
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း သည် လက်ပံတန်းမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် လက်ပံတန်း မြို့အတွင်းရှိ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်ရှိ မြို့မ ဈေးအတွင်းရှိ ဆန်ဆိုင်သို့ သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူ ကြိတ်ခွဲ လျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၂၄) ပြည် တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။
DOCA(ပဲခူး)
