သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစစ၊ မြို့မရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ လုပ်ငန်းရှင်များအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချရန်၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ ရောင်းချပါကဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

         

ကန့်ဘလူမြို့နယ်တွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစ၊ မြို့မရဲစခန်း၊ မြို့နယ်ပြန်/ဆက်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့က ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထား ခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊  မိတ်ဖက်ဌာနများကလည်း မိမိတို့နှင့်သက်ဆိုင်သည်များကို လုပ်ငန်း ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော သုံးခွမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရောတွင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်ဥ၊ ဘဲဥ ဝယ်ယူရရှိမှုအခြေအနေ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ရာတွင် မြို့နယ်အတွင်း ကျေးရွာများရှိ ကြက်မွေးမြူးရေးခြံနှင့် ဘဲမွေးမြူရေးခြံများမှလည်းကောင်း နီးစပ်ရာမြို့နယ်များမှ ကြက်ဥ၊ ဘဲဥဒိုင်များမှလည်းကောင်း ဝယ်ယူရရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ရှိဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေး ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံး သူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထားသည်ထက် ကျော်လွန်အောင် ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုန်ကုန်လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဂူးဂူးအာလူးကြော် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်‌ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်(၁)ဆိုင်နှင့် မြန်မာရိုးရာမုန့်ပဲသရေစာရောင်းချသည့်ဆိုင်(၃)ဆိုင် ရောင်းချသည်ကို တွေ့ရှိရဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများနှင့် မြန်မာ့ရိုးရာမုန့်ပဲသရေစာရောင်းချသူများအနေဖြင့် အရောင်၊ အနံ့၊ အရသာကောင်းပြီး သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြု၍ ပြုလုပ်ရောင်းချရန်  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၁.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

https://2020election.uec.gov.mm/

 

 

 

 

 

မုဒုံမြို့နယ်၊ အ.လ.က (ခွဲ) တာပသွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ မော်လမြိုင် ခရိုင်ဦးစီးမှူးနှင့် ရုံးအဖွဲ့၊ မုဒုံမြို့နယ်တာဝန်ခံတို့ ပူပေါင်း၍ မုဒုံမြို့နယ် အ.လ.က (ခွဲ) တာပသွန် ကျောင်းသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးများမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးမှ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ Online ရောင်းချခြင်းဆိုင်ရာအသိပညာပေး သိကောင်းစရာများ၊ မော်လမြိုင်ခရိုင်ဦးစီးမှူးမှ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်ညွှန်း အမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါပြဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ရေးမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ စစ်ဆေး တွေ့ရှိချက်များအား ပြန်လည်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ရေးမြို့နယ်တာဝန်ခံတက်ရောက်

     ၁၀.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် (၁၁.၁၁.၂၀၂၄)ရက်နေ့မှ (၂၁.၁၁.၂၀၂၄)ရက်နေ့ထိ ရေးခရိုင်အတွင်းရှိ စက်ရုံ အလုပ်ရုံ (၃၉)ခု၏ ကုန်ထုတ်လုပ်မှုများ စစ်ဆေးဆောင်ရွက်ပြီးစီးခြင်းအပေါ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရုံအလုပ်ရုံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းနှင့်သက်ဆိုက်သည့် စစ်ဆေးရေးအဖွဲ့ဝင် ဌာနအသီးသီးတို့မှ တက်ရောက်ခဲ့ကြပြီး ဌာနတစ်ခုချင်းအလိုက် စစ်ဆေးတွေ့ရှိချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ရှင်းလင်းတင်ပြရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သောက်ရေသန့် စက်ရုံ (၅) ရုံ၊ ဝဥစက်ရုံ (၃) ရုံတို့နှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်၊ လိုအပ်ချက်နှင့် အကြံပြုချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ