“ ကော့မှူးမြို့နယ်၌မြို့နယ်သမဝါယမဦးစီးဌာန၏သွင်းအားစုဖြင့်နွေစပါးစိုက်ပျိုးထားမှု အခြေအနေအားကွင်းဆင်းစစ်ဆေးခြင်း”

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲနွမ်းပါးမှုလျော့ချစေရန် ရည်ရွယ်၍ ကြာကန်ကျေးရွာအုပ်စု၊ ရေဖြူတွင်းကျေးရွာအုပ်စုတို့၌ မြို့နယ်သမဝါယမဦးစီးဌာန၏ သွင်းအားစုဖြင့်နွေစပါးစိုက်ပျိုအကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေအား ဖေဖော်ဝါရီလ (၁၉)ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူးဒေါ်စုစုထွေးနှင့် ဝန်ထမ်းများသည် ကြာကန်ကျေးရွာ၊ ရေဖြူတွင်းကျေးရွာအုပ်စု(၂)စုတို့မှ နွေစပါးစိုက်ပျိုးသည့် အသင်းဝင် တောင်သူ(၆၁)ဦးအား နွေစပါးစိုက်ဧက (၆၇၀)ဧကအတွက် သွင်းအားစုတန်ဖိုးငွေ (၁၃၄၀၀)သန်းဖြင့် စိုက်ပျိုးထားသော နွေစပါးများဖြစ်ထွန်းအောင်မြင်မှုအခြေအနေ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး နွေစပါးသီးနှံအား သတ်မှတ်ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးမှု အခြေအနေ နွေစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်အောင် တောင်သူတွေကြိုးပမ်းလုပ်ကိုင်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
DOCA(ရန်ကုန်)