
မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး’မှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူရေးရာဦးစီးဌာန နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်းပြီး မုန့်နှင့်ကုန် မျိုးစုံ ထုပ်လုပ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။
အဆိုပါ တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း ဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန် ၊ လုပ်ငန်းရှင်များမှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွန်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း တက်ရောက်လာ သူများ အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
