးပိုမိုမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူရမည်ဖြစ်သောကြောင်း ဒေသခံကြက်ဥ၊ ဘဲဥဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ကြက်ဥဈေးနှုန်ုးများအား မှန်ကန်စွာဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့‌ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   ညနေ(၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သုံးစွဲသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက်စျေးကွက်အတွင်း မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိသည့်အလှကုန်ပစ္စည်းများ ရောင်းချနေခြင်း၊ အွန်လိုင်းစနစ်ဖြင့်‌ရောင်းချခြင်းနှင့် ပတ်သက်၍ အွန်လိုင်းလိုင်စင်လျှောက်ထားခြင်း ကိစ္စရပ်များအကြောင်း၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောအလှကုန်ပစ္စည်းများ‌ရောင်းချခြင်းနှင့် တရားမဝင်တင်သွင်းလာ‌သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းများ ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ MyRO လစဥ် လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းစဥ်တွင် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ update ပြုလုပ်နိုင်ရေး၊ ဆန်စျေးနှုန်း/စျေးကွက် သင့်တင့်မျှတစွာဖြင့် ရောင်းချနိုင်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ကော့မှူးမြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဓာတ်မြေဩဇာများအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချစေရေး ဓာတ်မြေဩဇာများ ဈေးကစားရန် ဈေးနှုန်မြင့်တက်ရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများမရှိစေရေး၊ တရားမဝင်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်းသီးနှံ သီးထပ်စီမံကိန်း လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးမည့်တောင်သူများ လက်ဝယ်ဈေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ကရပ်ပြင်ရပ်၊ ဝဲကျွန်းရပ်များရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ