
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.မ.က (ယွန်း)မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော မုန့်မျိုးစုံအရောင်းဆိုင်များအား (၅.၇.၂၀၂၆) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် မြို့နယ်ကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်စျေးတန်းတွင် ကလေးသူငယ်များစားသုံးရန် မသင့်သောမုန့်များ မရောင်းချရန်နှင့် အမျိုးမျိုးပြုပြင်ထုတ်လုပ်ထားသောအချိုရည်များ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
