သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့ မြို့မဈေးကြီးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော စစ်ဆေးရေးမှူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ ဒီဇင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် တောင်ငူမြို့ မြို့မဈေးအတွင်း ရောင်းချနေသော မုန့်ဟင်းခါးခြောက်များ၊ ပဲပြားများ၊ ဂျင်းများနှင့်  အသားတုများအား နမူနာကောက်ယူပြီး Mobile Laboratory ဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်းကိုဆောင်ရွက်ခဲ့ရာ ခွင့်မပြုဓါတုဆေးများ ပါဝင်ခြင်းမရှိကြောင်းကိုတွေ့ရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးကို အလေးထား၍ဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိ သောကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်းနှင့် ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

‌ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် အလက(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက် ကျော် (ဦးစီးမှူး)သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့်အတူ ကျောင်းသားကျောင်းသူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် အွန်လိုင်းတွင်ဈေးဝယ်ယူခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲအပြီးတွင် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်ပတ်သက်၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေး

               စားသုံးသူရေးရာဦးစီးဌာသည် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောပွဲများကျင်းပခြင်းအပြင် Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာသိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

           စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရွက်မှုများ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ အွန်လိုင်းတွင် ကုန်ပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ စိစစ်သင့်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းများဝယ်ယူခြင်းဖြင့် ရရှိမည့်အကျိုးရလဒ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များသို့သွားရောက်၍ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              တောင်ငူမြို့တွင် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးအရောင်းဆိုင် ၁၅ ဆိုင်ရှိပြီး အရောင်းဆိုင်များ၌ ယူရီးယား(လုံးကြီး)ဓါတ်မြေဩဇာ၊ Rock Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာနှင့် Di Ammonium Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာများကို ရောင်းချနေသည်ကိုတွေ့ရပြီး ကုမ္ပဏီမှ ဖြန့်ဖြန့်ဖြူးသည့် ဈေးနှုန်းအပေါ် သယ်ယူခပေါင်း၍ ၅ ရာခိုင်နှုန်းအမြတ်တင်ရောင်းချကြောင်း တွေ့ရပါသည်။

              ခရိုင်ဦးစီးမှူးသည် ဓါတ်မြေဩဇာများသည် တောင်သူလယ်သမားများ မဖြစ်မနေသုံးစွဲရသည်ဖြစ်ရာ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီရောင်းချရေး၊ တရားမဝင်ဓါတ်မြေဩဇာများ ရောင်းချခြင်းမပြုရေးတို့ကို ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် ဆန်၊ဆီ၊ကြက်ဥများ သက်သာဈေးနှုန်းဖြင့် ရောင်းချခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ကြက်ဥများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် နိုဝင်ဘာလ(၂၈) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှ စတင်၍နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် (၁၀.၁၂.၂၀၂၄) ရက်နေ့တွင် သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ သတင်းနည်းဌာနခွဲတာဝန်ခံ ဒေါ်ကြည်ကြည်ချို၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊စည်ပင်သာယာရေးအဖွဲ့တို့သည် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ဆန်၊ဆီ၊ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Golden Gate စားသောက်ကုန်လုပ်ငန်းအတွက်MSME ချေးငွေပံပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

             ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တ ကယ်လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြူနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(၃၈၃)၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေမြို့နယ်ရှိ  Golden Gate စားသောက်ကုန်လုပ်ငန်းအတွက် MSME လျှောက်ထားသည့် လုပ်ငန်းရှင်အား  ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံပိုးပေးနိုင်ရေး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီး ကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန စသည့်သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပေးရှင်းလင်းပြောပြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား (၁၀.၁၂.၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ စစ်ဆေးခဲ့ကြရာ၌ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

               မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသောဆန်ဈေးနှုန်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လက်ထောက်ကြီးကြပ် ရေးမှူး) နှင့်တာဝန်ရှိဝန်ထမ်းများက ၇.၁၂.၂၀၂၄ ရက်နေ့တွင်  မြောက်ဥက္ကလာပမြို့နယ်၊ (10) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၃)ဆိုင်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၀း၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်လွင်ဆန်ဆိုင်၊ သခင်ကိုယ်တော်မှိုင်းလမ်း၊ မကျီးကန်ရပ်ကွက်ရှိ ဒေါ်မော်မော်ဆန်ဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပဒေသာ ဆိုင်အမှတ် (၁)၊ ဦးမြင့်ထူးဆန်ဆိုင်၊ အပြင်တန်း ဆိုင်အမှတ် (၂/၃) ဒေါ်သန္ဒာဟန်ဆန်ဆိုင် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ယခုအချိန်သည် မိုးစပါးများ စတင်ရိတ်သိမ်းခြွေလှေ့ပြီး ဆန်သစ်များ စတင်ပေါ်လာနေပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရေန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ လစဉ်ထုတ်ပေးလျက်ရှိရာ မိမိတို့အနေဖြင့်လည်း သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်- ၃၄/၃၆/ ၃၇ ၊ ရုံ-၁ မြို့မဈေးကြီးရှိ ဒေါ်ခင်လေးဆန်ဆိုင်၊ အဆောင်(၂)၊ ဆိုင်အမှတ်-၂၁/၂၂/၂၃၊ မြို့မဈေးရှိ ကျော်/ပိုဆန်ဆိုင်၊ A-1၊ ပွဲရုံလမ်း၊ အနောက်ဘက်ထိပ်၊ မြို့မဈေးကြီးရှိ ထိပ်တန်းဆန်ဆိုင်များတွင် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ယခုအချိန်သည် မိုးစပါးများစတင်ရိတ်သိမ်းခြွေလှေ့ပြီး ဆန်သစ်များစတင်ပေါ်လာနေပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ လစဉ်ထုတ်ပေးလျက်ရှိရာ မိမိတို့အနေဖြင့်လည်း သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ