သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်၂၅နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

        မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန်ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ နောက်ဆုံးတင်သော စာရင်းအရ  ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၈၇၀၀၀၀ တင်း၊ ဆန် ၂၉၅၀အိတ်၊  စက်ပိုင် စပါးတင်း ၁၉၃၅၀၀၀တင်း၊ ဆန် ၇၀၃၀အိတ်၊  ကုန်သည် စပါးတင်း ၅၁၅၀၀၀၊ ဆန် ၁၈၀၀ အိတ်၊ ဆန်ဆိုင် ၇၅၀၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၅၇၈၅၀၀  နှင့်၊ ဆန် ၁၉၂၀၀ အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်း စစ်ဆေးခြင်းစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပဲကြာဆံနှင့် ဆန်ကြာဆံ ထုတ်လုပ်နိုင်ရေး တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၂.၂၀၂၆) ၊ နံနက် (၉:၃၀) အချိန်တွင် နိုင်ငံတော်ယာယီသမ္မတ ခရီးစဉ်တွင် ပြည်ခရိုင်အတွင်း ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်တို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက်အရ ပန်းတောင်းမြို့နယ်မှ ထွက်ရှိသည့် ပဲနှင့် ဆန်များကို အသုံးပြု၍ ပဲကြာဆံနှင့် ဆန်ကြာဆံမျာကို ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှုအပေါ် ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနမှ ဦးဆောင်၍ ပြည်ခရိုင်ဦးစီးမှူး၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် လုပ်ငန်းရှင်များမှ Zoom ဖြင့်လည်းကောင်း၊ ခရိုင် FDA ဌာန၊ အသေးစားစက်မှုလက်မှုဌာန၊ စက်မှု ကြီးကြပ်ဌာန၊ ပြည်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ ဆန်စပါး၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် များနှင့် ပဲကြာဆံရောင်းဝယ်သည့်လုပ်ငန်းရှင်များ မုန့်ဖတ်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ စသည်တို့မှ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံ၍လည်းကောင်း ဆွေးနွေးခဲ့ရာ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ပဲကုန်ကြမ်းမှ ပဲကြာဆံထုတ်လုပ်ပုံအဆင့်ဆင့် ထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် အကျိုးအမြတ်၊ ဈေးကွက်အခြေအနေများ၊ မြေနေရာရရှိမှုနှင့် MSMEs ချေးငွေရရှိမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ရေဆိုးစွန့်ထုတ်မည့်အခြေအနေများ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ ပြည်မြို့နယ် ပဲကြာဆံကုန်သည်တစ်ဦးမှ မြေနေရာနှင့် MSMEs မတည်ရင်းနှီးငွေအား နိုင်ငံတော်မှ ပံ့ပိုး ပေးမည်ဆိုလျှင် ပဲကြာဆံထုတ်လုပ်သည့်လုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ပထမအပတ်စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၂-၂-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့အတွင်းရှိ ဆန်ဆိုင်ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရောင်းချနေသော လက်လီ ဆန်ရောင်းချသူ လုပ်ငန်းရှင်များကို မှာကြားဆွေးနွေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  မြန်မာဆန်စပါး အသင်းချူပ်မှ ထုတ်ပြန်ပေးထားသော လစဉ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးကွက်အတွင်း ရောင်းချနေမှုကို စစ်ဆေးဆောင်ရွက်ခြင်း ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင်မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များအနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်ဆိုင်များ သက်တမ်းတိုးခြင်း သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေသက်တမ်းတိုး ဆောင်ရွက်ရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်ဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်းရောင်းချနေကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့  ၃-၂-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ဇော်ဦး (စားသုံးသူရေးရာဦးစီးဌာန)မှ စစ်ဆေးရာ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်း၊   စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးရာ ရောင်းချခွင့်လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှစစ်ဆေးရာ သက်တမ်းကျော်လွန်နေသောပစ္စည်းများအား တောင်သူများကို ရောင်းချမှုမရှိစေရေး စစ်ဆေးမှာကြားခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများ ထပ်ဆောင်း၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ပြန်လည်ရောင်းချစေရေး၊ တရားဝင်ကုန်စည်များ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကုန်စည်များကို ရောင်းချရန်နှင့်၊ ဆင်တူရိုးမှားအတုအပ ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro. com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၉ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်းဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃၁) နေ့နောက်ဆုံး ဆန်/ စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၅၁၈၄၃ တင်း၊  ဆန်အနေဖြင့် ၅၁၉၂ အိတ်၊  ကုန်သည် စပါးတင်း ၁၄၃၇၀၀၊ ဆန်အနေဖြင့်၊ ၉၉၅၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၉၉၇၇၊ ဆန်အနေဖြင့် ၅၁၇၀၀၂အိတ်၊ ဆန်ဆိုင်များမှ ၆၉၅၀အိတ်၊  စုစုပေါင်း စပါးတင်း ၂၃၃၆၂၅၀၊ ဆန် ၅၃၉၀၄၉ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ်နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန် စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် မျိုးစေ့ထုတ်နှင့်Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူတွေဆုံပွဲအခမ်းအနား

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မျိုးစေ့ထုတ်နှင့်Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူတွေဆုံပွဲအခမ်းအနားကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့က မအူပင်ခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များနှင့်အတူ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့သည်။

           အခမ်းအနားတွင် မအူပင်ခရိုင် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌမှ ပန်းတနော်မြို့နယ် စပါးစိုက်တောင်သူများနှင့် ဌာနဆိုင်ရာများအား ဟောပြောဆွေးနွေးရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကောင်းမွန်သော စပါးများကိုစိုက်ပျိုးပြီး အရည်အသွေးကောင်းမွန်သောဆန်များကို နိုင်ငံခြားသို့တင်ပို့နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး၊ စပါးစိုက်ပျိုးရန် လျာထားချက် ၁သိန်း စိုက်ပျိုးရမည်ဖြစ်ကြောင်း မအူပင်မြို့နယ်အနေဖြင့် စပါး ၂သောင်း စိုက်ပျိုးရန်၊ ပန်းတနော်မြို့နယ်အနေဖြင့် စပါး ၅ထောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသော စပါးမျိုးစေ့မျိုးသန့်များကို ကုမ္ပဏီများမှာ မျိုးသန့်စိုက်ပျိုးနိုင်ရေး ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာရှင်များမှ စိုက်ပျိုးစပါးများကို ကွင်းဆင်း ပညာပေးဆောင်ရွက်ပြီး ဆန်များကို နိုင်ငံခြားသို့ တင်ပို့နိုင်ရန် ဌာနဆိုင်ရာများ ကလည်း ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ စပါးမျိုးသန့် စိုက်ပျိုး နိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးဆောင်ရွက်မည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သုံးဆယ်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်း အသိပညာပေး ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးအနေဖြင့် သာယာ ဝတီခရိုင်အတွင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်များအား အများပြည်သူတို့ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးလျာထားချက်များ ချမှတ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့၊နံနက် (၉:၃၀) အချိန်တွင် ခရိုင်ဦးစီးမှူး၊ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သာယာဝတီခရိုင်၊သုံးဆယ်မြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံကျောင်းသို့ သွားရောက်၍စားသုံးသူ အသိ ပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

          ဆွေးနွေးဟောပြောပွဲတွင် သာယာဝတီခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ကုန်အညွှန်းအမှတ်အသား ရေးသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ၊နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ပြစ်မှု၊ပြစ်ဒဏ်များ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ အွန်လိုင်းမှ ဈေးဝယ်ခြင်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါဆွေးနွေးဟောပြောပွဲသို့စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးအပါအဝင်ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးတက်ရောက်ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၃  ရက်နေ့မှ ၁၉  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၈..၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းနောင်သည် သံဖြူဇရပ်မြို့နယ်ရှိ “Zue’s Floral” နှင့် “Mi Moe Thuzar Astrologer” အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ မြို့ပေါ်ရှိ‌ဆေးဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    ၆.၂.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပန်းကမ္ဘာဆေးဆိုင်၊ စိန်ဆေးဆိုင်၊ လင်းလက်ဆေးဆိုင်၊ အေးရတနာဖြိုး ဆေးဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာ ၎င်းဆေးဆိုင်များတွင် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးရောင်းချသည့်နေရာအကျယ်အဝန်း၊ ဆေးဝါးရောင်းချခွင့် လိုင်စင်၊ အလင်းရောင်နှင့် လေဝင်/လေထွက်၊ တိရစ္ဆာန်/ ပိုးကောင်များ ဝင်ရောက်နိုင်ခြင်း၊ သန့်ရှင်းမှု ရှိ/မရှိ၊ ဆေးဝါးရောင်းချမှုကို တာဝန်ယူကြီးကြပ် ရှိ/မရှိ၊ ဆေးဝါးလက်ခံ/ သိုလှောင်/ရောင်းချခြင်း ဆောင်ရွက်မှုသည် ဆေးဝါးအာနိသင် ပျက်ဆီးခြင်း ရှိ/မရှိ၊ တိရစ္ဆာန်သုံးဆေးဝါးများနှင့် လူသုံးဆေးဝါးများကို သီးခြားဆိုင်ခွဲ၍ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ