သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူ မြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများ ကိုစားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

                                     

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၅၂)ပေပါ(သို့) (၅၇၂၀)ပိဿာရောက်ရှိမှု အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်        

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာနစားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံဦးဆောင်၍ ဝန်ထမ်းများသည် (မုံရွာမြို့) အစိုးရနည်းပညာအထက် တန်းကျောင်းတွင် နေ့လည်(၁၃း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာ ကျောင်းအုပ်ဆရာကြီးက နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၁၀)ဦး  တက်ရောက်ကြောင်း သတင်းရရှိပါသည်။

          အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိဒေါ်အေးမြင့်ငြိမ်းက ဝန်ကြီးဌာနအကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး‌ဟောပြောခဲ့ပြီး၊ စားသုံးသူတို့လိုက်နာရမည့်တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကြုံတွေ့လာပါက ဌာနသို့ဆက်သွယ် တိုင်ကြားနိုင်သည့်နည်းလမ်းအကြောင်း တိုင်ကြားမှုများကို လက်ခံညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုနှင့် ဖြေရှင်းပြီးစီးမှုအကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာများ  ဆွေးနွေးပြောကြားပြီး တက်‌ရောက်လာသူများမှ သိလိုသည်များအား ဦးစီးအရာရှိက ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း ညနေ (၁၅း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                                                                

ရက်ကန်းနှင့်သက်မွေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်      

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာနစားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံဦးဆောင်၍ ဝန်ထမ်းများသည် နေ့လည်(၁၅း၃၀)နာရီအချိန်တွင် (မုံရွာမြို့)ရက်ကန်းနှင့်သက်မွေးသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာသင်တန်းသူများ စုစုပေါင်း (၂၀)ဦး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးဥပဒပါ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ အကြောင်း၊ စားသုံးသူနစ်နာမှုများရှိပါက ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း နှင့် တိုင်ကြားမှုဖြေရှင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း များအကြောင်း ၊ စားသုံးသူတို့လိုက်နာရမည့်တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း၊ Consumer Call Center (1535) နံပါတ်ကို ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း စသည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး‌ဟောပြောခဲ့ပြီး၊ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဆက်လက်၍ တက်‌ရောက်လာသူများမှ သိလိုသည်များအား ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေနွေး ခဲ့ကြပြီး စားသုံးသူအသိပညာပေးဟောပြောပွဲအခမ်းအနားကို ညနေ(၁၆း၃၀)အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                                                     

“ပြင်ဦးလွင်ရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး”

     ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၈)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော စိတ္တသုခ၊ဖိုးလမင်း၊လမင်းတစ်ရာ၊ယမင်း ဆေးဆိုင်များသို့စစ်ဆေးရာတွင် လုပ်ငန်းလိုင်စင် ရှိ/မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချမှုရှိ/မရှိ သောက်ဆေးအမျိုးမျိုး၊လိမ်းဆေးအမျိုးမျိုး၊တိုင်းရင်းဆေး အမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ကြိုတင် သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်း များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့နယ်၊ သပြေသာကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ()ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ သပြေသာ ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပြုလုပ်ခဲ့ပါသည်။ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူကာကွယ် ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူ များ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့် (1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြား နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ကျေးရွာသူ/ ကျေးရွာသားများစုစုပေါင်း(၁၀၀)ဦး တက်ရောက် ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေသဖန်းအမှတ်တံဆိပ် စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသားနှင့်အသားထွက် ပစ္စည်းအမျိုးမျိုးတွင်  ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ သောက်ရေသန့်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ  Golden Future သောက်ရေသန့်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ပြင်ဦးလွင် မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော ဆိုင်များသို့ အသိပညာပေးဟောပြော”

        ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စက်တင်ဘာလ(၉)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြို့မဈေးကော်မတီရုံးခန်း၌ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အဖွဲ့တို့နှင့်ပူးပေါင်းပြီး ဈေးအတွင်းရှိ အလှကုန်ပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီး ဌာန တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်မှ အလှကုန် ပစ္စည်းများ နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အရည်အသွေးကောင်းမွန်ရေး ၊ အကျိုးအာနိသင်ကောင်းရရှိနိုင်သောအလှကုန်ပစ္စည်းများရွေးချယ်ရောင်းချစေရေး အချက်များအား ဆွေးနွေးခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်ထူးမှ အလှကုန်ပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင် များအားမိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြထားရန် လိုအပ်ကြောင်းနှင့် ကုန်ပစ္စည်းများအား Online မှတစ်ဆင့် ရောင်းချသည့်အခါ www.ecomreg.gov.mm Online Registration လျှောက်ထားဖို့ လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည် ။ ၄င်းအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့ ရွှေဂူ မိဘမဲ့ပရဟိတစာသင်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ရွှေဂူမိဘမဲ့ပရဟိတစာသင် ကျောင်းတွင် (၅.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ခရိုင်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီး အရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများ ကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် အကြောင်းအရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့်ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်း ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်း ဆွေးနွေးရာ ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟော ပြောပွဲသို့ ဆရာ/ ဆရာမ(၉)ဦး၊ ကျောင်းသား/ကျောင်းသူ(၃၅၀)ဦး၊ စုစုပေါင်း(၃၅၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ