
၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးနိုင်လင်းထက်သည် မော်လမြိုင်မြို့၊ FC Express အမြန်ချောပို့လုပ်ငန်း၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဒုဦးစီးမှူး ဦးနိုင်လင်းထက်က အွန်လိုင်းစနစ်ရောင်းချခြင်း အတွက်အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်လိုကြောင်း၊ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းအကြောင်းအရာများနှင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိပြီးပါက လိုက်နာရမည့်တာဝန်များအကြောင်းကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
