သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်ထွက် ပိုင်လေး ပဲကျော် လုပ်ငန်း ဈေးနှုန်း ဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ပိုင်လေးပဲကျော်မုန့်လုပ်ငန်းကို အမှတ် ၆ရပ်ကွက် ၊ တောကြီးပိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် ပဲကျော်မုန့်လုပ်ငန်း၏ ထုတ်လုပ်မှုနှင့် ရောင်းချဖြန့်ဖြူးမှု ဈေးကွက်ဈေးနှုန်းရရှိမှု အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

     ပဲကျော်မုန့်လုပ်ငန်းကို (၁၉၉၁-၉၂)ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲကျော်မုန့် ထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ပဲနီ၊ ပဲလွန်းဖြူ၊ ဆီ၊ နှမ်း၊ ကြက်သွန်ဖြူကျော်တို့ပါဝင် ထုတ်လုပ်ပြီး တစ်ကြိမ်ထုတ်လုပ်မှု ကုန်ကြမ်းတန်ဖိုး  လုပ်ငန်းအတွက် ရင်နှီးမတည်ငွေ ၁၆၁၅၀၀ကျပ်ရင်းနှီးရပြီး၊  လုပ်သား၃ဦး မိသားစုတို့ပါ လုပ်ကိုင်ကြပြီး၊ တစ်လထုတ်လုပ်နိုင်မှု အကြိမ်ရေ ၂၅ကြိမ်ထုတ်လုပ်နိုင်ကြောင်း၊ တစ်နေ့ထုတ်လုပ်မှု ကုန်ချောပစ္စည်း တန်ဖိုး ၁၆၀၀ တန် ပဲကျော်မုန့်ထုတ် ၅ ထုတ်၊ ၁၃၀၀ကျပ်တန် ပဲကျော်မုန့် အထုတ် ၂၀ထုတ်၊ ၉၅၀၀ကျပ်တန် ပဲကျော်မုန့်တွဲ ၈တွဲ၊ ၃၆၀၀ကျပ်တန် ပဲကျော်မုန့်အတွဲ (၁၈)တွဲ၊  ကုန်ချော ပစ္စည်းရောင်းချရငွေ ၁၇၄၈၀၀ကျပ် ရရှိ၍ တစ်ကြိမ်ထုတ်လုပ်မှု အမြတ်ငွေကျပ် ၁၃၃၀၀ကျပ် ရရှိကြောင်းနှင့် တစ်လလျှင် အကျိုးအမြတ် ၃၃၂၅၀၀ကျပ် ရရှိကြောင်း သိရသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ဇလွန်၊ ဟင်္သတ၊ မြောင်းမြ၊ ကျုံမငေး၊ မြန်အောင်၊ ဓနုဖြူ ၊ တိုင်းဒေသကြီးမြို့နယ်များအတွင်း ပို့ဆောင်ပြီး၊ ရန်ကုန်-ပုသိမ်ကားလမ်းအကြီးဘေးရှိ မုန့်ဆိုင်တွင်လဲ ရောင်းချကြောင်း၊ပိုင်လေးပဲကျော်မုန့်လုပ်ငန်းသည် အသေးစား စက်မှုလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက် လက်မှတ်ရရှိထားကြောင်း မုန့်လုပ်ငန်းရှင်ကို အခြားဒေသနှင့် တိုင်း/ပြည်နယ်များသို့ လုပ်ငန်းတိုးချဲလုပ်ကိုင်ဆောင်ရွက်သွားရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို ဦးကြည်ဝင်းမှ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

             (၉.၁၂.၂၀၂၄) ရက်နေ့ နေလယ်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ စွန်သိုက်ကျေးရွာ ထိန်ထိန်လင်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             မြို့နယ်တာဝန်ခံမှ ထိန်ထိန်လင်းဆန်စက်တွင် စပါးကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကိုလေ့လာပြီး စပါးကြိတ်ခွဲရန် သိုလှောင်ထားရှိမှု ပမာဏ၊ စပါး ၁၀၀၀၀သိုလှောင်ထားရှိမှုနှင့်  ဆန်အိတ် လည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ၊ ကြိတ်ခွဲပြီး ဆန်အိတ် ၁၀၀၀ရှိပြီး နဝလီကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေ ရေးအသိပညာပေးဆွေးနွေးခြင်း၊  သိုလှောင်ရုံများ စနစ်တကျထားရှိမှုအခြေအနေများနှင့် စပါး/ဆန်သိုလှောင်ထားရှိမှုအခြေအနေကိုမှတ်ပုံတင်ပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် MYRoတွင် Updateစာရင်း မပျက်မကွက် ဖြည့်သွင်းဆောင်ရွက်နိုင်ရန်ကို အသိပေးပြောကြားပြီး  ဆန်နှင့် ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ဆန်စက်တွင် စပါးသိုလှောင်ထားရှိမှုနှင့် ဆန်တစ်နေကြိတ်ခွဲနိုင်မှု၊ ဆန်စက်ကြိတ်ခွဲရာမှ  ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထား ခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ ရွာသာယာ (အ.မ.က) ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေးခြင်း

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွာသာယာ အ.မ.က‌ ကျောင်းတွင် ဆရာ/မ (၅)ဦး၊ ကျောင်းသား/သူ (၁၁၁) ဦး၊ စုစုပေါင်း (၁၁၆) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောရာတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ကျောင်းသား/သူများအား မုန့်များကို ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များကိုဝယ်ယူစားသုံးရန်နှင့် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ လိပ်စာအပြည့်အစုံ စသည့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော မုန့်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေး၊တာရှည်ခံဆေးများဖြင့် ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲ ခြင်းမပြုရန် ကျန်းမာရေးအတွက် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းမုန်းဈေးတန်းရှိ မုန့်ဆိုင်များအား ရောင်းချနေသော မုန့်များတွင် FDA ထောက်ခံချက် များ ပါ/မပါ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၁.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

            အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ ရောင်းချသောစတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်းအ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အွန်းလိုင်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အွန်းလိုင်းရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

               (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူးသည် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျည်း၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

              ထိုသို့ ဆွေးနွေးရာဟောပြောရာတွင် အွန်လိုင်းလုပ်ငန်းများဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို လုပ်ငန်းရှင်များက ဆိုရှယ်မီဒီယာသုံး၍ ရောင်းချလာကြပြီး၊ မသမာသူလုပ်ငန်းရှင်တစ်ချို့မှ လိမ်လည်၍ရောင်းချနေမှုများဖြစ်ပေါ်လာ၍ စားသုံးသူများထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာသည့်အတွက် အွန်လိုင်းဖြင့်ရောင်းချသောလုပ်ငန်းများကို စိစစ်သင့်သည်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်(၄)ရပ် အားရှင်းလင်းခြင်း၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း၊ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက  ပြစ်မှု၊ ပြစ်ဒဏ်အရ အနည်းဆုံး ထောင်ဒဏ် ၆လမှ ၃ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ် ၅သိန်းထက်မပိုသော ဒဏ်ငွေကိုချမှတ်ခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ဆေးဝါးဖြစ်ပေါ်မှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၅.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၈)ဆိုင်တွင် ရောင်းချနေသောဆေးများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးစီးအရာရှိနှင့် မြို့နယ်ဆေးဝါးဆေးပစ္စည်းများ စစ်ဆေးရေးဌာနစုံအဖွဲ့သည် ဓနုဖြူ မြို့မဈေးအတွင်းရှိ  ဂန္ဓမာဆေးဆိုင်၊ ထွန်းဆေးဆိုင်၊ အလင်းသစ်ဆေးဆိုင်၊ တိုင်းရင်းဆေးအမျိူးမျိုးရောင်းဆေးဆိုင်နှင့်  သမာဓိဆေးဆိုင်၊ (၅)ရပ်ကွက်၊ ခိုင်ဝါဆေးဆိုင်၊ (၅)ရပ်ကွက်၊ ပရိုမက်ဆေးဆိုင်၊ (၈) ရပ်ကွက်၊ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး လုပ်ငန်းရှင်များကို ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ရန် လုပ်ငန်းအခက်အခဲများရှိပါက ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေးဆောင်ရွက်ရန်၊ ဆေးဆိုင်များအားလုံးနေ့စဉ်ပုံမှန် ရောင်းချစေရေး  ကြပ်မတ်ဆောင်ရွက်ရန်၊ ဆေးဆိုင်များ၏ ဆေးဝါးနှင့် ဆေးပစ္စည်းလက်ကျန်စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက်လိုအပ်ချက်စာရင်းပြုစုရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့် စက်ရုံများ၏ အခက်အခဲ များရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးပေးရန်၊ ဆေးဝါး၊ ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူရန်တို့ကို လုပ်ငန်းရှင်များ သိရှိလိုက်နာစေရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

              ဓနုဖြူမြို့နယ်အတွင်း ဆီးချိုနှင့် ပတ်သက်သောဆေးများ၊ သွေးကျဲဆေးများ၊ အနည်းငယ်ဝယ်ယူရခက်ခဲကြောင်း၊ ဆေးဈေးနှုန်းအနေဖြင့် ဈေးတက်ခြင်းမရှိကြောင်း ဆေးမျာကိုလည်း သိုလှောင်ထားရှိမှုမရှိကြောင်း၊  ဆေးဝါးများနှင့်ပတ်သက်၍ ဆေးလက်ကျန်အခြေအနေ၊ ဆေးဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆေးလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/ မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော 999 အရောင်းဆန်ဆိုင်၊ ဦးတရုတ်ကြီးဆန်ဆိုင်၊ ရွှေလင်းယုန်ဆန်ဆိုင်၊ ဝင်းသိင်္ဂီဆန်ဆိုင်၊ အောင်ဆန်ဆိုင်နှင့် သော်သော်ဆန်ဆိုင်တို့တွင် ဆန်ပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်းသိရသည်။  

             စစ်ဆေးရာတွင် စပါးသစ်များထွက်ပေါ်ပြီးဖြစ်၍ ဆန်ဆိုင်များမှရောင်းချလျက်ရှိသောဆန်များမှာ ဒေသထွက်စပါးများကို ဆန်စက်များကြိတ်ခွဲမှုမှဝယ်ယူ၍ ကရင်မဆန်၊ မနောသုခဆန်၊ ရက်၉၀ဆန်၊ GW11ဆန်၊ ရတနာတိုးဆန်၊ ဆင်းသုခရှယ်၊ မင်းဧရာဆန်၊ ဖျာပုံတောင်ပျံ၊ ကျားပျံဆန်များကိုရောင်းချနေပြီး၊  သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဈေးနှုန်းကပ်ဖော်ပြ၍ရောင်းချနေကြာင်း စစ်ဆေးတွေ့ရှိရသည်။  မအူပင်မြို့နယ်တွင်းစားသုံးရန် ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်း၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များတွင် ဈေးကစားရန် ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်၊ ဆန်ဆိုင်များ ဆန်အိတ် ၁၀၀၀နှင့် အထက် သိုလှောင်ထားရှိပါက (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

             ဓနုဖြူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် ၅-၁၂-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် လက်လီဆန်အရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်အိတ်သိုလှောင်ထားရှိမှုကို စစ်ဆေးခြင်း၊ ဆန်များဝယ်ယူမှုကိုစုံစမ်းမေးမြန်းခြင်း၊ အခြားဒေသပေါ်ဆန်းစပါးဝယ်ယူမှုအခြေအနေများကိုမေးမြန်းခြင်း ဆန်တစ်ပြည်ဈေးနှုန်း၊ ဆန် ၁အိတ်ဈေးနှုန်းများကို မေးမြန်းခြင်း၊ နေ့စဉ်ရောင်းချမှု ဆန်၊ လစဉ်ဝယ်ယူစားသုံးမှု ဆန်အိတ်ရေတို့ကို ကြည်ရှုစစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းများကို ဈေးနှုန်းဖော်ပြရောင်းချနေပြီး သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဆိုင်များတွင် တစ်နေ့ရောင်းချ ဆန်အိတ်ရေ၊ လက်ကျန်ဆန်အိတ်နှင့် ဆန်များဈေးမြင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ ဆန်အိတ်ရေ ၁၀၀၀နှင့် အထက်သိုလှောင်ထားပါက MyRoတွင် အွန်းလိုင်မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့်အခါ မှတ်ပုံတင်ခြင်းမရှိပဲ ရောင်းချနေပါကြောင်း စစ်ဆေးတွေရှိပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအရအရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးအရာရှိ ရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

     ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် မြို့မဈေးကြီးအတွင်းရှိ ဈေးအရာရှိ ရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်(၁၂) ဦးအား (၉.၁၂.၂၀၂၄) ရက်နေ့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ၊ သက်ဆိုင်ရာကုန်စည် သတင်းအချက်အလက်များ၊ တံဆိပ်အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေအာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အရည်အသွေးအဆင့်အတန်းစသည်တို့ ပါဝင်ရန်လိုအပ်ကြောင်း၊ ကုန်စည် အမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရန်လိုအပ်ကြောင်း၊ အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အသင့်စားခေါက်ဆွဲ၊ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အသင့်စားခေါက်ဆွဲ၊ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများနှင့် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော Wah-Lah အသင့်စားဆီချက်ခေါက်ဆွဲ၊ Shin Shin ကြက်ကြေးအိုးအရသာ အသင့်စား ဆန်ကြာဇံထုပ်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိပြီး FDAထောက်ခံချက် အမှတ်အသားများကိုလည်းတွေ့ရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ခေါက်ဆွဲ၊ကြာဇံထုပ်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ