သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရှိ “လင်းရောင်ဝင်း”စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း” စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေး သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် နံနက် (၁၀:၀၀) နာရီအချိန်က  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၀)  ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်က ခရိုင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား ဝန်ထမ်းများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိ ပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ် တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်  ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းအကြောင်းများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၄)တို့သည် ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်း သား/ ကျောင်းသူ(၁၄၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

     အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Consumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ / ဆရာမ (၁၀)ဦး နှင့် ကျောင်းသား / ကျောင်းသူ ( ၁၄၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာတွင် တောင်သူအသိပညာပေး ဟောပြောခြင်း ကျင်းပဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည်     ၈-၁၂-၂၀၂၄ ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာ ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူး ဦးသန်းဦးက တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးအခြေခံသော ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်သီးနှံများမှာ အရည်အသွေးကောင်းမွန်သောကြောင့် ပြည်တွင်းဝယ်လိုအားသာမက ပြည်ပသို့တင်ပို့နိုင်သည့်အထိ အလားအလာကောင်းများ ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများအပေါ် သီးထပ်၊ သီးညှပ်များစိုက်ပျိုးသွားရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သီးနှံအထွက်နှုန်းလျော့ကျခဲ့ခြင်းအား အစားထိုး ကုစားနိုင်ရေးအတွက်  မြေလွတ်မချန်ပဲ စိုက်ပျိုးသွားရန် နှင့် တစ်သီးစားမဟုတ်ပဲ နှစ်သီးစားသာမက စိုက်ပျိုး၍ရသော မြေနေရာများတွင် သုံးသီးစားအထိ ကြိုးပမ်းစိုက်ပျိုးသွားသင့်ပါကြောင်းနှင့် ထွက်ရှိလာသော သီးနှံများအနေဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိစေရေး၊ အရောင်းအဝယ်ပြုကြရာ၌  ဒေသအလိုက် ပေါက်ဈေးနှင့် အလေးချိန်တင်းတောင်းများ မှန်ကန်စွာဝယ်ယူ၍ တောင်သူများ နစ်နာမှုမရှိစေရေးအတွက် ဌာနမှ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်၊၊

    ထို့နောက်တက်ရောက်လာသော တောင်သူများက သီးနှံများ၏ ပြည်တွင်း၊ ပြည်ပဝယ်လိုအား ဈေးနှုန်း/ ဈေးကွက်အခြေအနေများကို ပြန်လည်မေးမြန်ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် တောင်သူ ၂၁ ဦး၊ ဆန်စက်လုပ်ငန်းရှင် ၆ ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးရဲလင်းထက် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ၄-၁၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဇလွန်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စား မုန့်အမျိုးမျိုးအား (၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက် ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၇)ဆိုင် အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၆.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မြန်အောင်မြို့နယ်၊ရုံးလမ်း၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရး အစည်းအဝေးခန်းမ၌ ပြည်သူ(၂၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း  ကိုဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူတတ်စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှု  လက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများအပေါ်မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၆.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဒီဇင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ရာ၌ ဦးစားပေးကုန်စည် (၁၀)မျိုးအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်အရ သတ်မှတ်ထားပါသည်။ ၎င်းရွေးချယ်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးမှာ အသင့်သောက်အချိုရည်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးတို့အား လျာထားချက်ထက်ကျော်လွန်အောင် မြို့နယ်အလိုက်ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက သတ်မှတ်ထားသောကာလ၌ သတ်မှတ်ထားသော ဦးစားပေးကုန်စည်ကို အဓိကထား၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဟင်္သာတမြို့၊ ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်( ၆.၁၂.၂၀၂၄ )ရက်နေ့ ၊ နံနက် (၁၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့၊ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း သိရှိရပြီး ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ