သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများအား သင်တန်းပို့ချဟောပြောဆွေးနွေးခြင်း

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေဥပဒေအကြောင်း သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် Online မှရောင်းချရာတွင် Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြော သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online ဖြင့်ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှု များနှင့်ပတ်သက်၍ Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်နှင့် Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပို့ချဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်း ဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကာ သင်တန်းပို့ချမှုအား (၁၄း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်စနစ်ဖြင့် ရောင်းချပါက သတိထားနိုင်ရေး အသိပညာပေး

             စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများခိုင်မာတိုးတက်စေရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရန်တို့အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale)လုပ်ငန်း များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            တွေ့ဆုံဆွေး‌နွေးရာတွင် အွန်လိုင်းမှစျေးဝယ်ယူမည်ဆိုပါက သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်လျှောက် ထားရမည့်အကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သော အချက်အလက်များအကြောင်းနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အကြောင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

သရက်မြို့ဒေသန္တရဖွံ့ဖြိုးရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေး အတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန် ဆွေးနွေးပြောကြားခြင်း၊  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ အန္တရာယ်ကင်းသော အစားအစာများ ဖြစ်ပေါ် စေရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်(၅)ချက်အား ရှင်းလင်းပြောကြားပြီး ကျန်းမာရေး နှင့်ညီညွတ်သော အစားအစာများကိုသာ စားသုံးရန်ပြောကြားခြင်းနှင့် အသီးအနှံ၊ အသားငါး ရောင်းချသည့်ဆိုင်များတွင် ပလတ်စတစ်အိတ်အစား အင်ဖက်များကိုသာအသုံးပြုစေရန် ပြောကြား ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်၊ ရေနံ့သာကျေးရွာတွင် ဈေးကွက်မရောက်မီ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၃.၂.၂၀၂၅)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ကံမမြို့၊ ရေနံ့သာကျေးရွာရှိ YY အဆင့်မြင့်ပဲကြော် (အရန်သင့်အစားအစာ)ထုတ်လုပ်သည့်အလုပ်ရုံသို့ ကျေးရွာရပ်ကျေးစာရေးနှင့်ပူးပေါင်း၍ ထုတ်လုပ်သည့်ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကံမမြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချ ရမှုရှိစေရေးအတွက်  YY အဆင့်မြင့်ပဲကြော် လုပ်ငန်းထုတ်လုပ်သည့် လုပ်ငန်းရှင်အား ထုတ်လုပ် သည့်ကုန်စည်တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချ လာစေရေးနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြစေရေး၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြ ထားခြင်းမရှိသော ကုန်စည်များ ဖြန့်ဖြူးရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ် ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကံမမြို့တွင် Than Thar Trading Co.,Ltd မှ ပင်စင်စားများအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၁.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား လစာထုတ်ယူသည့်ကာလဝန်းကျင်တွင် စားအုန်းဆီများ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ရည်ရွယ်၍ သရက်မြို့ Than Thar Trading Co.,Ltd  လက်ခွဲကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင်မှ စားအုန်းဆီရောင်းချပေးနေမှုအား သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ အဖွဲ့စုံဖြင့်  ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သား ဘူးအပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၅၀) ဈေးနှုန်းဖြင့် ပိဿာ(၂၀၀)၊ စုစုပေါင်း ပင်စင်စား(၄၀၀)ဦးအား ရောင်းချခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

သရက်မြို့တွင် ဈေးကွက်မရောက်မီ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၃.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်မြို့၊ ဈေးရပ်ကွက်၊ ပရိက္ခရာလမ်းရှိ ကြယ်အမှတ်တံဆိပ် ဖြင့် ထုတ်လုပ်သော မလိုင်ခဲ(အသင့်စားမုန့်) အလုပ်ရုံအား သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ၎င်းလုပ်ငန်းရှင်အား ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ မိမိတို့၏ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁) တွင် ပါရှိသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ ပြည့်စုံမှုရှိ ကြောင်းတွေ့ရှိခဲ့ရပြီး ထိုသို့ပြည့်စုံစွာဖော်ပြခြင်းသည် စားသုံးသူတို့၏ ယုံကြည်မှု အပြည့်အဝရရှိမှု ခံစားရမည်ဖြစ်ပြီး မိမိတို့၏ လုပ်ငန်းများကိုလည်း ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့၊ မြို့မစည်ပင်ဈေးအတွင်း စားသောက်ကုန်များ စားသုံးရန်သင့်/မသင့် ပူးပေါင်းပါဝင်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပွင့်ဖြူမြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်မျိုး စုံအရောင်းဆိုင်(၄)ဆိုင်အား စားသောက်ကုန်များ နမူနာကောက်ယူ၍ စားသုံးရန်သင့်/မသင့် Mobile lab ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို ရှောင်တခင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပွင့်ဖြူမြို့၊ မြို့မစည်ပင်ဈေးရှိ  ကုန်မျိုးစုံအရောင်းဆိုင်(၄)ဆိုင်အား အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab ဖြင့် (ခြူးအိမ့်မှူး)အမှတ်တံဆိပ် ဝက်အူချောင်း၊  (ပြည့်စုံအောင်) အမှတ်တံဆိပ် လက်ဖက်၊ အမဲသွေး၊ ဆိတ်သွေးများအား နမူနာ ကောက်ယူ၍ ဆိုးဆေးနှင့် တာရှည်ခံဆေးများ ပါဝင်မှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ  (ပြည့်စုံအောင်) အမှတ်တံဆိပ် လက်ဖက်၊ အမဲသွေး၊ ဆိတ်သွေးများတွင် ဆိုးဆေးနှင့် တာရှည်ခံ ဆေးများ ပါဝင်မှုမရှိကြောင်းနှင့် (ခြူးအိမ့်မှူး)အမှတ်တံဆိပ် ဝက်အူချောင်းအား Mobile Lab ဖြင့် စစ်ဆေး၍မရသဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးတွင် စစ်ဆေးရန် ယူဆောင် သွားကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မှော်ဘီမြို့နယ်မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း များသည် ၂၅.၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ ကျန်းမာရေး ဉီးစီးဌာန၊ မှော်ဘီမြို့မဈေးစည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း ၍ မှော်ဘီမြို့မ ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ခွေးရူးပြန်ကာကွယ်ဆေးတရားမဝင်ရောင်းချ နေခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနသို့ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ဝန်ထမ်းများက ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ဆေးများကိုသာရောင်းချပေးရန်၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                                         

 

MSME အဖွဲ့ဝင်များဖြင့် UP (ရေသန့်)အရောင်းဆိုင် သို့ကွင်းဆင်းဆောင်ရွက်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME  အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ် လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေး စီမံ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ ပုစွန်တောင်ညွှန့် မြို့နယ် ရေကျော်လမ်းရှိ UP (ရေသန့်)အရောင်းဆိုင်သို့ (၂၄-၂-၂၀၂၅) ရက်နေ့ နေ့လည် ၁၅:00 နာရီတွင် MSME ဌာန မှ ဦးဆောင်၍ ပြည်တွင်းအခွန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ သမဝါယမဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ) တို့ပါဝင်သည့်အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးနွယ်က ယခုလုပ်ငန်း သည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၁)၊ ပုဒ်မ (၂၃)ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များ စားသုံးသူကာကွယ် ရေးဥပဒေပါ   အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                                         

MSME အဖွဲ့ဝင်များဖြင့် ပိုင်စိုး(အလှကုန်/လူသုံးကုန်လက္ကားရောင်းဝယ်ရေး)လုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME  အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့်ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ် လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြုနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ အမှတ်(အေ-၁/၁၁) ဂမုန်းပွင့် ပထမထပ်ရှိ ပိုင်စိုး(အလှကုန်/လူသုံးကုန်လက္ကား ရောင်းဝယ်ရေး)လုပ်ငန်းသို့ ၂၄-၂-၂၀၂၅) ရက်နေ့ နေ့လည် ၁၄:00 နာရီတွင် MSME ဌာနမှ ဦးဆောင်၍ ပြည်တွင်းအခွန်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ သမဝါယမဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးနွယ် (ဦးစီးအရာရှိ) တို့ပါဝင်သည့် အဖွဲ့ဝင်များမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးနွယ်က ယခုလုပ် ငန်းသည် လူသုံးကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                                         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ