
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သူဌေးမစားသောက်ဆိုင်၊ ခရေစန်းစားသောက်ဆိုင်၊ KING STAR စားသောက် ဆိုင်သို့ (၁၄.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့ အဖွဲစုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ ရောင်းချသည့် အစားအသောက်များ၏အမျိုး အစားအလိုက်ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ / မရှိနှင့် စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန်သင့်/မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
