တားမြစ်အလှကုန်ပစ္စည်း  (၁၅၄) မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ခုနှစ် အောက်တိုဘာလက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း အမျိုးအစားပေါင်း (၁၅၄)မျိုးကို  FDA Myanmar မှ ထုတ်ပြန်တားမြစ်ကြော်ငြာထားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့နယ်တွင်းရှိ အလှကုန်အရောင်းဆိုင်များကို လစဉ်ဈေးကွက် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

        ၂၅-၁၁-၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဓနုဖြူမြို့နယ်မှ ဦးခိုင်လွမ်းမိုးနှင့် ပူးပေါင်းအဖွဲ့သည် နံနက် (၁၀း၀၀)နာရီအချိန်က အလှကုန်နှင့် စတိုးဆိုင် ၆ ဆိုင် မှ ရောင်းချသောအလှကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း မရှိ အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်နှင့် Online Shopping ဖြင့်ရောင်းချသူများသည် မှတ်တမ်းတင်ထားခြင်းမရှိသော  အများပြည်သူသုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ (Ethic) အရ မပြုလုပ်ရန်နှင့် ဓနုဖြူမြို့နယ်အလှ ကုန်ဈေးကွက်များအတွင်း မှတ်ပုံတင် Brand များကိုသာ ဈေးကွက်အတွင်းဦးစားပေးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။  အလှကုန်ရောင်းချသော ဆိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့် ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)