
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပင်လုံမြို့၊ ကောင်းသန့် အလုပ်ရုံတွင် စားသုံးသူများ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ ပါသည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)
