
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူငယ်အဆင့် အသိပညာပေးခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ လျာထားချက်များနှင့်အတူ ကျေးရွာများအထိ အလှည့်ကျ အသိပညာပေးဟောပြောဆောင်ရွက်လျက်ရှိပြီး ညောင်တုန်းမြို့နယ် ကဇန်းကျေးရွာ တွဲဘက် အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခြင်းကို ၂၄-၁၁-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ဟောပြောရာ ဌာနအဓိကလုပ်ဆောင်နေသော ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက် ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်နှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်း(၇)မျိုး ၊ Consumer Call Center (1535) အကြောင်းအရာများနှင့် www.doca.gov.mm တွင် ဇာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် လက်တလော ဖြစ်ပေါ်နေသည် လုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို သိရှိနိုင်ရန် လည်း ဝင်ရောက်ကြည့်ရှု့လေ့လာ နိုင်ကြောင်း ဟောပြောဆွေး နွေးခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ပါဝင်ဟောပြောခဲ့ကြပြီး ကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
