ဘီးလင်းမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းစင်ကျောင်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

    ၂၈.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ကျောင်းများအရှိန်အဟုန်မြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် အ.ထ.က(ဘီးလင်း)ကျောင်းမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးတင်မွန် ကအဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်၊ မြို့နယ်သူနာပြုဆရာမ ဒေါ်နော်မြတင်၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်စုန္ဒထက်တို့က ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်းများ၊ ဆေးလိပ် အစားထိုးပစ္စည်းများ၊‌ ဆေးလိပ်‌ငွေ့အန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ရရှိနိုင်သောရောဂါများ၊ ဆေးလိပ်ဖြတ်ခြင်း‌ကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။

      အဆိုပါ ဆွေးနွေးပွဲသို့ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၁၄၂)ဦးတက်ရောက်ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

DOCA (မွန်)