
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် ခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ (၂၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆန်ကုန်သည်၊ ဆန်လက်လီ/ လက်ကားရောင်းချသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ ဆန်လုပ်ငန်းရှင် (၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်ရောင်းချသူလုပ်ငန်းရှင်များအား MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် များကို လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့ထိ မပျက်မကွက် ဖြည့်သွင်းရန်လိုကြောင်း၊ ဆန်လက်ကျန် များကို လုပ်ငန်းရှင်ကိုယ်တိုင် ဖြည့်ရမည်ဖြစ်ပြီး နည်းပညာအခက်အခဲရှိလျှင် ခရိုင်ဦးစီးမှူးရုံးမှ ဖြည့်သွင်း ပေးမည်ဖြစ်၍ လက်ကျန်စာရင်း လာရောက်ပေးပို့ရန်လိုကြောင်း၊ ဆန်ကုန်သည်များကို ကုန်သည် ကြီးများအသင်း( ကုန်စည်ဒိုင်)တွင် အသင်းမဝင်ရသေးလျှင် အသင်းဝင်ရမည်ဖြစ်ကြောင်း၊ အသင်း ဝင်မည့် ပုံစံလျှောက်လွှာများ တစ်ပါတည်း ယူဆောင်နိုင်ကြောင်း၊ လက်ရှိအချိန်ထိ ဆန်လက်ကျန် များကို မှန်မှန် ကန်ကန် ပြောရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး သည့် အခါအများအပြား ကွဲလွဲမှုများရှိပါက လုပ်ငန်းရှင်ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အထက်ဌာနမှ ညွှန်ကြားထားသည့် အမိန့်ညွှန်ကြားချက်များကို ချပြရှင်းလင်း ဆွေးနွေး ပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ အခက်အခဲရှိလျှင် ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်ကြောင်း၊ သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်ခွင့် အိတ်ရေ ပမာဏများကို သယ်ယူခွင့်မရလျှင် အဆင်ပြေ စေရန် အကြီးအကဲများသို တင်ပြပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆန်ရောင်းချသူ လုပ်ငန်း ရှင်များက သိလိုသည်များမေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး MyRO မှတ်ပုံမတင်ရသေးသော လုပ်ငန်းရှင်မှ မှတ်ပုံတင်ရမည့် ပုံစံများဖြည့်သွင်း၍ မှတ်ပုံတင်ခြင်း လုပ်ငန်းအား တစ်ပါ တည်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
