သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အမှန်တကယ်ကိုက်ညီမှုရှိစေရေး မှတ်ပုံတင်ပြီးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိအခြေအနေကို မြေပြင်ကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၀.၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)အချိန်က မအူပင်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်းမှတ်ပုံတင်ထားပြီး လုပ်ငန်းများဖြစ်သည့် မအူပင်မြို့၊ မြို့သစ် ၄လမ်းမြင့်မိုလ်ရိတ်မှ New Beauty & Health Careလုပ်ငန်း၊ ခိုင်စံပါယ်လမ်း၊ အမှတ် ၇ရပ်ကွက်ရှိ Lin Kat Eain Cosmetics & Fancy လုပ်ငန်း၊ မအူပင်တက္ကသိုလ် Min Min Myat (Thampat) လုပ်ငန်း၊ အမှတ်၁၂၊ အေးမြသာယာ ၁၀လမ်းရှိ LAIT LAIT KHAINGလုပ်ငန်းစသော အွန်လိုင်းရောင်းချသူလုပ်ငန်း(၅)ခုသို့ သွားရောက်၍ ကုန်စည်/ ဝန်ဆောင်မှုများ အွန်လိုင်းစနစ်ဖြင့်ရောင်းချ နေပြီး မှတ်ပုံတင်ဆောင်ရွက်ထားရှိမှု မြေပြင်တွင်ရောင်းချကုန်စည်များနှင့် ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊  Online Sale မှတ်ပုံတင် မြေပြင် စစ်ဆေးခြင်း ဆိုင်ရာအချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

         ကွင်းဆင်းစစ်ဆေးသော အွန်လိုင်းမှတ်ပုံတင်ပြီးသည့် ယခုစစ်ဆေးသောလုပ်ငန်း ၅ခုသည် မြေပြင်တွင်အမှန်တကယ် ရောင်းချနေသောလုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ လုပ်ငန်းရှင်များကို  အွန်လိုင်းမှတ်ပုံတင်ပြီး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီးမှ ရောင်းချခွင့်ပြမည်ဖြစ်သဖြင့် ယခုလာရောက် မှန်ကန်မှုရှိ/ မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ဝန်ကြီးဌာနမှ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အခြားသောလုပ်ငန်း အသိမိတ်ဆွေများရှိပါက မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက်သွားရန်ကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်အတွင်း သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၁၂.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်အတူ ကြံခင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကြံခင်းမြို့ပေါ်ရပ်ကွက်တွင်ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်း ဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းများမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက် များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အမှန်တကယ် ကိုက်ညီမှု ရှိစေရေး မှတ်ပုံတင်ပြီး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၁၀.၁၂.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

   ဓနုဖြူစစ်ဆေးရေးအရာရှိမှ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်း မှတ်ပုံတင် ထားပြီး လုပ်ငန်းများဖြစ်သည့် အမှတ်၁ဓနုဖြူမြို့ Shwe Chiလုပ်ငန်း၊ အမှတ်၁ Shwe Chi Fabricလုပ်ငန်း၊ အမှတ်၉၉၊ သုခလမ်း၊ ၉ရပ်ကွက်ရှိ Sofiaလုပ်ငန်း၊ Coach Ei Chaw Knowledge Bussiness & Marketing သဘောသပြကျေးရွာ၊ ဓနုဖြူမြို့စသော အွန်လိုင်းရောင်းချသူလုပ်ငန်း(၄)ခုသို့ သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးတာဝန်ရှိသူက လုပ်ငန်းရှင်များကို ဆွေးနွေးရာ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်း၊ ယခုစစ်ဆေးသောလုပ်ငန်း ၄ခုသည် မြေပြင်တွင် အမှန်တကယ် ရောင်းချနေသောလုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

             ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ၊ ပြည်ပပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

              ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းထုတ်လုပ်တင်ပို့နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းထုတ်ကုန်များအား ပြည်ပသို့ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပို့ကုန်များတင်ပို့နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်များတိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  လက်ရှိတင်ပို့နေသည့်ထုတ်ကုန်များ ပိုမိုထွက်ရှိပိုမိုတင်ပို့နိုင်အောင် နည်းလမ်းများရှာဖွေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့တင်ပို့လျက်ရှိပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပီလောပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်းနှင့် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးပေးရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်၊၊

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား စီးပွားရေးရာဝန်ကြီးနှင့်ကဏ္ဍစုံ ပြည်ပသို့ တင်ပို့နေသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် ဆန်ကွဲ ပေါင်းဆန် ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုနှင့် ထုတ်ကုန်ပိုမိုတင်ပို့နိုင် ရေးဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ပေါင်းဆန်ထုတ်လုပ်မှု ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပေါင်းဆန်ထုတ်လုပ်မှု၊ ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ပဲမျိုးစုံတင်ပို့ရောင်းချမှုအသင်း ဥက္ကဌမှ မတ်ပဲ၊ ပဲတီစိမ်း စသည့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊  အစေ့ထုတ်ပြောင်းအသင်းဥက္ကဌက အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှု အခြေအနေများ၊ ရေထွက်ကုန်ပစ္စည်း (ငါး၊ ပုစွန်၊ ဂဏန်း) တင်ပို့ရောင်းချမှု ကုမ္ပဏီများမှထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချမှုအခြေအနေများ၊ ပီလောပီနံအသင်းဥက္ကဌမှ ပီလောပီနံထုတ်လုပ် တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

            ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ARCCI ဥက္ကဌမှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ပိုမိုစိုက်ပျိုးထုတ်လုပ်မည့် အခြေအနေများ၊ ကုန်ထုတ်သုတေသန၊ ဈေးကွက်သုတသေန ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များနှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှု ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို နေလယ်(၁၃:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ထွက် ပိုင်လေး ပဲကျော် လုပ်ငန်း ဈေးနှုန်း ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ပိုင်လေးပဲကျော်မုန့်လုပ်ငန်းကို အမှတ် ၆ရပ်ကွက် ၊ တောကြီးပိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် ပဲကျော်မုန့်လုပ်ငန်း၏ ထုတ်လုပ်မှုနှင့် ရောင်းချဖြန့်ဖြူးမှု ဈေးကွက်ဈေးနှုန်းရရှိမှု အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

     ပဲကျော်မုန့်လုပ်ငန်းကို (၁၉၉၁-၉၂)ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲကျော်မုန့် ထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ပဲနီ၊ ပဲလွန်းဖြူ၊ ဆီ၊ နှမ်း၊ ကြက်သွန်ဖြူကျော်တို့ပါဝင် ထုတ်လုပ်ပြီး တစ်ကြိမ်ထုတ်လုပ်မှု ကုန်ကြမ်းတန်ဖိုး  လုပ်ငန်းအတွက် ရင်နှီးမတည်ငွေ ၁၆၁၅၀၀ကျပ်ရင်းနှီးရပြီး၊  လုပ်သား၃ဦး မိသားစုတို့ပါ လုပ်ကိုင်ကြပြီး၊ တစ်လထုတ်လုပ်နိုင်မှု အကြိမ်ရေ ၂၅ကြိမ်ထုတ်လုပ်နိုင်ကြောင်း၊ တစ်နေ့ထုတ်လုပ်မှု ကုန်ချောပစ္စည်း တန်ဖိုး ၁၆၀၀ တန် ပဲကျော်မုန့်ထုတ် ၅ ထုတ်၊ ၁၃၀၀ကျပ်တန် ပဲကျော်မုန့် အထုတ် ၂၀ထုတ်၊ ၉၅၀၀ကျပ်တန် ပဲကျော်မုန့်တွဲ ၈တွဲ၊ ၃၆၀၀ကျပ်တန် ပဲကျော်မုန့်အတွဲ (၁၈)တွဲ၊  ကုန်ချော ပစ္စည်းရောင်းချရငွေ ၁၇၄၈၀၀ကျပ် ရရှိ၍ တစ်ကြိမ်ထုတ်လုပ်မှု အမြတ်ငွေကျပ် ၁၃၃၀၀ကျပ် ရရှိကြောင်းနှင့် တစ်လလျှင် အကျိုးအမြတ် ၃၃၂၅၀၀ကျပ် ရရှိကြောင်း သိရသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ဇလွန်၊ ဟင်္သတ၊ မြောင်းမြ၊ ကျုံမငေး၊ မြန်အောင်၊ ဓနုဖြူ ၊ တိုင်းဒေသကြီးမြို့နယ်များအတွင်း ပို့ဆောင်ပြီး၊ ရန်ကုန်-ပုသိမ်ကားလမ်းအကြီးဘေးရှိ မုန့်ဆိုင်တွင်လဲ ရောင်းချကြောင်း၊ပိုင်လေးပဲကျော်မုန့်လုပ်ငန်းသည် အသေးစား စက်မှုလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက် လက်မှတ်ရရှိထားကြောင်း မုန့်လုပ်ငန်းရှင်ကို အခြားဒေသနှင့် တိုင်း/ပြည်နယ်များသို့ လုပ်ငန်းတိုးချဲလုပ်ကိုင်ဆောင်ရွက်သွားရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို ဦးကြည်ဝင်းမှ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

             (၉.၁၂.၂၀၂၄) ရက်နေ့ နေလယ်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ စွန်သိုက်ကျေးရွာ ထိန်ထိန်လင်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             မြို့နယ်တာဝန်ခံမှ ထိန်ထိန်လင်းဆန်စက်တွင် စပါးကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကိုလေ့လာပြီး စပါးကြိတ်ခွဲရန် သိုလှောင်ထားရှိမှု ပမာဏ၊ စပါး ၁၀၀၀၀သိုလှောင်ထားရှိမှုနှင့်  ဆန်အိတ် လည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ၊ ကြိတ်ခွဲပြီး ဆန်အိတ် ၁၀၀၀ရှိပြီး နဝလီကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေ ရေးအသိပညာပေးဆွေးနွေးခြင်း၊  သိုလှောင်ရုံများ စနစ်တကျထားရှိမှုအခြေအနေများနှင့် စပါး/ဆန်သိုလှောင်ထားရှိမှုအခြေအနေကိုမှတ်ပုံတင်ပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် MYRoတွင် Updateစာရင်း မပျက်မကွက် ဖြည့်သွင်းဆောင်ရွက်နိုင်ရန်ကို အသိပေးပြောကြားပြီး  ဆန်နှင့် ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ဆန်စက်တွင် စပါးသိုလှောင်ထားရှိမှုနှင့် ဆန်တစ်နေကြိတ်ခွဲနိုင်မှု၊ ဆန်စက်ကြိတ်ခွဲရာမှ  ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထား ခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ ရွာသာယာ (အ.မ.က) ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေးခြင်း

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွာသာယာ အ.မ.က‌ ကျောင်းတွင် ဆရာ/မ (၅)ဦး၊ ကျောင်းသား/သူ (၁၁၁) ဦး၊ စုစုပေါင်း (၁၁၆) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောရာတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ကျောင်းသား/သူများအား မုန့်များကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များကိုဝယ်ယူစားသုံးရန်နှင့် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ လိပ်စာအပြည့်အစုံ စသည့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော မုန့်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေး၊တာရှည်ခံဆေးများဖြင့် ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲ ခြင်းမပြုရန် ကျန်းမာရေးအတွက် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းမုန်းဈေးတန်းရှိ မုန့်ဆိုင်များအား ရောင်းချနေသော မုန့်များတွင် FDA ထောက်ခံချက် များ ပါ/မပါ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၁.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

            အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ ရောင်းချသောစတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်းအ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အွန်းလိုင်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အွန်းလိုင်းရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

               (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူးသည် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျည်း၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

              ထိုသို့ ဆွေးနွေးရာဟောပြောရာတွင် အွန်လိုင်းလုပ်ငန်းများဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များက ဆိုရှယ်မီဒီယာသုံး၍ ရောင်းချလာကြပြီး၊ မသမာသူလုပ်ငန်းရှင်တစ်ချို့မှ လိမ်လည်၍ရောင်းချနေမှုများဖြစ်ပေါ်လာ၍ စားသုံးသူများထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာသည့်အတွက် အွန်လိုင်းဖြင့်ရောင်းချသောလုပ်ငန်းများကို စိစစ်သင့်သည်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်(၄)ရပ် အားရှင်းလင်းခြင်း၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း၊ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက  ပြစ်မှု၊ ပြစ်ဒဏ်အရ အနည်းဆုံး ထောင်ဒဏ် ၆လမှ ၃ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ် ၅သိန်းထက်မပိုသော ဒဏ်ငွေကိုချမှတ်ခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ဆေးဝါးဖြစ်ပေါ်မှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၅.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၈)ဆိုင်တွင် ရောင်းချနေသောဆေးများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးစီးအရာရှိနှင့် မြို့နယ်ဆေးဝါးဆေးပစ္စည်းများ စစ်ဆေးရေးဌာနစုံအဖွဲ့သည် ဓနုဖြူ မြို့မဈေးအတွင်းရှိ  ဂန္ဓမာဆေးဆိုင်၊ ထွန်းဆေးဆိုင်၊ အလင်းသစ်ဆေးဆိုင်၊ တိုင်းရင်းဆေးအမျိူးမျိုးရောင်းဆေးဆိုင်နှင့်  သမာဓိဆေးဆိုင်၊ (၅)ရပ်ကွက်၊ ခိုင်ဝါဆေးဆိုင်၊ (၅)ရပ်ကွက်၊ ပရိုမက်ဆေးဆိုင်၊ (၈) ရပ်ကွက်၊ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး လုပ်ငန်းရှင်များကို ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ရန် လုပ်ငန်းအခက်အခဲများရှိပါက ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေးဆောင်ရွက်ရန်၊ ဆေးဆိုင်များအားလုံးနေ့စဉ်ပုံမှန် ရောင်းချစေရေး  ကြပ်မတ်ဆောင်ရွက်ရန်၊ ဆေးဆိုင်များ၏ ဆေးဝါးနှင့် ဆေးပစ္စည်းလက်ကျန်စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက်လိုအပ်ချက်စာရင်းပြုစုရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့် စက်ရုံများ၏ အခက်အခဲ များရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးပေးရန်၊ ဆေးဝါး၊ ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူရန်တို့ကို လုပ်ငန်းရှင်များ သိရှိလိုက်နာစေရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

              ဓနုဖြူမြို့နယ်အတွင်း ဆီးချိုနှင့် ပတ်သက်သောဆေးများ၊ သွေးကျဲဆေးများ၊ အနည်းငယ်ဝယ်ယူရခက်ခဲကြောင်း၊ ဆေးဈေးနှုန်းအနေဖြင့် ဈေးတက်ခြင်းမရှိကြောင်း ဆေးမျာကိုလည်း သိုလှောင်ထားရှိမှုမရှိကြောင်း၊  ဆေးဝါးများနှင့်ပတ်သက်၍ ဆေးလက်ကျန်အခြေအနေ၊ ဆေးဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆေးလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ